Subscribe to our RSS Feed

ရဟန်းတော်တွေလဲ နိုင်ငံရေး လုပ်ခွင့်၊ ဆန္ဒပြခွင့် ရှိပါတယ်.... ဒါပေမဲ့..

From :James Mint 

ရဟန်းတွေ နိုင်ငံရေးလုပ်ခွင့်မရှိဘူး ရှိတယ်ဆိုပီး ငြင်းနေကြာတာနဲ့ ပါတ်သက်လို့ပါ.... လုပ်ခွင့်ရှိတယ် ဆိုတဲ့လူကလည်း သာသနာ့ အာဇာနည် ဆရာတော် ဦးဥတ္တမတို့ ဦးဝိစာရတို့ကို ထုတ်ပြကြတယ်။ မကျေလည်ရင် ဒီဆြတော်တွေပါ သွားပြောပေါ့.... ဟုတ်ပါတယ် ကောင်းပါတယ်... ဒါပေမဲ့ ကြည့်လုပ်ကြပါဦး ဆရာတို့ရယ်... ကိုယ်မြှောက်ပေးတဲ့ ဇာတ်က ဒီတစ်ဇာတ်ထဲမဟုတ်ဘူးဆိုတာ မမေ့စေချင်ဘူး.... နောက်တစ်ခုက နိဗ္ဗာန်တံခါး ခုချက်ခြင်း ဖွင့်၊ သောတပန်အဆင့် ခုချက်ခြင်းပေး ဆိုသလိုဖြစ်နေသလားလို့......

ရဟန်းတွေလဲ ပုထုဇဉ်ပဲ လုပ်ချင်ရာလုပ်ပိုင်ခွင့်ရှိတယ် ဆိုပီး ဇောင်းပေးလုပ်ချလာမှဖြင့် ခက်ကုန်ရော့မယ်။ မလုပ်နဲ့လို့လည်း သွားတားလို့မရ အရင်တုန်းက ဒေ၀ဒတ်ကဘယ်သို့ ဘယ်ချမ်းသာ၊ ဦးလာဘကဖြင့် ဘယ်လိုပုံ လူတွေသတ်စားခဲ့တာနဲ့ သူတို့လည်း ဥပမာ ဥပမေးယျတွေနဲ့ ကိုင်ထုတ်လာမယ်ဗျ နော်။ ဟုတ်ပါတယ် နောက်ခံအခြေအနေ ဖြစ်ပျက်ပုံအနေအထား မတူပါဘူး။ ဒါပေမဲ့ ဆွဲဆက်ပီး ရောထွေးတတ်တာ ကျုပ်တို့လူမျိုး ၀ါသနာတွေလေဗျာ။ ရှိပါသေးတယ် ရဟန်းအခြင်းခြင်း မနာလိုစိတ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ သက္ကတာဂါမ်အဆင့်ကနေ မတက်နိုင်လို့ မာန်ချ ရှိခိုးခဲ့ရတာတွေ။ ကိုယ်တွေက ကောင်းတာကို လက်ညှိုးထိုးပေမဲ့ မကောင်းတာကို ဥပမာ ယူကုန်ကြမှာကိုလည်း မမေ့အပ်ဘူးဗျ။ ကိုယ်မြှောက်ပေးနေတာ ထောက်ခံနေတာဟာ လမ်းလွဲမသွားဖို့လည်း လိုတယ်ဗျ။

