Subscribe to our RSS Feed

ရဟန်းသံဃာတော်များ လမ်းပေါ်ထွက်ဆန္ဒမပြရန် သီတဂူဆရာတော်မိန့်ကြား

From : Yangon Times

လက်ပံတောင်းတောင်အရေး နှင့်ပတ်သက်၍ ရဟန်းသံဃာတော် များ လမ်းပေါ်ထွက်၍ အရေးဆိုမှု များမပြု လုပ်ရန် သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိသာရက မိန့်ကြားလိုက်သည်။

သီတဂူဆရာတော် အရှင်ဉာဏိ သာရကမန္တလေးမ စိုးရိမ်တိုက်သစ် ဆရာတော်အရှင်ဝီရသူအား ဒီဇင်ဘာ ၁၄ရက်က မြောက်ဒဂုံရှိ သီတဂူဆရာ တော်၏ကျောင်းတွင် လက်ခံတွေ့ဆုံစဉ် ယခုကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ် သည်။


ဆက်လက်ပြီးမစိုးရိမ်ဆရာတော်မှ လမ်းပေါ်ထွက်ဆန္ဒပြတာဟာ တိုင်းပြည်ရဲ့ အခြေအနေတွေကို ပိုမိုရှုပ်ထွေးစေပြီး ဆူပူအကြမ်းဖက်မှုများအထိဖြစ်လာနိုင်ကြောင်း။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီကို ကူညီကြပါ။ ဝန်းရံကြပါ။ ယုံကြည်ကြပါ ။ အဖြေတစ်ခုထွက်သည်အထိ သည်းခံစိတ်ရှည်စောင့်ဆိုင်းပေးကြပါလို့ ပြည်သူလူထုတရပ်လုံးကို မိန့်ကြားလိုက်သည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်