Subscribe to our RSS Feed

မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်အာဏာရှင်အောက် သွတ်သွင်းခံရခြင်း ၁၂၇ နှစ်မြောက်နေ့

From : ရူပကလျာ

 

ဘာလိုလိုနဲ့ ၁၂နှစ်တောင်ပြည့်ပြီ။ ဗြိတိသျှ နယ်ချဲ့တွေ မြန်မာနိုင်ငံရဲ့ အရှင်နှစ်ပါးကို ငှက်ကလေးတွေလို ခေါ်ဆောင် သွားခဲ့တာ..
မြန်မာနိုင်ငံကို နယ်ချဲ့သိမ်းပိုက်ခဲ့တာ….
ဗြိတိသျှအင်ပါယာထဲကို သွတ်သွင်းဖို့တရားဝင် မကြေငြာသေးသော်လဲ တနိုင်ငံလုံးကို သိမ်းပိုက်ခဲ့တာ….
ဗြိတိသျှဆိုတဲ့ လူမျိုးတွေကို မြန်မာတွေ အင်မတန် မုန်းတီးဖို့  ဖြစ်လာတဲ့နေ့…
မြန်မာလိုသတ်မှတ်ထားတာက တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့…
ခရစ်သက္ကရာဇ်နဲ့ဆိုရင်တော့ ၁၈၈၅ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့………….
ထီးနန်းနဲ့နေခဲ့ရတဲ့မြန်မာတွေ……..
နယ်ချဲ့ရဲ့လက်အောက်မှာ….နှစ်ပေါင်းများစွာ…………………။

တချိန်က မြန်မာတွေမှာ အားကိုးရာ အရှင်နှစ်ပါး ရှိခဲ့ဖူးတယ်။ ဒါကို နယ်ချဲ့ဗြိတိသျှတွေက အကြောင်းပြချက်တခု ပေးပြီး အရှင်နှစ်ပါးကို ဖမ်းဆီးလို့ နိုင်ငံကို သိမ်းပိုက်ခဲ့တယ်။ သူတို့ပေးခဲ့တဲ့ အကြောင်းပြချက်က သီပေါဘုရင်ဟာ မင်းဆိုးတပါးမို့လို့ တဲ့။ သြော်… ဘုရင်ဆိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံကို သိမ်းပိုက်ခဲ့ကြတယ်။ ပြည်သူလူထုရဲ့ မျက်ရည်တွေကို မြင်လျက်နဲ့ အကြောင်းပြချက် လှလှကြီးပေးပြီး နှစ်ပေါင်းများစွာ ကျွန်ပြုခဲ့တယ်။ တကယ်တော့ အဲဒီ့ မင်းဆိုးဆိုတဲ့အကြောင်းပြချက်ရဲ့ နောက်ကွယ်မှာ မြန်မာနိုင်ငံရဲ့ သဘာဝအရ ကြွယ်ဝမှုတွေကို တပ်မက်တဲ့စိတ် ဖုံးကွယ်ထားခဲ့တာပေါ့။

