Subscribe to our RSS Feed

(၆၅)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြုချီးမြှင့်

From :မြဝတီ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၆၅)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ် များ အုပ်ဖွဲ့ပျံသန်းခြင်းနှင့် ကျွမ်းထိုးခြင်းများကို ကြည့်ရှု အားပေးစဉ်။ 

  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၆၅)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ် များ အုပ်ဖွဲ့ပျံသန်းခြင်းနှင့် ကျွမ်းထိုးခြင်းများကို ကြည့်ရှု အားပေးစဉ်။
 
နေပြည်တော် ဒီဇင်ဘာ ၁၅
(၆၅)နှစ်မြောက်  တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ လေတပ်စခန်း ဌာနချုပ်၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြု ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)  ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့် ဇနီးဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရသက်ဆွေနှင့် ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီးမြတ်ဟိန်းနှင့် ဇနီး  ဒေါ်ထွေး ထွေးညွန့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များ၊ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊  လေတပ်စခန်း ဌာနချုပ် အသီးသီးမှ ဌာနချုပ်မှူး များနှင့် ၎င်းတို့၏ ဇနီးများ၊  မိတ္ထီလာတပ် နယ်မှ တပ်နယ်မှူးနှင့် တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ (၆၅)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လေယာဉ်များ အုပ်ဖွဲ့ ပျံသန်းခြင်းနှင့် ကျွမ်းထိုးခြင်း များကို စတင်ကျင်းပ ပြုလုပ်ရာ ပထမ ဦးစွာ  စွန်ရဲ အုပ်ဖွဲ့ ခေါင်းဆောင် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းက  နိုင်ငံတော် အလံကို ချိတ် ဆွဲပျံသန်းပြီး  ကျန်တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စင်းက လိုက်ပါ ပျံသန်းပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား အရိုအသေ ပြုသည်။
ယင်းနောက် ကြိုးကြာအုပ်ဖွဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် သုံးစင်းက တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများကို  အသီးသီး ချိတ်ဆွဲပြီး အုပ်ဖွဲ့ပျံသန်းခြင်း၊ မုန်တိုင်း အုပ်ဖွဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းကို သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းစီတို့က လိုက်ပါပျံသန်းသည့် Composite Formation ခေါ်  အမျိုး အစား မတူညီသည့် ရဟတ်ယာဉ် သုံးစင်း အုပ်ဖွဲ့ပျံသန်းခြင်း၊ ရန်နိုင် အုပ်ဖွဲ့ လေ့ကျင့်ရေး လေယာဉ် ခြောက်စင်း Double Arrow ခေါ် မြားခေါင်း နှစ်ထပ် ပုံစံပျံသန်းခြင်း၊ ရဲခေါင် အုပ်ဖွဲ့ သယ်ယူ ပို့ဆောင်ရေး လေယာဉ်တစ်စင်းကို ဂျက်တိုက်လေယာဉ် နှစ်စင်းက ခြံရံလိုက်ပါ ပျံသန်းခြင်း၊ ရန်ရှင်းအုပ်ဖွဲ့ သယ်ယူ ပို့ဆောင်ရေး လေယာဉ်ကြီး တစ်စင်းကို ဂျက်တိုက် လေယာဉ် နှစ်စင်းက ခြံရံလိုက်ပါ ပျံသန်းခြင်း၊ သီဟအုပ် ဖွဲ့ဗုံးကြဲ တိုက်လေယာဉ် တစ်စင်း၊ ကြားဖြတ် တိုက်လေယာဉ် နှစ်စင်းနှင့် ဘက်စုံသုံး ဂျက်တိုက် လေယာဉ် နှစ်စင်းတို့က Composite For-mation ခေါ် အမျိုးအစား မတူညီသော လေယာဉ်များ အုပ်ဖွဲ့ပျံသန်း ခြင်း၊ ရာဇာအုပ်ဖွဲ့ ဘက်စုံသုံးဂျက် တိုက်လေယာဉ် ခြောက်စင်းက Shock Wave ခေါ်  တြိဂံ ပုံစံ အုပ်ဖွဲ့ပျံ သန်းခြင်း၊ Fan Break ခေါ်ယပ်တောင်  ပုံစံပျံသန်းခြင်းဟူ၍ အုပ်ဖွဲ့ရှစ်ခုမှ လေ ယာဉ် အမျိုးအစား ပေါင်း ၁ဝ မျိုး ပါဝင်သော စုစုပေါင်း လေယာဉ် ၃၄ စင်း တို့ဖြင့်  ပျံသန်း ပြသကြရာ  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ကြည့်ရှု အားပေး ကြသည်။