နောက်တစ်ခုက အခုဆန္ဒပြတဲ့ ရဟန်းတော်တွေကို မျက်စိမှိတ်ထောက်ခံဖို့ တိုက်တွန်းနေတဲ့ ပုဂ္ဂိုလ်များကိုလည်း ပြောချင်တာက အခု ဆရာတော်တွေ ဟောနေတဲ့ ငြိမ်းချမ်းရေး တရားတော်မှာ စစ်သားတွေ၊ ရဲသားတွေကိုပဲ ဟောပြောနေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို စိုးစဉ်းမျှ ဖြောင်းဖြခြင်းမတွေ့သေးတာကို ထောက်ပြပေးစေချင်တယ်။ အဲ့ဒိတော့ ကိုယ်တော်တို့ကို တစ်ခုတောင်းဆိုချင်တယ်ဘုရာ့..... ကေအိုင်အေတို့ကိုလည်း ငြိမ်းချမ်းရေး တရားသွားဟောပေးပါလို့.... စစ်ဘီလူးတွေတောင် နားချဖို့ ကြိုးစားရင် စစ်ဘီလူးမဟုတ်တဲ့ သူတို့ကိုလည်း တရားဟောပေးပါဦး.... စစ်ဆိုတာ နှစ်ဖက်ရပ်မှ အပစ်ရပ်တာလေ... တစ်ဖက်တည်း ရပ်လို့မှ မရတာ.... မြတ်စွာဘုရားလက်ထက်ကတောင် ဆွေမျိုးတော်တွေ ဖြစ်မဲ့ စစ်မက်ကို နှစ်ဖက်စလုံးကို မီးမိုး ရေမိုးရွာပီး တန်းခိုး ပြဋိဟာ ပြ အကျွတ်တရား ဟောသေးတယ်လေ......

ဒီနေရာမှာ သာသနာ့ အာဇာနည်ဆိုတဲ့ စကားနဲ့ ပါတ်သက်လို့ ပြောပါရစေဦး။ မြန်မာနိုင်ငံမှာ ရဟန္တာပုဂ္ဂိုလ်ထူးတွေ တစ်ပုံတစ်ပင်ရှိပါ့။ ဒါပေမဲ့ သာသနာ့အာဇာနည်မဖြစ်ခဲ့ဘူးဗျ။ သာသနာတော်ပြန့်ပွားအောင်၊ သာသနာတော်သိက္ခာ မညှိုးနွမ်းအောင်၊ သာသနာတော် အစော်ကားမခံရအောင် စွမ်းစွမ်းတမံ ကြိုးစားစောင့်ရှောက်ကြတဲ့ ဆရာတော်မျိုးကို သာသနာ့အာဇာနည်လို့ ခေါ်တယ်ဗျ။ ဥပမာအနေနဲ့ ပေးရရင် မင်းကွန်းဆရာတော် ဘုရားကြီး၊ မိုးကုတ်ဆရာတော် ဘုရားကြီး၊ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး တို့ကို သာသနာ့ အာဇာနည်လို့ ခေါ်ဆိုသဗျ။ ရဟန်းတော်ဘ၀ကနေ လူပုဂ္ဂိုလ်တွေရဲ့ အလုပ်ကို လုပ်တဲ့ဆရာတော် တွေကို အာဇာနည်အရှင်သူမြတ်များလို့ ခေါ်တယ်ဗျ။ လောကီ အာဇာနည်နဲ့ လောကုတ္တရာ အာဇာနည်ကို ရောထွေးလို့မရဘူးနော်။

ဝိနည်းဆိုတာလည်း ရဟန်းတော်မှာ အများကြီးရှိတယ်။ သာသနာ့ဝန်ကို ထမ်းမှာဖြစ်တဲ့အတွက် အများသူငါ လောကီလူသားတွေလို နေခြင်သလို နေလို့မရအောင်၊ ကိုယ့်ကြောင့်၊ ကိုယ်ရုံထားတဲ့ သင်္ကန်းအရှိန်ကြောင့် စော်ကားမိတဲ့ သူတွေအပြစ်မဖြစ်အောင်၊ အကြည်ညိုမပျက်အောင်၊ သ့ဃာ့ ဂိုဏ်းကွဲ၊ သင်းကွဲ မဖြစ်ရလေအောင်၊ ကုန်ကုန်ပြောရရင် သံဃာအဖွဲ့အစည်း မပျက်စီးရလေအောင် မြတ်စွာဘုရားက ရေရှည်အကျိုးကို မျှော်ကိုးပြီး ချမှတ်ခဲ့တာပါ။ ရှေးယခင် ဘုရားအစဉ်အဆက်တောင် ဂေါတမ မြတ်စွာဘုရားလောက် သံဃာထုအပေါ်မှ ၀ိနည်းစည်းကမ်းတွေ ချမှတ်ခဲ့ခြင်း မရှိပါဘူး။ ဒါ့ကြောင့် အခြားသော အနောက်တိုင်း ပညာရှင်တွေကိုယ်တိုင် ထုတ်ဖော်ချီးကျူးရတာကတော့ ရဟန်းကြီး ဂေါတမဟာ လက်နက် ကိရိယာ တန်ဆာပလာ တစ်ခုမှ မပါပဲနဲ့ ယောက်ျားသားတွေကြီးရှိတဲ့ သံဃာဆိုတဲ့ အဖွဲ့အစည်းကို အုပ်ချုပ်သွားတယ်ဆိုတာ အလကားမဟုတ်ပါဘူး။ ဒီ ၀ိနည်းဆိုတဲ့စည်းကမ်းနဲ့ သိက္ခာပုဒ် အသွယ်သွယ်တွေကြောင့်ပါပဲ။

