From : 7day
ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံခြားငွေများ ၀ယ်ယူ၊ ရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer Licence-M.C)များကို ခွင့်ပြုထုတ်ပေးပြီး လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ထုတ်ပြန်ကြေညာသည်။
ငွေလဲကောင်တာ လုပ်ငန်းတစ်ခု ဆောင်ရွက်ခြင်းအတွက် ကနဦး မတည်ရင်းနှီးငွေ
Myanmar Express
ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံခြားငွေများ ၀ယ်ယူ၊ ရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer Licence-M.C)များကို ခွင့်ပြုထုတ်ပေးပြီး လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်
ငွေလဲကောင်တာ လုပ်ငန်းတစ်ခု ဆောင်ရွက်ခြင်းအတွက် ကနဦး မတည်ရင်းနှီးငွေ
အနည်းဆုံး ကျပ်သန်း ၃၀ ထည့်ဝင်လုပ်ကိုင်ရမည်ဖြစ်ကြောင်း
အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ ငွေလဲကောင်တာလုပ်ငန်းများ တစ်ခုထက်မက
ဆောင်ရွက်လိုပါက ကောင်တာတစ်ခုချင်းစီအတွက် မတည်ငွေရင်း ကျပ် ၁၀ သန်းစီ
ထပ်မံထည့်ဝင်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ယင်းလုပ်ငန်းများအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုင်စင်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနတွင် လျှောက်ထားနိုင်ပြီဖြစ်သည်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ အမှတ် ၂၆(က)၊ စက်မှု(၁)လမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်းနံပါတ် ၀၁-၅၄၃၅၃၂၊ ၀၁-၅၅၉၂၇၈ နှင့် ၀၁-၈၆၀၃၇၄၈ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း အသိပေးကြေညာထားသည်။
ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၀က်ဘ်ဆိုက်ဖြစ်သော www.cbm.mm တွင်လည်း အသေးစိတ်ဖော်ပြထားသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်