ဆက်လက်၍ လေယာဉ် ကျွမ်းထိုးပြမှုတွင် အမောင်းသင် လေယာဉ် တစ်စင်းဖြင့် Loop  ခေါ် နောက်ပြန်ကျွမ်း၊ Aileron Roll ခေါ် ဘေးလှိမ့်ကျွမ်း၊ Cuban (B)ခေါ် အင်္ဂလိပ် အက္ခရာရှစ် ပုံစံ နောက်ပြန်ကျွမ်း ၊ Split (S) ခေါ် အင်္ဂလိပ်အက္ခရာ  အက်စ်ပုံစံ ပြောင်းပြန်ကျွမ်း၊ Vertical Roll ခေါ် ဒေါင်လိုက် ဘေးလှိမ့် ကျွမ်း၊ Stall Tum ခေါ် ဒေါင်လိုက် နောက်သို့ ကွေ့ပြခြင်း၊ 4 Point Roll ခေါ် ဘေးသို့တစ်ချက်ချင်း  လှိမ့်ကျွမ်း ထိုးခြင်း၊ Clover Leaf ခေါ် လေးမွှာပေါင်း တစ်ရွက် သစ်ရွက်ပုံစံ ပုံဖော် ပျံသန်းပြခြင်း၊ Level (8) ခေါ် ရေပြင်ညီ အင်္ဂလိပ် အက္ခရာ ရှစ်ပုံစံ ကျွမ်း ထိုးပြခြင်းနှင့် Double Chandelle ပျံသန်းခြင်း များ ပြုလုပ်ပြသကြသည်။
ယင်းနောက် ဘက်စုံသုံး ဂျက်တိုက် လေယာဉ် တစ်စင်းက Aileron Roll ခေါ် ဘေးလှိမ့်ကျွမ်း ထိုးပြခြင်း၊ Cuban (B) ခေါ်    အင်္ဂလိပ်အက္ခရာရှစ်ပုံစံ ကျွမ်း ထိုးပြခြင်း၊ Loop ခေါ် နောက် ပြန်ကျွမ်း ထိုးပြခြင်း၊ Level (8) ခေါ် ရေပြင်ညီ အင်္ဂလိပ်အက္ခရာ ရှစ်ပုံစံကျွမ်း ထိုးပြခြင်း၊ 4 Point Roll ခေါ် ၉ဝ ဒီဂရီ ဘေးသို့ တစ်ချက်ခြင်း ကျွမ်းထိုး ပြခြင်း၊ Zoom Climb and Depioy Flare ခေါ် လေယာဉ်ကို ထောင်လျက် မီးရှူးများ ပစ်လွှတ်ခြင်းကို ပျံသန်းပြကြသည်။
ဆက်လက်၍ (၆၅)နှစ်မြောက်  တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနား အထိမ်း အမှတ်အဖြစ် ဇီဝိတဒါန ငှက်လွှတ်ခြင်း ဆောင်ရွက်ကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တစ်မျိုးလျှင်  ၆၅ ကောင်ဖြင့် ငှက်မျိုး ငါးမျိုး ပါဝင်သော စုစုပေါင်း ငှက်ကောင်ရေ ၃၂၅ ကောင် တို့အား ဘေးမဲ့ လွှတ်ပေး ကြသည်။
ယင်းနောက် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး အခမ်းအနား အောင်မြင်ခြင်း  အထိမ်းအမှတ် အဖြစ် မီးရှူးမီးပန်းများ ပစ်လွှတ်ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မောင်းနှင် ပျံသန်းခဲ့သော လေယာဉ်မှူး များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။
၎င်းနောက် Static Display  ပြကွက်  Zone I ရှိ တိုက်ခိုက်ရေး လေယာဉ်များအား လည်းကောင်း၊ Zone II ရှိ တိုက်ခိုက်ရေးနှင့် သယ်ယူ ပို့ဆောင်ရေး ရဟတ် ယာဉ်များအား လည်းကောင်း လှည့်လည် ကြည့်ရှုစဉ် ကာကွယ်ရေး ဦးစီးချုပ်(လေ)က တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)တို့ထံ အထိမ်းအမှတ် တံဆိပ်များ ပေးအပ် သည်။
ထို့ပြင် အခမ်းအနား တက်ရောက် လာကြသူများ ကလည်း Static Display ပြကွက်အတွင်း လှည့်လည် ကြည့် ရှုလေ့လာကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၆၅) နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဓာတ်ပုံပြခန်း၊ Mini Theatre နှင့် အမှတ်တရ အရောင်း ဆိုင်များအား   လှည့်လည် ကြည့်ရှုကြ သည်။
ဆက်လက်၍  နှစ်ပတ်လည်အထိမ်း အမှတ်  အမှတ်တရ ကိတ်မုန့်လှီးခြင်း အခမ်းအနားကို ရှမ်းတဲရိပ်သာ၌ ကျင်းပ ပြုလုပ်ရာ ရှေးဦးစွာ ကာကွယ်ရေး ဦးစီးချုပ်(လေ) က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် တပ်မတော် အရာရှိကြီးများ ထံ အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က အမှတ်တရ ကိတ်မုန့်အား လှီး၍  ဆုတောင်းကြပြီး အခမ်းအနား အစီအစဉ်အား ဆက်လက် ကျင်းပပြုလုပ်ကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေကြောင်း အတတ်သင် လေတပ်စခန်း၊ သင်တန်းကျောင်း အဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ စစ်အင်ဂျင်နီယာ ညွှန်ကြားရေး မှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဥာဏ်ထွန်းက အဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ ကာကွယ်ရေး ဦးစီးချုပ်(လေ)၊ စစ်ထောက်ချုပ်နှင့် တာဝန်ရှိသူတို့က ဖြည့်စွက် ရှင်းလင်း တင်ပြကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ လမ်းညွှန် မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။
 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်