ဒီနေရာမှာ ရဟန်းတွေဟာ စောင့်နိုင်သမျှ ၀ိနည်းကို စောင့်ထိမ်းချင်း၊ ကျင့်ကြံနိုင်တဲ့ ဓုတင်ကို ဆောင်ခြင်းဟာ ရဟန်းကောင်း ရဟန်းမြတ်တို့ရဲ့ ကျင့်ကြံနိုင်မှု ဖြစ်ပါတယ်။ မကျင့်ကြံလို့လည်း ဘာမှတော့ မဖြစ်ပါဘူး။ သို့သော် ၀ိနည်းဆိုတာ စောင့်ထိမ်းရမယ်မှန်း သိရဲ့သားနဲ့ ချိုးဖောက်ရင် သာသနာ့ဝန်ထမ်းလို့ မမည်ပါဘူး။ ကျွန်တော် ပဇ္ဇင်းတက်တုန်းက ၀ိနည်းတွေ လေ့လာနေတုန်းက မသိတာတွေ ဆရာတော်ကြီးကိုမေးလို့ ဆရာတော်ကြီးရှင်းပြဘူးတယ်။ ငါ့တို့ ကျောင်းထိုင်ဆြတော်ကြီးက ပြောတယ် ဒီပဇ္ဇင်း ၀ိနည်းတွေ မေးလာရင် အကြောင်းထူး တစ်ခုခုတော့ ရှိပီကွ၊ ၀ိနည်းမေးတဲ့ ပဇ္ဇင်းဟာ ထွက်နည်း နှစ်နည်းပဲ ရှိတယ်။ လူထွက်ရင်ထွက် မထွက်ရင် တောထွက်တဲ့။ ဘာလို့လည်းဆိုတော့ ကျင့်ကြံဖို့ရာ အဲ့လောက်ခက်ခဲတယ် ဆိုတဲ့အတွက်ပါ။ သို့ဖြစ်တဲ့အတွက် ၀ိနည်းကို သာသနာ့ဝန်ကိုထမ်းကြတဲ့ ရဟန်းတော်များဟာ နိုင်သလောက်ကို ထမ်းကြပါတယ်။ တကယ့်ကို ရဟန်းအကျင့်ကို ကျင့်ကြံတဲ့ ဆြတော်တွေဟာ လူပရိတ်သတ်များပြားစွာ ဖူးမြှော်ခြင်း၊ လာဘ်လာဘ ပေါများခြင်းကို ရဟန်းစခန်းစဉ် ပေါက်မြောက်ရန်အားထုတ်မှုမှာ မာန်နတ်ရဲ့ အနှောင့်အယှက်တွေလို့ သတ်မှတ်ပါတယ်။ (ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများမှာကြည့်ပါ။)

သာမာန်ပုထုဇဉ် လူပုဂ္ဂိုလ်ဟာ အပြစ်တစ်ခုကို သိသိကြီးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်ရင် ဘယ်လိုသတ်မှတ်ကြသလဲ။ ဒီလိုဆိုရင် မြင့်မြတ်တဲ့ သာသနာ့နွယ်ဝင် ရဟန်းတော်တစ်ပါးဟာ ၀ိနည်းသိက္ခာပုဒ်တွေကို သိသိကြီးနဲ့ ထပ်ခါထပ်ခါ ကျူးလွန်တယ်ဆိုရင် ဘယ်လိုဆုံးဖြတ်ကြမလဲ။  ဒီနေရာမှာ သာသနာတော် ညှိုးနွမ်းမှာကို စောင့်ထိမ်းကာကွယ် စောင့်ရှောက်တဲ့ ရဟန်းတော်များဟာလည်း သာသနာ့အာဇာနည်ဆိုတာကို မမေ့သင့်ပါဘူး။

