Subscribe to our RSS Feed

တရုတ်တွင် iPhone 5 ရောင်းအား ၃ ရက်အတွင်း အလုံးရေ ၂ သန်းကျော်

From : planet

iPhone 5ကို တရုတ်နိုင်ငံတွင် သောကြာနေ့က တရားဝင် စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။ Appleသည် ဒီဇင်ဘာ လကုန်ပိုင်းတွင် နောက်ထပ် နိုင်ငံပေါင်း (၁၀၀)ကျော်သို့ iPhone 5ကို ဆက်လက် တင်ပို့သွားမည် ဖြစ်သည်။
တရုတ်တွင် iPhone 5 ရောင်းအား ၃ ရက်အတွင်း အလုံးရေ ၂ သန်းကျော်
Apple ကုမ္ပဏီက တရုတ်နိုင်ငံတွင် Apple iPhone 5ကို စတင်ရောင်းချပြီး (၃)ရက်အတွင်း အလုံးရေ (၂)သန်းကျော် ရောင်းထွက်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ iPhone 5ကို တရုတ်နိုင်ငံတွင် သောကြာနေ့က တရားဝင် စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။ Appleသည် ဒီဇင်ဘာ လကုန်ပိုင်းတွင် နောက်ထပ် နိုင်ငံပေါင်း (၁၀၀)ကျော်သို့ iPhone 5ကို ဆက်လက် တင်ပို့သွားမည် ဖြစ်သည်။ Appleသည် iPhone 5ကို စက်တင်ဘာလ (၂၁)ရက်နေ့က နိုင်ငံပေါင်း (၉)ခုတွင် ပထမဆုံး ရောင်းချခဲ့သည်။ ယင်းတို့အနက် အမေရိကန်နှင့် ဩစတြေးလျတို့လည်း ပါဝင်သည်။ ထိုစဉ်က နိုင်ငံ (၉)ခုပေါင်း ရောင်းချရမှုသည် ပထမဆုံး (၃)ရက်အတွင်း အလုံးရေ (၅)သန်းကျော် ရှိခဲ့ကြောင်း သိရှိရသည်။



Appleသည် iPhone 5မတိုင်မီက ထွက်ရှိခဲ့သည့် iPhone 4S၏ အရောင်းစံချိန်ကို အတန်ငယ်မျှသာ အသာစီးယူကာ ချိုးဖျက်နိုင်ခဲ့သည်။ ယင်းအခြေအနေမှာ လေ့လာသူ အများစု မျှော်လင့်ထားသည်ထက် အရှိန်အဟုန် လျော့ကျနေခြင်းလည်း ဖြစ်သည်။ Apple၏ ရှယ်ယာဈေးနှုန်းသည် iPhone 5 စတင်ရောင်းချသည့်နေ့က စံချိန်တင်အဖြစ် (၇၀၅.၀၇)ဒေါ်လာသို့ ရောက်ရှိခဲ့သော်လည်း တတိတိ ပြန်လည် ကျဆင်းလာပြီး (၂၈)ရာခိုင်နှုန်းထိ စိုက်ဆင်းသွားခဲ့သည်။

တရုတ်နိုင်ငံတွင် iPhone 5၏ ဈေးကွက် ဖြန့်ကျက်မှုမှာမူ Appleအတွက် ဝင်ငွေကဏ္ဍ တိုးပွား မြင့်တက်လာစေဖွယ် ရှိနေသည်။ Apple၏ iPhone 5သည် အသစ်ပါဝင်လာသည့် မြေပုံစနစ်မှ အားနည်းချက်ကဲ့သို့ ချွတ်ယွင်းချက်များကြောင့် မျှော်လင့်သလောက် နာမည်ကောင်း မရဘဲ ဖြစ်ခဲ့သလို Android OSသုံး ပြိုင်ဘက်များ၏ အားပြိုင်မှုကြောင့်လည်း ဖိအားဝင်လာခဲ့ကြောင်း သိရှိရသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်