Subscribe to our RSS Feed

အစိုးရမှ လာရောက်ဆွေးနွေးမှုကြောင့် သံဃာတော်များ နောက်ထပ်ဆန္ဒမပြရန် သဘောတူ



နိုင်ငံတော်အစိုးရက ယနေ့မွန်းလွဲ ၂ နာရီတွင် မဟာအတုလဝေယံ(အတုမရှိ)ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့သည့် အခမ်းအနားမှာ ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ပြီး အစိုးရ၏ ဆွေးနွေး မှုကို သံဃာအများစုက ကျေနပ်လက်ခံခဲ့ကြသည်။ 

အခမ်းအနားတွင် မဟာဂန္ဓာရုံကျောင်းတိုက် ဒုတိယနာယကချုပ် ဆရာတော်က ငါးပါးသီလချီးမြှင့်ခဲ့ပြီး နိုင်ငံတော်အစိုးရအဖွဲ့က သံဃာတော်များကိုတောင်းပန်သော တောင်းပန်ချိုးကို ဆရာတော်ဝီရသူက တိုင်ပေးကာ အစိုးရအဖွဲ့ဝင်များက လိုက်ဆိုကြသည်။

 နိုင်ငံတော်အစိုးရကိုယ်စား သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက သံဃာတော်များကို တောင်းပန်ကြောင်း ထပ်မံလျှောက်ထားခဲ့သည်။

 ထို့နောက် မုံရွာမြို့မှ ဇောတိကရာမကျောင်းထိုင်ဆရာတော်၊ မြို့မဂါတ်ကျောင်းဆရာတော်၊ ဂဠုန်နီဆရာတော်ဦးက၀ိရတို့က သြ၀ါဒစကားမိန့်ကြားခဲ့သည်။

ဂဠုန်နီဆရာတော်ဦးက၀ိရက အစိုးရအဖွဲ့၏ တောင်းပန်မှုကို သံဃာတော်များအနေဖြင့် ကျေနပ်ပါက သာဓုခေါ်ရန် မိန့်ကြားသောအခါ အခမ်းအနားတက်ရောက်လာသော သံဃာအားလုံးက သာဓုခေါ်ကြသည်။ 
အစိုးရအဖွဲ့၏ တောင်းပန်မှုကို သံဃာတော်များက ကျေနပ်ပြီဖြစ်သည့်အတွက် သံဃာတော်များက ဆန္ဒပြမှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်း ဂဠုန်နီဆရာတော်ဦးက၀ိရက  မိန့်ကြားသည်။ 
ထိုအခမ်းအနားတွင် ဒဏ်ရာပြင်းထန်သော သံဃာလေးပါးကို နိုင်ငံခြားသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုပေးရန် ဂဠုန်နီဆရာတော်ဦးက၀ိရက မိန့်ကြားရာ၌ ၀န်ကြီးဦးလှထွန်းက အဆိုပါသံဃာလေးပါးကို ရန်ကုန်မြို့သို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုပေးမည်ဖြစ်ပြီး လိုအပ်ပါက နိုင်ငံခြားသို့ ပို့ဆောင်ကုသပေးမည်ဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။
www.MyanmarExpress.net
 

9 comments:

အေး ချမ်း အောင် လုပ် တာ မင် ဂ လာ တပါး ပါ။အ ကောင်း ဆုံး ပါ ဘဲ။

အေး ချမ်း အောင် လုပ် တာ မင် ဂ လာ တပါး ပါ။အ ကောင်း ဆုံး ပါ ဘဲ။အမြင် ကျယ် လှ ပါ တယ်။
လုံး ဝ လေး စား ပါ တယ်။

အေး ချမ်း အောင် လုပ် တာ မ င်္ဂံ လာ တ ပါး ဘဲ။အ ရမ်း လက် ခံ ပါ တယ်။
အရမ်းလေး စား သွားပြီ။

စောစောတောင်းပန်တော့ စောစောမင်္ဂလာသံကြားရတာပေါ့ဗျာ။ဝမ်းသာပါတယ်

နှလုံးပီတိ ဂွမ်းဆီထိ သကဲ့ သို့  ဖြစ်မိပါတယ် ။

ကောင်း လိုက် တဲ့ အ ရေး အ သား။

Very good. Myanmar government compensate (Money ) all monks who got burn.

ဟိဟိ ဝမ်းသာတယ်ဗျာ။

"ဖရုဏာပီတိဂွမ်းဆီထိ" ပဲကြားဘူးပါတယ်သောက်
ရူးရယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်