အဲဒီ့အချိန်က မြန်မာနိုင်ငံရေးယဉ်ကျေးမှုအနေအထားကို မဖတ်ရှုဖူးလို့ပဲ ဖြစ်ဖြစ်၊ ဖတ်လျက်နှင့် ယခုခေတ်နဲ့ ကွာခြားမှုတွေ ရှိနေတာကြောင့် လက်မခံနိုင်တဲ့
အနေအထားမျိုးနဲ့ပဲ ဖြစ်ဖြစ် ဒီပို့စ်နဲ့ ပတ်သက်ပြီး အမြင်ကွဲပြားမှုများရှိနေနိုင်ပါတယ်။ မဖတ်ရှုဖူးလို့ မသိသေးသူတွေအတွက်တော့ တင်ပြရေးသားပေးပါမယ်။
မြန်မာလူမျိုးတွေဖြစ်တဲ့ ဗြဟ္မာလူမျိုးများဟာ ပဒေသရာဇ်စနစ်အောက်မှာ အနည်းဆုံးအားဖြင့် နှစ်ပေါင်း ၁၇၀၀ ကျော် နေထိုင်ခဲ့တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။
မြန်မာဆိုတာ အနော်ရထာလက်ထပ်မှ စတင်ခဲ့တာ မဟုတ်ကြောင်းကိုတော့ သိပြီးကြလိမ့်မည်လို့ထင်ပါတယ်။ ဒါကြောင့် မြန်မာတွေဟာ ပဒေသရာဇ်စနစ်မှာ မွေ့လျော်နေတဲ့ လူမျိုးတွေ၊ တနည်းအားဖြင့် ပဒေသရာဇ်စနစ်ကို မြတ်နိုးကြတဲ့ လူမျိုးတွေဖြစ်နေပါတယ်။ ဒီမှ တဆင့် ဘုရင်ဆိုတာ တိုင်းပြည် အကျိုးကို
ထိပ်ဆုံးကနေ သယ်ပိုးခဲ့တဲ့ အမျိုးမြတ်တဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဘုရင်ကို တန်ဖိုးထားကြတာတော့ မြန်မာ တနိုင်ငံတည်း မဟုတ်ပါဘူး။ ဘုရင်စနစ်
ရှိခဲ့တဲ့ နိုင်ငံတိုင်း ဘုရင်ကို တန်ဖိုးထား တတ်ကြပါတယ်။
အတိတ်က တိုင်းပြည်တွေ တပြည်နဲ့တပြည် စစ်တိုက်ကြတယ် သိမ်းပိုက်ကြတယ်ဆိုတာ နယ်ပယ်ချဲ့ထွင်ခြင်း သီးသန့်ဖြစ်ပြီး နယ်ပယ်ချဲ့ထွင်ချင်လို့ဖြစ်ကြောင်း
ပွင့်လင်းစွာ ဖော်ပြကြပါတယ်။ သို့ပေမဲ့ ဗြိတိသျှတွေ ကတော့ မြန်မာနိုင်ငံကို တိုက်ခိုက် သိမ်းပိုက်ခဲ့တာ မင်းဆိုးသီပေါကြောင့်လို့ လိမ်ညာလှည့်ပတ်ခဲ့ပါသေး တယ်။ ဒီသက်သေအထောက်အထားတွေကို လန်ဒန်က ပြတိုက်မှာ သွားရောက်ကြည့်ရှုနိုင်ကြပါတယ်။ အဲဒီ့ခေတ် အဲဒီ့ကာလ အဲဒီ့အချိန်တုန်းက ဗြိတိသျှတွေ ဝါဒဖြန့်ခဲ့တဲ့စာတွေ ရှိနေပါတယ်။ သြော်.. ကိုယ်နိုင်ငံလဲ တိုက်ခိုက် သိမ်းပိုက်ခံရ၊ ကိုယ့်ဘုရင်ကိုတောင် မင်းဆိုးလို့ အပြောခံခဲ့ရတာကို မေ့ရက်နေလိုက်တဲ့ ကိုယ့်မြန်မာ အချင်းချင်းကို အားမရရှိလိုက်တာ။
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၇နှစ်ကတော့ မြန်မာကိုဗြိတိသျှတွေကစစ်ရေးနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်။ ဒါပေမဲ့ မျိုးတုံး ပျောက်ကွယ်မသွားတဲ့ မြန်မာလူမျိုးတွေဟာ တော်လှန်တိုက်ခိုက်ခဲ့ကြတယ်။ နယ်ချဲ့လာတဲ့ ဗြိတိသျှတွေနဲ့ အတူပါလာခဲ့တဲ့ ချစ်တီးကုလားတွေက မြန်မာအမျိုးသမီးလေးတွေကို ရယူဖို့ ကြိုးစားခဲ့တာတောင်
မျိုးချစ်တဲ့ မြန်မာအမျိုးသမီးများဟာ ရှောင်ရှားခဲ့ကြပါတယ်။ ဒါကြောင့် မြန်မာတွေမှာ နယ်ချဲ့လက်အောက်မှာ နှစ်ပေါင်းများစွာ ရောက်ရှိခဲ့ရပေမဲ့ သွေးနှောတဲ့ မျိုးဆက်များ မရှိသလောက် ဖြစ်ခဲ့ရတာပေါ့။ ဒီလိုနည်းနဲ့ သခင်မျိုးလို့ ကြွေးကြော်နိုင်တဲ့ မြန်မာတွေဟာ မျိုးတုံးမသွားခဲ့အောင် ထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ မျိုးချစ် သူရဲကောင်းအာဇာနည်နဲ့ တနိုင်ငံလုံးက တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပြည်သူတွေ စုပေါင်းကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရရှိခဲ့ပါတယ်။
အခု ၂၁ ရာစု ဆိုတဲ့ ဒီဘက်ခေတ်…. ဒီဘက်ခေတ်မှာတော့ အရင်ကလောက် မြန်မြန်ဆန်ဆန် သိမ်းပိုက်မယ့်လမ်း မရှိပါဘူး။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အတွင်းလှိုက်စားပြီး လူမျိုးတုံးအောင် လုပ်ဆောင်နေကြပါပြီ။ ဒီတခါမှာတော့ Globalization ဆိုတဲ့ စကားလုံးတခုတည်းနဲ့ ယဉ်ကျေးမှုတခုလုံးကို ဖျက်ဆီးဖို့ရာ လုပ်နေကြပါတယ်။ ယဉ်ကျေးမှုဟာနိုင်ငံတနိုင်ငံနဲ့ အဲဒီ့နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးရဲ့အသက်သွေးကြောမကြီးပါ။ ဒီတခါမှာတော့ ဗြိတိသျှလူမျိုးတင် မဟုတ်တော့ဘဲ တရုတ်၊ ကုလား စတာတွေကိုလဲ သတိထားကြရပါတော့မယ်။ အေးအေးချမ်းချမ်းနဲ့ နေထိုင်နေကြတာမျိုးကို လိုက်လံပြောဆို ပြဿနာရှာနေ တာမျိုး မလုပ်ဘဲကိုယ့်လူမျိုးတုံးစေမယ့် လုပ်ရပ်မျိုးကို ရှောင်ရှားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အထူး သဖြင့်တော့ မြန်မာအမျိုးသားများဖြစ်စေ၊
အမျိုးသမီးများဖြစ်စေ.. အမိမြန်မာနိုင်ငံမှာနေသူဖြစ်စေ၊ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည်ဖြစ်စေ.. လူမျိုးခြားများနှင့် လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့အချက်ကို ရှောင်ရှားသင့် ပါတယ်။ အင်မတန်မှအရေးကြီးတဲ့ လူမျိုးတုံးစေမယ့် ကိစ္စဖြစ်နေလို့ပါ။ ဗိုလ်ချုပ်အောင်ဆန်းရယူပေးခဲ့တဲ့ လွတ်လပ်ရေးဟာ ဒီလို အတွင်းလှိုက် စားရင်းလူမျိုးကိုပါ မျိုးတုံးသွားစေဖို့ မဟုတ်ပါဘူး။
ဒီမှာ တခုပြောစရာရှိနေပါသေးတယ်။ Globalization တင်မကဘဲ အရမ်းကို ကြီးမားတဲ့စကားလုံးတခုနဲ့ ယဉ်ကျေးမှုကို မထိန်းသိမ်းနိုင် ဖြစ်ကြရတဲ့အကြောင်းပါ။
ဒါကတော့ လူ့အခွင့်အရေးတဲ့။ လူတိုင်းမှာ အခွင့်အရေးဆိုတာ ရှိကြပါတယ်။ ဒါပေမဲ့ တခုပဲ ကိုယ်ပိုင်အသိဉာဏ်လေးနဲ့ စဉ်းစားစေ့ချင်ပါတယ်။ ဒါကတော့ လူ့အခွင့်အရေးဆိုတဲ့ ပြယုဒ်တခုနဲ့ ကိုယ့်လူမျိုးကို ဝါးမြိုခံမလား။ ဒါမှမဟုတ်ဘူး လူ့အခြေခံ လိုအပ်ချက်တွေကို ပြည့်စုံနိုင်ဖို့ ကြိုးစားကြရင်း ကိုယ့်လူမျိုး ယဉ်ကျေးမှု ဂုဏ်သိက္ခာကို ထိန်းသိမ်းကြမလား ဆိုတာပါပဲ။ အလွယ်ကလေးတော့ မမှတ်လိုက်ပါနဲ့။ လူမျိုးတုံးလို့ ယဉ်ကျေးမှုမဲ့မှနောင်တဆိုတာလဲ မဖြစ်ရပါစေနဲ့။


