From : the voice
မကြာခဏ KIA မိုင်းခွဲလေ့ ရှိသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင်မိုင်ပေါင်း၂၂၀ကို ပြင်ဆင်မှုများစတင် ပြုလုပ် နေပြီ ဖြစ်ကြောင်း မြန်မာ့ မီးရထား တိုင်းအမှတ် (၂) အင်ဂျင်နီယာ ဌာနမှ သိရသည်။
တိုင်းအမှတ် ၂ နယ်မြေ အတွင်းရှိ ဘူတာ ၃၆ ဘူတာ အနက် ဘူတာ ၂၂ ကြားတွင်ဇလီဖားတုံး၁၁၀၀၀ခန့် ဖြည့်ဆည်း ခြင်း၊ ကျောက် ဖြည့်သွင်းခြင်း များကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ယင်း ဌာနမှ သိရသည်။
ယင်း ပြင်ဆင်မှု လုပ်ငန်း များကို ဒီဇင်ဘာ ၁၁ရက် နေ့တွင် စတင် ပြုလုပ် ခဲ့ပြီး ချပ်ကြီး ဘူတာ တစ်ဝိုက်တွင် ကွန်ကရစ် ဇလီဖါး (၂၆၁၈) တုံး၊ လမ်းခင်း ကျောက် (၃၄ဝ)ကျင်း နှင့် လမ်းကူး လမ်းလွှဲ (၃)စုံ အသုံးပြု၍ ပြင်ဆင် ခဲ့ကြောင်း ယင်း ဌာနမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။
www.MyanmarExpress.net
မကြာခဏ KIA မိုင်းခွဲလေ့ ရှိသော မန္တလေး - မြစ်ကြီးနား မီးရထား လမ်းပိုင်းတွင်မိုင်ပေါင်း၂၂၀ကို ပြင်ဆင်မှုများစတင် ပြုလုပ် နေပြီ ဖြစ်ကြောင်း မြန်မာ့ မီးရထား တိုင်းအမှတ် (၂) အင်ဂျင်နီယာ ဌာနမှ သိရသည်။
တိုင်းအမှတ် ၂ နယ်မြေ အတွင်းရှိ ဘူတာ ၃၆ ဘူတာ အနက် ဘူတာ ၂၂ ကြားတွင်ဇလီဖားတုံး၁၁၀၀၀ခန့် ဖြည့်ဆည်း ခြင်း၊ ကျောက် ဖြည့်သွင်းခြင်း များကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ယင်း ဌာနမှ သိရသည်။
ယင်း ပြင်ဆင်မှု လုပ်ငန်း များကို ဒီဇင်ဘာ ၁၁ရက် နေ့တွင် စတင် ပြုလုပ် ခဲ့ပြီး ချပ်ကြီး ဘူတာ တစ်ဝိုက်တွင် ကွန်ကရစ် ဇလီဖါး (၂၆၁၈) တုံး၊ လမ်းခင်း ကျောက် (၃၄ဝ)ကျင်း နှင့် လမ်းကူး လမ်းလွှဲ (၃)စုံ အသုံးပြု၍ ပြင်ဆင် ခဲ့ကြောင်း ယင်း ဌာနမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။
www.MyanmarExpress.net
1 comments:
သမ္မ္မတကြီးစဉ်းစားပေးပါ
သမ္မ္မတကြီးအနေဖြင့် တပ်မတော်အား ကချင်ပြည်နယ်အတွင်းမှထိုးစစ်များ မပြုလုပ်ရန် အမိန့်ပေးထားရာ တပ်မတော်အနေဖြင့် ရိက္ခာပေးပို့ခြင်း အပါအ၀င် မိမိတပ်စခန်းများလုံခြုံရေးအတွက်သာ ဆောင်ရွက်လျက် ရှိပါသည်။ သို့သော်လည်း KIA တပ်ဖွဲ့အနေဖြင့် ရိက္ခာယာဉ်တန်းများအား တိုက်ခိုက်ခြင်း၊ တပ်မတော်စစ်ကြောင်းများအားခြုံခိုတိုက်ခိုက်ခြင်း၊ တပ်စခန်းများအားတိုက်ခိုက်ခြင်းများ ဆောင်ရွက်နေကြောင်း ကြားသိရပါတယ်။ KIA အနေဖြင့် အဆိုပါတိုက်ခိုက်မှုများမှ ရရှိလာသော လက်နက်များ၊ အလောင်းများကိုလည်း အင်တာနက်စာမျက်နှာများပေါ်မှာ ထော်ပြနေတာတွေကို ဖတ်ရပါတယ်။ တပ်မတော်အနေဖြင့် KIA ရဲ့ တိုက်ခိုက်မှုတွေကို ခုခံရင်း ထိခိုက်ကျဆုံးမှုများ များလာပြီး သမ္မ္မတကြီး၏ အမိန့်ကိုနာခံရင်းဖြင့် ထိခိုက်၊သေဆုံး၊ကျဆုံးမှုများ များလာကြောင်းတွေ့ ရှိရပါတယ်။ ကျွန်တော်စဉ်းစားမိသည်မှာ တပ်မတော်သည် အသေခံပြီး