နောက်ဆုံးအနေနဲ့ကတော့ ရဟန်းတော်များ နိုင်ငံရေး မလုပ်သင့်တယ် လုပ်သင့်တယ် ဆိုတာ အငြင်းမပွားလိုပါဘူး။ လုပ်လည်းဖြစ်တယ် မလုပ်လည်းဖြစ်တယ်။ သို့သော် ကိုယ့်လိပ်ပြာကိုယ် လုံရပါမယ်၊ သင်္ကန်းအရေခြုံပြီး ခုတုံးလုပ်စားတာတွေ များလာမှာကို မလိုလားပါဘူး။ (အခုလက်ရှိ သင်္ကန်းကြီး တကားကားနဲ့ ဘောပွဲကြည့် လက္ဘရည်ဆိုင်ထိုင်၊ အရက်သောက်၊ မိန်းမလိုက်စား ပါရဇိကကံကြနေသော်လည်း သင်္ကန်းတန်းခိုးနဲ့ မိုက်လုံးကြီးနေတဲ့ ရဟန်းမဟုတ်တော့သော လူများလည်းပါဝင်ပါတယ်)။ ရဟန်းအလုပ် ရဟန်းလုပ်ပြီး လူအလုပ် လူလုပ်တာ ပိုကောင်းပါတယ်။ လူကနေ ရဟန်းအလုပ်လုပ်လို့ ဓမ္မာစရိယာ ဘွဲ့ရအဖြစ်က ထုတ်ပယ်လိုက်ရတာတွေ မမေ့သင့်ပါဘူး။ (ကြုံလို့ အဲ့ဒိဓမ္မာစရိယာရဲ့ တပည့်သားသမီး မြေးမြစ်တွေဟာ ထေရ၀ါဒနဲ့ မဟာယန ကြား ဗုဒ္ဓဘာသာတစ်ခုကို ထူထောင်ဖို့ လုပ်နေတယ်ဆိုတာလေး ပြောလိုက်ပါရစေ။ ၂၀၀၇ သံဃာအရေးအခင်းကြောင့် တရားဟောခွင့် ပိတ်ခံထားရပါတယ်လို့ ကြွေးကျော်နေတဲ့ နာမည်ကြီး ဆရာတော်တစ်ပါးပါ အပါအ၀င်ပါ။) အဲ့ဒိတော့ ရဟန်းက လူအလုပ်လုပ်တာကို မကန့်ကွက်ပါဘူး ဒါပေမဲ့ လှေနံနှစ်ဖက် နင်းလို့မရသလိုပဲ ရဟန်းက လူအလုပ် လုပ်လာရင် ရဟန်းလို ကိုးကွယ်ခံထိုက် မခံထိုက်ဆိုတာကိုတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုခဲ့ရင် ရဟန်းတော်ဆိုတဲ့ အခွင့်အရေးလုံးဝ ယူလို့မရတော့ဘူးဆိုတာ သိအောင်လို့တော့ ရှင်းပြလိုက်ပါတယ်။

ဒီမိုကရေစီ၏ အနှစ်သာရသည် သူတစ်ပါးအား ထိခိုက်ခြင်းအလျင်းမရှိပဲ မိမိ၏ သဘောထားအား ထုတ်ဖော်ပြောဆိုနိုင်သည် ဆိုတာပါတဲ့အတွက် ကျွန်တော့အယူအဆကို ရှင်းပြပါတယ်။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်၊ အကျိုးသင့်အကြောင်းသင့် ဝေဖန်နိုင်ကြပါတယ်။ ငါ့အယူမထောက်ခံလို့ ရန်သူဆိုတာမျိုးဆိုရင်တော့ ကိုယ့်ကိုကိုယ်လည်း အာဏာရှင်စာရင်းဝင်သွားပီဆိုတာ မမေ့လိုက်ပါနဲ့၊ ကျေးဇူးတင်ပါတယ်။

 As the Buddha said, according to the canonical scriptures

Now, Kalamas, don't go by reports, by legends, by traditions, by scripture, by logical conjecture, by inference, by analogies, by agreement through pondering views, by probability, or by the thought, 'This contemplative is our teacher.' When you know for yourselves that, 'These qualities are skillful; these qualities are blameless; these qualities are praised by the wise; these qualities, when adopted & carried out, lead to welfare & to happiness' — then you should enter & remain in them.
Myanmar Express 

