From : planet
www.MyanmarExpress.net
မြောက်ကိုရီးယား
ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီလ် သေဆုံးမှု (၁)နှစ်ပြည့် အခမ်းအနားကို
သားဖြစ်သူ ကင်ဂျုံအန်း လက်ထက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်လက်နက်ကို အောင်မြင်စွာ ပစ်လွှတ်ခဲ့ပြီး (၅)ရက် အကြာတွင် ဈာပန နှစ်ပတ
မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်လက်နက်ကို အောင်မြင်စွာ ပစ်လွှတ်ခဲ့ပြီး (၅)ရက် အကြာတွင် ဈာပန နှစ်ပတ
်လည်
အခမ်းအနားကို ပြုံယမ်းမြို့တော်ရှိ ကူဆူဆန် နန်းတော်တွင် ကျင်းပခဲ့ခြင်း
ဖြစ်သည်။ အဆိုပါ နန်းတော် အတွင်းတွင် အာဏာရှင်ဟောင်း၏ ရုပ်အလောင်းကို
မြှုပ်နှံထားသည်။ ဂျုံအီလ်သည် (၂၀၁၁)ခုနှစ်၊ ဒီဇင်ဘာလက (၁၇)ရက်နေ့က
သေဆုံးခဲ့ခြင်း ဖြစ်သည်။ သားဖြစ်သူ ဂျုံအီလ်သည် ဖခင်၏ နှစ်ပတ်လည် ဈာပန
အခမ်းအနားကို (၁)ပတ်ကြာ ကျင်းပရန် ညွှန်ကြားထားသလို နိုင်ငံအတွင်း
ဖခင်ဖြစ်သူ၏ အထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားများ ရုံတင် ပြသနေမည် ဖြစ်သည်။
ထို့အပြင် ဂျုံအီလ်၏ ခမ်းနားသော ပုံတူများကို တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် လွှင့်တင် ပြသထားမည် ဖြစ်ပြီး ဖခင်၏ ဘုန်းတော်ဘွဲ့
ကဗျာများကို ကျောင်းများတွင် ပြိုင်ပွဲပြုလုပ် ရေးသားစေမည်ဟုလည်း
သိရှိရသည်။
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်