Subscribe to our RSS Feed

ရှမ်းတိုင်းရင်းသားပါတီများ ပေါင်းစည်းရန် ရှမ်းပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံ

From :7day

ရှမ်းတိုင်းရင်းသားနိုင်ငံရေးပါတီများ ပေါင်းစည်းရန်အတွက် ရှမ်း ပြည်သူလူထု၏ သဘောထားစစ်တမ်းကို ကောက်ယူရာ ၉၀ ရာခိုင် နှုန်းကျော် ထောက်ခံခဲ့ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြောသည်။

““ကျွန်တော်တို့ဆီ သဘော ထားတွေပို့ထားတာရှိတယ်။ သဘောထားတွေကတော့ ပေါင်း စည်းချင်တဲ့ဆန္ဒရှိတယ်””ဟု
၎င်းကဆိုသည်။ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပခဲ့သည့် ရှမ်းတိုင်းရင်းသားအဖွဲ့ ပေါင်းစုံပါဝင်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲမတိုင်မီ ရှမ်းပြည်သူလူထုထံမှ စစ်တမ်းများ ကောက်ယူခဲ့ခြင်းဖြစ် ကြောင်း ရှမ်းအမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်း ညွန့်လွင်ကပြောသည်။

““အခုလောလောဆယ်က တော့ အခြေခံဥပဒေကို ဘယ်လို
ပြင်မလဲဆိုတာလည်း မသိဘူး။ အဲ ဒီတော့ အခြေခံဥပဒေကို ပြင်ဖို့ ရယ်
PR စနစ် သွားမလားဆိုတာ စောင့်ကြည့်ပြီးမှ ပေါင်းကြမှာပါ”” ဟု ဦးခွန်ထွန်းဦးကပြောသည်။

ရှမ်းတိုင်းရင်းသားအဖွဲ့ ပေါင်းစုံပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါတီပေါင်းစည်း ရေးအတွက် တူရာကဏ္ဍများတွင် ပေါင်းစပ်လုပ်ကိုင်သွားရန်
ဆွေး နွေးခဲ့ကြောင်း၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ဆောင် ရွက်ရမည့် အကြောင်းအရာများ ကိုလည်း အသေးစိတ်ဆွေးနွေးရန် ရှိကြောင်း ယင်းဆွေးနွေးပွဲသို့ ရှမ်း တိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ ကိုယ်စားတက်ရောက်ခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်ကပြောသည်။

လက်ရှိအချိန်တွင် ရှမ်းတိုင်း ရင်းသား နိုင်ငံရေးပါတီများမှာ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ၊ တိုင်လိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ ဖြစ်သည်။၁၉၉၀ ရွေးကောက်ပွဲတွင် ရှမ်းအမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြီးလျှင် တိုင်းရင်းသား ပါတီများအနက် မဲအများဆုံးရရှိ သောပါတီဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည်၂၀၁၀ ရွေး ကောက်ပွဲတွင်
ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီး(သို့မဟုတ်)
ပြည်နယ်လွှတ် တော်များအတွက် လွှတ်တော် ကိုယ်စားလှယ် ၅၇ ဦး အနိုင်ရရှိခဲ့သည်။

  Myanmar Express

1 comments:

နိုင်င့ရေးလုပ်တာ ပဲထုတ်ဖို့ပါခင်ဗျ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်