From : eleven
မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာမြို့နယ် ၊အုံတုံကျေးရွာတွင် အိမ်သာကျင်း ဆင်းဆည်ရာမှ လူငါးဦး သေဆုံးပြီး လူတစ်ဦး သတိလစ်မေ့မျောသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီခန့်က အုံတုံကျေးရွာနေ ဦးသန်းဇော်ဝင်း နေအိမ်၌ အချင်း ၃ ပေ အနက် ၁၂ ပေ ရှိ ကျင်းဟောင်းထဲမှ မိလ္လာများအား ဆင်းဖောက်စ

ဉ်
ဦးသန်းဇော်ဝင်း အသက် ၄၂ နှစ်မှာ ကျင်းထဲ၌ လဲကျ သေဆုံးသွားသဖြင့် ရဲအောင်
(ခ)ဂေါ်ကြီးအသက် ၃၀ နှစ်မှ ဆင်းဆည်ရာ ထပ်မံ သေဆုံးသွားခဲ့ပြီးနောက် ဆက်လက်၍
ဦးတင်ဝင်း အသက် ၅၇ နှစ်၊ဦးလှမောင် အသက် ၄၂ နှစ်၊ဦးပြေသိန်း အသက် ၅၆
နှစ်တို့ ကျင်းအတွင်း ဆက်လက်ဆင်းခဲ့ရာ ထပ်မံသေဆုံးသွားခဲ့ပြီး ဦးတင်စိုး
အသက် ၂၈နှစ်မှာ သတိလစ်မေ့မျောသွားခဲ့၍ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း
သိရှိရသည်။
အဆိုပါ အမှုကို မိတ္ထီလာမြို့နယ် ရှမ်းမငယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ် ခင်မောင်စိုးမှ သေမှုသေခင်း အမှတ် ၂/၂၀၁၂ ဖွင့်လှစ်၍ စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။
www.MyanmarExpress.netအဆိုပါ အမှုကို မိတ္ထီလာမြို့နယ် ရှမ်းမငယ် ရဲစခန်းမှ စခန်းမှူး ရဲအုပ် ခင်မောင်စိုးမှ သေမှုသေခင်း အမှတ် ၂/၂၀၁၂ ဖွင့်လှစ်၍ စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

.jpg)

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်