Subscribe to our RSS Feed

အိန္ဒိယ တပ်မတော်သည် ကမ္ဘာပေါ်တွင် စစ်တပ်အင်အား အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်ရန် ကြိုးစား

From :မြဝတီ


အိန္ဒိယ တပ်မတော်တွင် အရာရှိ ၁၃,ဝဝဝ ဦးနှင့် အခြားအဆင့် ၅၄,ဝဝဝ ဦးနီးပါး လိုအပ်လျက် ရှိကြောင်း ပြည်နယ် သတင်း ဌာနက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။
အိန္ဒိယ တပ်မတော်၏ လစ်လပ် နေရာအတွက် အရာရှိ ၁၃,ဝဝဝ ဝန်းကျင်နှင့် အခြားအဆင့် ၅၃,၇ဝဝ ခန့် လိုအပ်မှု ရှိပြီး အိန္ဒိယ တပ်မတော်သည် ၎င်း ပြဿနာ များနှင့် ရင်ဆိုင် နေရကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး A.K.Antony မှ ပါလီမန်သို့ စာဖြင့် ရေး သား ပြောကြား ခဲ့ကြောင်း သိရှိရ ပါသည်။ အိန္ဒိယ တပ်မတော်သည် ယခုလက်ရှိ အင်အား ၁.၄၅ သန်းရှိပြီး အရန် အင်အားမှာ ၂.၂ဝ သန်း ရှိကြောင်းနှင့် အခြား လက်နက်ကိုင် တပ်ဖွဲ့မှာ ခန့်မှန်းခြေ ၁.၄ဝ သန်း ရှိကြောင်း ဖော်ပြခဲ့ ပါသည်။ ကမ္ဘာပေါ်တွင် စစ်တပ်အင်အား အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်ရန် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

  www.MyanmarExpress.net
 

1 comments:

အင်းဒို့အမိမြန်မာနိုင်ငံကြီး

လည်းအားကိုးလောက်ရ

တဲ့မဟာမိတ်လိုနေပြီလို့

ထင်တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်