18 comments:

ဒီမိုကရေစီနဲ့ဆိုဒီလူမျိုးကအဆင်မပြေဘူးနဲ့တူတယ်။ဘုန်းကြီးကျောင်းဘိနပ်ပြောက်ရင်ဆန္နပြမဲ့သဘောရှိတယ်။ဆယ်တန်းအောင်ဖို့မလိုဘူး၊အလိုက်ကန်းဆိုးသိဖို့နှလုံးသွင်းပါ။။။။။။

နိုင်ငံရေး လုပ်ချင်ရင် လူထွက်လိုက်

ခွေးပါးစပ်က နတ်ချီးထွက်သလိုဖြစ်နေတယ် စစ်ခွေးတွေရဲ့

အို...အရှင်ဘုရား သံဃာတော်များ တပည့်တော်တို့ကိုအုပ်ချုပ်သော မင်းအစိုး၇သည် အာဠာဝကဘီလူးကဲ့သို့ ဆိုးသွမ်းပြီး အဇာသတတ်ကဲ့သို့ မိုက်ရိုင်းနေရင်တောင် သနားသဖြင့်တပည့်တော်တို့ကိုတာ ကံ့ ကံ၏အကျိုးဖြင့် လိမ်မာယဉ်ကျေးအောင်ဆုံးမတော်မူပါ့ဘုရား။ တပည့်တော်တို့၏တိုင်းပြည်ဟာ ငရဲပြည်ထက်ဆင်းရဲပူလောင်နေရင်တောင် သနားသဖြင့်တပည့်တော်တို့ကို သီးခံခြင်းတရားတို့ကိုဟောကြား၍ အေးမြစေတော်မူပါ့ဘုရား။ အရှင်ဘုရားတို့ နိုင်ငံရေးလုပ်ပြီးတောင်းပေးသော ဒီမိုကရေစီကိုတပည့်တော်တို့မယူဝံ့ပါဘုရား။

ကံကံရဲ့အကျိုးပဲလေ
ဘာမှအစိုးရ စစ်ခွေး အပြစ်ပုံမနေနဲ့
မင်းတို့လုပ်ရပ်တွေနဲ့ထိုက်တန်တဲ့ရလဒ်ရနေကြတာပဲ
မြန်မာတွေတွေ့လိုက် ဟိုနေရာလန်းဒီနေရာလန်းပဲ
အိမ်မှာတစ်ယောက်မှ အလုပ်လုပ်ပုံမရဘူး
ဟိုပွဲဒီပွဲတက် ဟိုရုံးဒီရုံး

ဒီမိုသမားတွေကလည်း ဆဲဖို့ထက်ပိုပြီးဥာဏ်မရှိဘူး
ဒီကောင်တွေဆီက နည်းလမ်းကျကျလုပ်ဖို့ဘာမှထွက်မလာဘူး
ကလော်တုတ်ဖို့လောက်ပဲ ဥာဏ်ရှိတယ်
အောက်တန်းစားတွေ

တိုင်းပြည်တစ်ခုမှာ ရဲတို့ စစ်တပ်တို့ မရှိလို့ မရပါ။ မျက်ကန်းများကိုပြောချင်ပါတယ် ဒေါ်စုသမ္မတဖြစ်ရင် သူတို့အားလုံး သူတော်ကောင်းစိတ်တွေပြောင်းကုန်မှာလား ဒါမှမဟုတ်အားလုံးကို အလုပ်ထုတ်ပစ်မှာလား ပါတီတွင်းတောင် နိုင်အောင်မထိန်းနိုင်ပဲနဲ့ လက်နက်ကိုင်အဖွဲ့ အစည်းကြီးကို သူ့လက်ထက်ရောက်ရင် အားလုံးကောင်းသွားမယ်လို့ထင်နေကြတာ ဘယ်လောက်စဉ်းစားဥာဏ်နည်းရာရောက် သလဲ

