အမေရိကန်ပြည်ထောင်စု ကွန်နက်တီကပ်ပြည်နယ်
နယူတောင်းရှိ Sandy Hook မူလတန်းကျောင်းတွင် ဒီဇင်ဘာ ၁၄ ရက် (သောကြာနေ့)က
အကြမ်းဖက် ရမ်းကားပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မူလတန်းအရွယ် ကလေးငယ် ၂၀ ဦးနှင့်
လူကြီး ၆ ဦးသေဆုံးခဲ့ရသည်။
သေနတ်ဖြင့် ရမ်းကားပစ်ခတ်သူမှာ အသက် ၂၀ နှစ်အရွယ်ရှိ အဒမ်လင်ဇာ အမည်ရှိ လူငယ်တစ်ဦးဖြစ်သည်။ အဒမ်လင်ဇာသည် မူလတန်းကျောင်းတွင် ပစ်ခတ်မှုမကျူးလွန်မီ မိခင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ် နန်စီလင်ဇာကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ဒီဇင်ဘာ ၁၄ Sandy Hook အကြမ်းဖက်ပစ်ခတ်မှုတွင် ကျူးလွန်သူ အဒမ်လင်ဇာ၊ ၎င်း၏မိခင် နန်စီလင်ဇာနှင့် မူလတန်းကျောင်းတွင် သေဆုံးသူများ အပါအဝင် စုစုပေါင်း ၂၈ ဦးဖြစ်သည်။

www.MyanmarExpress.net
1 comments:
မေ ရိ ကန် နိုင် ငံ သား စောက် ရူး များ ဒီ က ခွေး များ အ ထင် ကြီး သွား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်