Subscribe to our RSS Feed

သမ္မတကြီး ဦးသိန်းစိန် အာဆီယံ ခေါင်းဆောင်မှု ဖိုရမ်တွင် မိန့်ခွန်းပြောမည်


အာဆီယံ နိုင်ငံများ၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် အရပ်ဘက် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ ပါဝင်သည့် အာဆီယံ ခေါင်းဆောင်မှု ဖိုရမ်သို့ ကမ္ဘာ့ထိပ်တန်း တွေးခေါ် မြော်မြင်သူ စာရင်းတွင် ထိပ်ဆုံး နေရာ၌  ရရှိထားသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် တက်ရောက် မိန့်ခွန်း ပြောကြား သွားမည် ဖြစ်ကြောင်း ယင်းဖိုရမ်ကို ဦးစီး ကျင်းပသူ Dato Timothy Ongက ပြောကြားသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် "မြန်မာနိုင်ငံ ၏ စိန်ခေါ်မှု များနှင့် အခွင့်အလမ်းများ" ကို ပြောကြားမည်  ဖြစ်သည်။


"နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင် နေသော မြန်မာနိုင်ငံ အတွက် အရေးပါတဲ့ အချိန် ဖြစ်သလို အာဆီယံ အသိုက်အဝန်း အတွက်လည်း ပထဝီ နိုင်ငံရေးနှင့် စီးပွားရေး ပကတိ အခြေအနေ အရ ပူးပေါင်း ဆောင်ရွက် ရမယ့် အရေး ပါတဲ့ အချိန်ပါပဲ" ဟု Dato Timothy Ong က ဆိုသည်။

ယင်းဖိုရမ်ကို မြန်မာ နိုင်ငံရှိ ဆီဒိုးနား ဟိုတယ်တွင် ဒီဇင်ဘာ ၅ရက်မှ ၆ရက်ထိ နှစ်ရက်တိုင် ကျင်းပ သွားမည် ဖြစ်သည်။ ယင်းဖိုရမ်သို့ နောက် ငါးနှစ်တာ ကာလ အတွင်း အာဆီယံ အသိုက်အဝန်းကို ဦးဆောင်မည့် အတော်ဆုံးနှင့် အထက်မြက်ဆုံး လူငယ်နှင့် အမျိုးသမီးများ တက်ရောက်ပြီး အာဆီယံ ဒေသတွင်း အဓိက အရေးပါသော စီးပွားရေး၊ နိုင်ငံရေး၊ လူမှု အဖွဲ့အစည်း များနှင့် သက်ဆိုင်သည့် ကိစ္စရပ် များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း ယင်းဖိုရမ် ထုတ်ပြန်ချက် အရ သိရသည်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်