ပါတော်မူနေ့ ၁၂၇ နှစ်မြောက်တဲ့နေ့မှာ အရှင်နှစ်ပါးကိုလဲ ပြန်လည် မှန်းမျှော်မိပါတယ်။ အရှင်နှစ်ပါး ပါတော်မူချိန်ကစပြီး နယ်ချဲ့ကို တော်လှန်တိုက်ခဲ့တဲ့
အဘိုးအဘေးအဘီတို့ကိုလဲ အောက်မေ့မိပါတယ်။ အားလုံးရဲ့ နိုင်ငံအပေါ်ထားရှိခဲ့တဲ့ မေတ္တာနဲ့ စေတနာကို လတ်တလောမှာတော့ ဒီလောက်ကလေးပဲ


ပေးဆပ်နိုင်တဲ့အတွက် ဝမ်းနည်းမိပါတယ်။ မကြာတော့တဲ့ကာလ မဝေးတော့တဲ့ အနာဂတ်မှာ အဘိုးအဘေးအဘီတို့ရဲ့ ကျေးဇူးတရားများကို ဒီ့ထက်ပိုလို့ဆပ်နိုင်ဖို့ ကြိုးစားပါဦးမယ်။
 Myanmar Express 

1 comments:

Tell me what is the different between last 127 years ago to now for our people.
I can understand colonization from other people but I can't understand colonization from our own people. Please answer.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်