Subscribe to our RSS Feed

ယခုနှစ်စာပေဆုများတိုးမြင့် ပေးခြင်မှာ စာ ပေပညာရှင်များ၏ကြိုးပမ်းမှုကို အသိအမှတ်ပြုဂုဏ်ပြုခြင်းဖြစ်သကဲ့သို စာပေလောကယခုထက်ဖွံဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်ခြင်းဖြစ် သည်ဟု ဒုသမ္မတပြောကြား

From : popular

ယခင်နှစ်များက အမျိုးသားစ
ာပေဆု ၁၄မျိုး၊စာပေဗိမ္မာန်စာပေဆု ၁၂ မျိုးရွေးချယ်ချီးမြင့်ခဲ့သော်လည်း ယခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့်
ရေးထားသော စာအုပ်များကို ပါတိုးမြင့်၍ဆုအဖြစ်ရွေးချယ်ပေခဲ့သည့်ပြင် ခေတ်ကာလနှင့်ညီမျှသောဆုငွေတိုးမြင့်ပေးခဲ့ကြောင်း ဒုတိယသမ္မတဒေါက်တာစိုင်းမောက်
ခမ်းကပြောသည်။

အမျိုးသားစာပေဆုတွင် အင်္ဂလိပ်ဘာသာဖြင့်ရေးထားသည့်စာအုပ်များအနက်မှ သုတစာပေနှင့်ရသစာပေဟူ၍နှစ်မျိုးတိုးမြင့်ရွေးချယ်ပေး
ခဲ့ပြီးစာပေဗိမ္မာန်စာမူဆုတွင်မူ အင်္ဂလိပ်ဘာသာစာမူဆု တစ်ခုကိုထပ်မံတိုးမြင့်ပေးခဲ့ကြောင်း ဒုတိယသမ္မတကပြောသည်။

ယင်းသို့တိုးမြင့်ရွေးချယ်ပေးရခြင်မှာ စာပေပညာရှင်များ၏ကြိုးပမ်းမှုကို အသိအမှတ်ပြုဂုဏ်ပြုခြင်းဖြစ်သကဲ့သိုစာပေလောကယခုထက်ဖွံဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ယခု၂၀၁၁ခုနှစ် အမျိုးသားစာပေဆုများအတွက် စာအုပ်ပေါင်း၂၄၀၅အုပ်မှ စာပေဆုစီစစ်ရွေးချယ် ကော်မတီက စီစစ်ချီးမြင့်ခြင်းဖြစ်ကြောင်း၊
ထို့အတူ စာပေဗိမ္မာန် စာမူဆုမှာလည်းယှဉ်ပြိုင်သည့် စာမှု ၁၈၅ ခုရှိသည့်အနက်မှ ထိုက်တန်သောစာမူပေါင်း၃၁ ဆုကိုရွှေးချယ်ချီးမြင့်တာ
ဖြစ်ကြောင်း၊စာပေကောင်းဟာပြည်သူလူထုကို မှန်ကန်သောအတွေးအခေါ် ၊မှန်ကန်သည့်အယူအဆ ၊ဗဟုသုတများ ၊ပေးစွမ်းနိုင်ပါတယ်။ထူးခြားတဲ့ စရိုက်လက္ခဏာနဲ့ယဉ်ကျေးမှုအစဉ်အလားများကို ထိန်းသိမ်းနိုင်ပြီး အမျိုးသားရေးစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်များရှင်သန်တက်ကြွစေကြောင်း
လူ့စွမ်းအားအရင်းအမြစ်များတိုးတက်ရေးကို ဖော်ဆောင်ပေးနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
”ဒီကနေ့မိမိတို့နိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ဖော်ဆောင်နေ
တဲ့အချိန်လည်းဖြစ်ပါတယ်။လိုအပ်တဲ့ပြုပြင်ပြောင်လဲမှုများကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လျှက်ရှိရာမှာစာပေဟာ အဓိကကျတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။အခု
ဆင်ဆာစနစ်ကို ဖျက်သိမ်းလိုက်ခြင်းအာဖြင့်စာပေနယ်မြေရဲ့လွတ်လပ်ခွင့်ကို တိုးချဲ့လိုက်ခြင်းဖြစ်ပြီးစာပေပညာရှင်များအပါအ၀င် စာပေလောကသားများအားလုံး
အတွက်ဒီမိုကရေစီဖော်ဆောင်အောင်မြင်ရေးမှာ ပိုမိုတက်ကြွစွာပူးပေါင်းပါဝင်လာအောင် ဖော်ဆောင်တဲ့တွန်းအားတစ်ရပ်ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ခောတ်
သစ်စနစ်သစ်စီကို ချီတက်ကြရာမှာပြည်သူလူထုတစ်ရပ်လုံးက စိတ်တူကိုယ်တူ ပူးပေါင်းပါဝင်ကြဖို့လိုအပ်တာမို့ ဒီမိုကရေစီယဉ်ကျေးမှု ဖွံဖြိုးတိုးတက်လာအောင်စာပေပညာရှင်များက အကူအညီပေးနိုင်ပါလိမ့်မယ်လို့နိုင်ငံတော်အနေနဲ့မျှော်လင့်ပါတယ်။
ဒါအပြင်နိုင်ငံတော်မှာတရားမျှတခြင်းလွပ်လတ်ခြင်းနဲ့ ညီမျှခြင်းဆိုတဲ့ လောကပါလတရားများထွန်းကားပြီး ပြည်သူတစ်ရပ်
လုံးငြိမ်းခြမ်းသာယာဝပြောရေးအတွက် ပြည်ထောင်စုစိတ်ဓါတ်နဲ့ ထာဝစဉ်စည်းလုံးညီညွတ်မှုနဲ့ အတူတကွလက်တွဲနေထိုင်ရေးအတွက်လည်းကောင်း လိုအပ်သလို
စာပေပညာ၇ှင်များက ဖော်ထုပ်ရေးသားပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
တိုင်းရင်းသားပြည်သူများအတွက်ဖော်ပြခဲ့တဲ့ စိတ်ဓါတ်ခွန်အားတွေလူ့စွမ်းအားအရင်းအမြစ်တွေနဲ့ အမျိုးသားရေုးကိုယ်
ခံစွမ်းအားတွေကို စာအုပ်စာပေများအပါအ၀င် မီဒီယာအမျိုးမျိုးက ပေးစွမ်းနိုင်မှာဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ယနေ့ကာလမှာ မီဒီယာအမျိုးမျိုးတိုးတက်ထွန်းကား
နေပြီဖြစ်ပေမယ့်လည်း စာအုပ်စာစောင်များဖြစ်တဲ့ ပုံနှိပ်မီဒီယာများရဲ အခန်းကဏ္ဍဟာ လည်ပဲ အရေးပါနေဆဲဖြစ်တာကို တွေရပါတယ်။စာပေဟာပြည်သူလူထုကို
ကျယ်ကျယ်ပြန့်ပြန့်ပြည့်ပြည့်စုံစုံ နဲ့ လွယ်လွယ်ကူကူသိရှိနိုင်အောင် ဆောင်ရွက်ပေးနေပါတယ်။
ဒါကြောင့်စာပေပညာရှင်ကြီးများအနေနဲ့ နိုင်ငံနဲ့ပြည်သူလူထုအကျိုး အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်အောင် စာကောင်းပေ
မွန်များကို အခုထက်ပိုမို ရေးသားထုပ်ဝေနိုင်ဖို့တိုက်တွန်းလိုပါတယ်။ဒီကနေ့စာရေးဆရာကြီးများစာပေထုပ်ဝေသူများအနေနဲ့ စာပေလုပ်ငန်းများကို လွယ်လွယ်
ကူကူ လွပ်လွပ်လပ်လပ်ဆောင်ရွက်နိုင်အောင်ပုံနှိပ်ထုပ်ဝေခွင့်များကို လည်း အွန်လိုင်းကနေတဆင့် အလွယ်တကူလျှောက်ထားနိုင်ပြီဖြစ်တဲ့အတွက် ယခင်ကထက်စာအုပ်စာစောင်များ ပိုမိုထွက်ရှိလာနိုင်ပြီး နိုင်ငံနဲ့ပြည်သူလူထုကို ပိုမိုအကျိုးရှိလာနိုင်မယ်လို့ယုံကြည်ပါတယ်။

