Subscribe to our RSS Feed

၂၀၁၃ ယာဉ်သစ် စီးတီးဘတ်စ်တွေနှင့် အစားထိုးပြေးဆွဲမည်

From :ခေတ်လူငယ်


လာမယ့် ၂၀၁၃ ခုနှစ်မှာ ယာဉ်လိုင်းတစ်ချို့ကို ယာဉ်သစ်စီးတီးဘတ်စ်တွေနဲ့ တဖြည်းဖြည်း အစားထိုး ပြေးဆွဲ သွားနေပြီလို့ သိရတယ်။ မ.ထ.သ ရုံးချုပ်မှာ ယာဉ်အိုယာဉ်လောင်း အစားထိုး လဲလှယ်ခြင်းမှာ ယခုအခါ ယာဉ်ကြီးအသစ်တွေနဲ့ အစားထိုးပြေးဆွဲနေတာ တွေ့ရတယ်။ အရင်နှစ်တွေက ယာဉ်သစ်တွေနဲ့ အစားထိုး ပြေးဆွဲတဲ့အခါ အထူးယာဉ်လိုင်းအဖြစ် ပြေးဆွဲနေရာမှ အခုနောက်အသစ် ပြေးဆွဲမယ့် ယာဉ်ကြီးတွေက ရိုးရိုးယာဉ်လိုင်း အဖြစ်သာ ယာဉ်စီးခ ကျပ် ၅၀ နဲ့သာ ပြေးဆွဲခွင့်ရတာ ဖြစ်တယ်။ “၂၀၁၃ ခုနှစ်အတွက် သီးခြားအနေနဲ့ ကားသစ်၊ လိုင်းသစ်ရယ်လို့ ပြေးဆွဲတာမျိုးတော့ မရှိပါဘူး။ အထူးသဖြင့် အပ်တဲ့ကားလိုင်းတွေ နေရာမှာ အသစ်တင်သွင်းလာတဲ့ ယာဉ်တွေက ဦးစားပေးပြီး အစားထိုး ပြေးဆွဲသွားဖို့ ရှိပါတယ်။ ယာဉ်ပိုင်ရှင်တွေ တင်သွင်းသလောက် ရောက်ရှိကားတွေကို လိုအပ်တဲ့ ယာဉ်လိုင်းနေရာမှာ ပြေးဆွဲ သွားမယ်” လို့ မ.ထ.သ ရုံးချုပ်မှ အတွင်းရေးမှူးက ဆိုပါတယ်။ ရုံးတက်၊ ရုံးဆင်းချိန်မှာ လိုင်းကားတွေနဲ့ ခရီးသည် မမျှလို့ အဆင်မပြေဖြစ်တဲ့အတွက် ဘယ်လိုဖြေရှင်းဖို့ ရှိလဲဟု မေးမြန်းရာ လက်ရှိကားအစီးရေနဲ့ ခရီးသည်က မျှပါတယ်။ ရုံးတက်၊ ရုံးဆင်းချိန်မှာ ကားစီးရတဲ့ အခက်အခဲက နိုင်ငံတိုင်းမှာ ကြုံနေရတတ်တာပဲ။ အဓိကက စည်းကမ်းပဲ။ မောင်းသူတွေက ပြိုင်မောင်း၊ လုမောင်းတာမျိုး မလုပ်ဘဲ ခရီးသည်ကို ပုံမှန်သယ်ဆောင်သွားမယ်၊ ခရီးသည်တွေကလည်း သူ့ထက်ငါဦးအောင် လုမတက်ဘဲ စည်းကမ်းရှိရှိ စီးနင်းမယ်ဆို အခက်အခဲကို လျော့နည်းစေမယ်။ အထူးယာဉ်တွေပေါ်မှာ ဆိုလည်း ရုံးတက်ရုံးဆင်းချိန်ဆို တိုးလို့မရအောင် ကျပ်ကျပ်တည်းတည်း စီးနင်းနေကြရတယ်။ စီးမယ့်သူကလည်း နောက်မကျချင်တော့ လုတက်ကြတယ်။ ယာဉ်လုပ်သားကလည်း ခရီးသည် အပြိုင်တင်ကြတော့ လိုင်းကားက ကျပ်နေတုန်းပဲ။ နေ့ခင်းပိုင်းကျတော့ စီးမယ့်သူ သိပ်မရှိတော့ ချောင်နေပြန်ရော၊ ခရီးသွားလာရေး အဆင်ပြေအောင် စီးသူရော၊ ယာဉ်မောင်း၊ ယာဉ်လုပ်သားတွေပါ စည်းကမ်းရှိဖို့ လိုတယ်လို့ မ.ထ.သမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ 

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်