အမိန့်ကိုနာခံနေကြာင်း သိမြင်ကြားသိနေရပါတယ်။ KIA သည်ယခု ထို့ထက်ပိုဆိုးလာပြီး တပ်မတော်စစ်ကြောင်းများသာမက ရဲစခန်းများကိုပါ တိုက်ခိုက်လာကြောင်းတွေ့ရှိရပါတယ်။ နောင်တွင်လည်း တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်တွေ ဘယ်လောက်တောင်သေကြရဦး မလည်းဆိုတာမသိနိုင်သေးပါဘူး။ KIA အယုတ်တမာများအနေဖြင့်လည်း နိုင်ငံတော် အတွင်းပိုင်းအထိပါ ၀င်ရောက်မိုင်းထောင်၊မိုင်းဆွဲ လုပ်ငန်းများလုပ်ဆောင် လာနိုင်ပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့ဝင်စခန်းများသည် စစ်ရေဒပစ်မှတ်များမဟုတ်ဘဲ တရားဥပဒေ စိုးမိုးရေးအဖွဲ့များသာ ဖြစ်ပါတယ်။ မှီခိုသူများ၊ကလေးသူငယ်များ နေထိုင်ကြသည့် ၀န်ထမ်းအဖွဲ့ အစည်းသာဖြင်ပါတယ်။ KIA ရဲ့တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ မှီခိုသူများ သေဆုံနေရကြောင်း ကြားသိရပါတယ်။ ဒီအကြောင်းတွေကို မီဒီယာတွေကလည်း တစ်ခွန်းတစ်ဘာသမျှ ကန့်ကွက်တာမျိုးမတွေ့ရဘဲ၊ KIA ရဲ့ ဆိုးဝါးယုတ်မာမှုများအား ထောက်ပြခြင်းမျိုးလည်းမတွေ့ရပါ၊ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ ဘာလုပ်နေသလည်းလို့ မေးချင်ပါတယ်။ တိုင်းပြည်အတွက်အသက်ပေးလှူသွားတဲ့ အရာရှိစစ်သည်များအားလည်း အသိမှတ်ပြုခြင်းမျိုး မတွေ့ရပါ။ တပ်မတော်အနေဖြင့် ကချင်ပြည်နယ် အတွင်းရှိ KIA တပ်ဖွဲ့နှင့်စခန်းများအားတိုက်ခိုက်မည် ဆိုပါကအချိန်တို အတွင်း တိုက်ခိုက်နိုင်လိမ့်မည်ဟု ထင်ပါသည်။ သို့သော်လည်း သမ္မ္မတကြီး၏ အမိန့်အရသာ လမ်းတံတားများကိုဖောက်ခွဲဖျက်ဆီး နေသော၊ ကချင်ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံတို့အား စော်ကားမော်ကားပြုလုပ်၊ အဓမ္မပြုကျင့်၊အဓမ္မစစ်သားစုဆောင်းနေသော၊ ပြည်ထောင်စုကြီးမှ ခွဲထွက်ပြီး ကချင်နိုင်ငံထူထောင်ချင်သော အဆိုပါ KIA လက်တဆုပ်စာ တို့အားတိုက်ခိုက်ချေမှုန်းရခြင်း မပြုပဲ ခုခံစစ်ဖြင့်သာ တုန့်ပြန်နေရတာကို ခံပြင်းမိပါတယ်။ KIA ဆိုတဲ့ကောင်တွေက ကျွဲပါးစောင်းတီး ဖြစ်ပြီး ယခင်ငြိမ်းချမ်းရေးကာလ တစ်လျောက်လုံး ကျွန်းမှောင်ခို၊ သယံဇာတမှောင်ခို၊ တရုတ်ပစ္စည်းမှောင်ခို တို့ဖြင့်ချမ်းသာနေ ကြတယ်။ ဘယ်တော့မှငြိမ်းချမ်းရေးလုပ်မယ့် အဖွဲ့အစည်းမဟုတ်ပါ၊ သို့သော်လည်း သမ္မ္မတကြီး အနေဖြင့် တိုင်ရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကိုမူတည်ပြီး ထိုးစစ်မပြုလုပ်ရန် အမိန့်ပေးထားမှုမှာ သည်းခံနိုင် သောအတိုင်းအတာထက်ကျော်လါန်လာပြီဟု ယူဆမိပါတယ်။ သို့ဖြစ်ပါ ၍ ပြည်ထောင်စုပြိုကွဲရေးအား မူတည်ပြီး ကချင်ပြည်နယ် ပြည်သူလူထု ဆန္ဒမပါဘဲ ကချင်နိုင်ငံထူထောင်ချင်သော KIA အယုတ်တမာများအား တိုက်ခိုက်ချေမှုန်းခွင့်ပြုရန် စဉ်းစားသင့်ပြီဖြစ်ပါကြောင်း သမ္မ္မတကြီးအား တင်ပြအပ်ပါသည်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်