ဒီနေရာမှာ မိမိတို့ရရှိထားတဲ့စာပေလွပ်လပ်ခွင်နဲ့အတူ စာပေကျင့်ဝတ်များကိုလည်းပဲ စောင့်ထိန်းလိုက်နာသွားနိုင်မှသာစာပေလောကသားများရဲဂုဏ်သိက္ခာကို ရေရှည်ထိန်းသိမ်းသွားနိုင်မှာဖြစ်တဲ့အပြင်မျိုးဆက်သစ်မျာကိုအသိပညာလွဲပြောင်းပေးရာမှာလည်းလေးစားတန်းဖိုးထားမှုများပိုမိုရရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်ဖွံဖြိုးတိုးတက်မှုနဲ့ဒီမိုကရေစီဖော်ဆောင်မှု အောင်မြင်ရေးအကျိုးသက်ရောက်စေမယ့်စာပေများ၊ကြိုးစားရေးသားပေးကြစေလိုပါတယ်။မျိုးဆက်သစ်များကို အသိပညာဗဟုသုတနဲ့ အတွေးအခေါ် ရင့်သန်ခိုင်မာစေဖို့ တစ်ဦးချင်း လူ့စွမ်းအားအရင်းအမြစ်မြင့်မားလာအောင်
အသိပညာလွဲပြောင်းပေးမှုများပိုမိုဆောင်ရွက်ပေးကြစေလိုပါတယ်။ဒီမိုကရေစီယဉ်ကျေးမှုဖွံဖြိုးရေးနဲ့ပြည်သူတစ်ရပ်လုံးငြိမ်းခြမ်းသာယာဝပြောရေးကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါတယ်။

နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ စာပေပညာရှင်များအနေနဲ့ စာပေပညာဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါလို့ အလေး
အနက်တိုက်တွန်းရင်းနိဂုံးချုပ်အပ်ပါတယ်။”
ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကပြောကြားသွားသည်။
 
www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်