Subscribe to our RSS Feed

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး ပြည်ပအကူအညီဖြင့် နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားမည်

From : မြဝတီသတင်း

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးအား ပြည်ပအကူအညီ ဖြင့် နိုင်ငံတကာအဆင့်မီသော အဝေး ပြေးလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်မှု များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ပြောကြားချက်အရ သိရသည်။

အမြန်လမ်းမကြီးသည် လမ်းအင်္ဂါ ရပ်များ၊ စံနှုန်းများနှင့် လျော်ညီမှုမရှိသေး သော်လည်း ခရီးသွား ပြည်သူများ လွယ်ကူ လျင်မြန်ချောမွေ့စွာ သွားလာ နိုင်ရေး အတွက် ဖွင့်လှစ်ပေးခဲ့ရာ အဝေးပြေး အထူးအမြန် လမ်းမကြီးများနှင့် ထိတွေ့မှုအား နည်းနေခြင်းအပြင် ယင်းကဲ့သို့ လမ်း အင်္ဂါရပ်များနှင့် လျော်ညီရန် လိုအပ် နေသေးသည့်အတွက် မကြာခဏ ယာဉ်မတော်တဆ မှုများလည်း ဖြစ်ပေါ်လျက် ရှိသည်ဟု သိရသည်။

ယင်းကြောင့် လမ်းအင်္ဂါရပ်များနှင့် လျော်ညီစေရေး၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုရှိ စေရေးအတွက် အဆိုပါ လမ်းမကြီးအား နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ရန် အတွက် ပြည်ပအကူအညီများဖြင့် ဆောင်ရွက်သွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အင်ဂျင်နီယာမှူး (လမ်း)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ လမ်းမကြီး၏ နည်းပညာ အားနည်း ချက်များရှိနေသည့်အတွက် အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း အမေရိကန်သမ္မတ မစ္စတာဘားရက် အိုဘားမားနှင့်တွေ့ဆုံစဉ် အကူအညီများ တောင်းဆို ခဲ့သည်ဟု သိရသည်။

ကွန်ကရစ် အမြန်လမ်းမကြီးအား ပြည်ပ အကူအညီဖြင့် အဆင့်မြှင့် တင်မှုများ ဆောင်ရွက်ရာ တွင် လျာထားမှုမှာ မူလက တစ်ဖက် လေးလမ်းသွား လမ်းမကြီးမှ ပထမအဆင့်အနေဖြင့် တစ် ဖက်နှစ်လမ်းသွား လမ်း အဖြစ်သာ ဆောင်ရွက် ထားခဲ့မှုကို တစ်ဖက်လေးလမ်းသွားလမ်းမှ ခြောက်လမ်းသွား၊ ရှစ်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ဆောင်ရွက်ခြင်း၊ နိုင်လွန်ကတ္တရာ A.C ထပ်ပိုးလွှာခင်းကျင်းခြင်း၊ အမြန်လမ်းမကြီး တစ်လျှောက် လမ်းအင်္ဂါရပ်နှင့် အညီ အန္တရာယ် ကာကွယ်တန်း Guardrail များ တပ်ဆင်ခြင်းဖြင့် ယာဉ် သွားလာ ထိန်းချုပ်မှု စနစ်အား နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိ ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အမြန်လမ်းမကြီးကို ၂ဝဝ၅ ခုနှစ် အောက်တိုဘာလက စတင် ဖောက်လုပ်ခဲ့ခြင်းဖြစ် ပြီး ရန်ကုန်-နေပြည်တော် လမ်းပိုင်းကို ဦးစွာ ဖွင့်လှစ်ပေးခဲ့သည်။ ရန်ကုန်-နေပြည်တော်နှင့် ရန်ကုန်-မန္တလေးဟူ၍ လမ်းပိုင်းနှစ်ပိုင်း ပါဝင်ကာ စုစုပေါင်းလမ်းမိုင်မှာ ၃၆၅ မိုင်ခြောက်ဖာလုံ ရှည်လျားသည်။




မြဝတီသတင်း
  
 www.MyanmarExpress.net
 

5 comments:

လုပ်ကြပါဦး ဗျာတို့ရယ်
နိုင်ငံတကာ အဆင့်မီ ဆိုတဲ့ဟာကြီးကို သုံးဘူးချင်ပါသေးတယ်

. . .

သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင် တိုက်တိုက်ဆိုင်ဆိုင်

ရန်ကုန်နဲ့မန်းလေးနဲ့နေပြည်တော်မှာပဲလူတွေနေတာကျနေတာပဲ

ရန်ကုန်နဲ့မန်းလေးနဲ့နေပြည်တော်မှာပဲလူတွေနေတာကျနေတာပဲ

ပြောလည် ပြောချင် စရာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်