နိုင်ငံရေးလုပ်ချင်မှတော့သင်္ကန်းဝတ်မနေနဲ့တော့

ကတုံး တုန်းပြီး သင်္ဏန်းခြုံတိုင်း ဘုန်းကြီး မဟုတ်ပါ...သာသနာရေးအတွက် တိုးတက်အောင် ကြိုးပမ်းအားထုတ်မှု့တော့ မရှိဘူး...အင်တာနက်မှာ ကျူဇတ်လေးတွေခင်းလိုက်..ညစာလေးစာလိုက်..၁/၂/၃ လုံးလေးတွေ ဒိုင်ကိုင်လိုက်..ညနေဆို အသုတ်လေးတွေလုပ်ပါအုံးဆိုပြီးဆိုင်တွေက မှာစားလိုက် ..ဒကာမလေးတွေနဲ့ တရားဟောလိုက်တာ ဗိုက်ကြီးလို့ယူလိုက်ရတဲံ သူတွေလည်း တပုံကြီးပါဗျာ..ဒီတော့ အစိုးရက လုပ်ရခက်အောင် ကတုံး တုန်းပြီး သင်္ဏန်းကို အကာအကွယ် ယူပြီးမလုပ်စားကြပါနဲံ ရ
ခိုင်က ဘုန်းကြီးတွေနဲ့ သွားပေါင်းပြီး သာသနာကို ကာကွယ်ပေးကြပါ
( သာသနာေ၇းကို ဆောင်ရွက်နေကြသော အရှင်သူမြတ်များအား ရှီခိုးပါသည် ဘုရား )

Think who is worng who is right if u eat daily rice peoples....

ဒီလိုလုပိချင်ရင်လူထွက်ပါ။တာဝန်အရ ရဲများလုပ်ပါစေ။အထိခိုက်မခံချင်ရင်တရားဥပဒေ အတွင်းမှာနေ။

လောကမှာအစစ်တွေထက်အတုအယောင်ဆောင်တွေကပိုများတယ်။ဘုန်းကြီးအတု နာမည်အတုတွေ။A1(M)အတုလည်းရှိတယ်။ပတ္တမြားမှန်ရင်နွှံမနစ်။ထို့ကြေင့်A1(M)အစစ်သည် ဘုန်းကြီးအတုB2(N)ရဲ့ညီမနှင့်ချောင်သာရောက်ရှိနေပြီးနာမည်ပြောင်းကင်မွန်းတပ်ပွဲကိုကျင်းပနေပါသည်။3.12.2012 ရက်နေ့က စပြီးပေါ်လာသမျှA1(M)သည်အစစ်မဟုတ်ပါ။ဘုန်းကြီးအတုB2(N)မှအမွယူထားခြင်းဖြစ်ပါသည်။

စစ်ခွေးပြေားတဲ့ကောင် မင်းကရော ဘာကောင်းလဲ ချီးစားပြီး
အတွေးအခ်ါနဲ့ နိုင်ငံ အုပ်ချုပ်ဖို့မစဉ်းစားနဲ့

သာသနာတော်မြတ်ကို ဘယ်ခွေးတိရစ္ဆာန်မှမဖျက်ဆီးနိုင်ပါ။လူဝတ်ကြောင်များကသာဖျက်ဆီးပါသည်။
ထိုသူများမှာB2(N)ဆိုသောဘုန်းကြီးအတုက ထိပ်ဆုံးပါသည်။ကလေကခြေဘဝကနေဘုန်းကြီးဝတ်ပြီးသံဃာတော်မြတ်တို့ရဲ့ဝိနည်းတော်များကိုမစောင့်ထိန်းပဲ သံဃာတော်များအားလမ်းပေါ်တက်ဆန္ဒပြရန်မြှောက်ထိုးပင့်ကော်ဆောင်ရွှက်နေပါသည်။
3.12.2012 မှစ၍A1(M)ဆိုသောcomment.သည်B2(N)ဆိုသောဘုန်းကြီးအတု၏လက်ရာများသားဖြစ်ကြောင်းအသိပေးအပ်ပါသည်။A1(M)အစစ်နှင့်လုံးဝ(လုံးဝ)မသက်ဆိုင်ပါ။

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

From : International news for myanmarတကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာထားကြပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွားပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက်ကတော့ အမျိုးသား တို့ ဆေးလိပ်သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှု ကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။   Myanmar Express 23Share on facebookShare on twitterShare on emailShare on print

8 comments:

တောသားကြီ3း December 2012 17:19အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:20အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:21အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။ReplyA 1(M)3 December 2012 22:33ဒီပညာပေးဆောင်းပါးလေးကိုခုအချိန်ကြမှဖတ်ရလို့ဝမ်းအရမ်းနည်းမိတယ်ဗျာ..ကျွန်တော့်ဘဝအတွက်အရာရာဟာနောက်ကျသွားပေါ့...ဒီလိုဗျကျွန်တော်ကခပ်ငယ်ငယ်၃တန်းကျောင်းသားလောက်တည်းကမိဘတွေကလည်းဆိုဆုံးမမှုမရှိတော့မိမဆုံးမဖမဆုံးမသားသမီးတို့ထုံးစံအတိုင်းစိုးချင်တိုင်းစိုး ပေချင်တိုင်းပေ တေချင်တိုင်းတေနေရာကနေဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်ခဲ့မိတော့တာပါပဲ ခလေးအရွယ်ပေမယ့်လည်းမိုက်ရိုင်းလွန်းတဲ့ကျွန်တော်အိမ်ပေါ်မှာပေါ်ပေါ်ထင်ထင်ဆေးလိပ်သောက်တာကိုအဖေအမေကဘာမှမပြောဘဲလျစ်လျူရှုနေကြပါတယ်သူတို့ကလည်းသူတို့ဘာသာနေ့စဉ်လိုအိမ်ပေါ်မှာဖဲဝိုင်းထောင်ပြီးပျော်ပျော်ပါးပါးဖဲရိုက်နေကြတာပါပဲဗျာ...ရပ်ကွက်ထဲကတခြားအိမ်တွေကလူတွေကလည်းကျွန်တော်တို့မိသားစုကိုအပေါင်းအသင်းမလုပ်ကြဘူးဗျ ကျွန်တော်တို့ကိုတော်တော်အထင်သေးကြပြီး ကျွန်တော်တို့ကြောင့်ရပ်ကွက်မသန့်ဘူးလို့ပြောနေကြတာ...အဲ့တော့အပေါင်းအသင်းမရှိတဲ့ကျွန်တော်ဟာဆေးလိပ်ကိုပဲအဖော်ပြုပြီးစွဲစွဲမြဲမြဲသောက်ခဲ့ရာကကျန်းမာရေးကချို့တဲ့ပြီးရှုနာရှိုက်ကုန်းဖြစ်လာတော့တာပါပဲအဆိုးဆုံးကတော့ဗျာယောင်္ကျားအင်္ဂါဇာတ်အလွန်တိုပြီးလူစဉ်မမှီတဲ့ဘဝကိုရောက်သွားတော့တာပါပဲ..အိမ်မှာဖဲလာရိုက်တဲ့လူကြီးတွေက တစ်ချို့ကကျွန်တော့်ကိုဂွေးတိုလို့ခေါ်ပြီး တစ်ချို့ကတော့ တစ်လက္မခွဲလို့ခေါ်ကြတော့တာပါပဲဗျာ သူတို့ပြောတဲ့အတိုင်းတကယ်လည်းတစ်လက္မခွဲနယ်ကုန်ပါပဲ...ခုတော့ဆေးလိပ်သောက်ခြင်းဆိုးကျိုးကြောင့်ငန်းငန်းတက်အိမ်ထောင်ပြုချင်ပေမယ့်လည်းစိတ်သွားတိုင်းကိုယ်မပါ လူစဉ်မမှီတဲ့ဘဝ အားမတန်လို့မာန်လျော့လိုက်ရပြီပေါ့ဗျာ...မွေးရာပါဖွားတော်ဖက်ကသေးပေါက်ဖို့တစ်ခုပဲအသုံးဝင်ပါတော့တယ်ဗျာ...အနာဂတ်လူငယ်များကျွန်တော့်လိုဘဝမျိုးမရောက်ရအောင်ဆေးလိပ်မသောက်ကြပါနဲ့လို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်ဗျာ။ ။ReplyRepliesAnonymous3 December 2012 23:39A 1(M) ခေါ် ဂွေးတို ခေါ် တစ်လက္မခွဲ လေးရေသေးပေါက်ဖို့ပဲအသုံးဝင်တော့လည်းသေးပဲပေါက်တော့ပေါ့ကွယ်...ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားးးးးးးးးးးးးးးး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်