Subscribe to our RSS Feed

ဆန္ဒပြတာထက် ညှိနှိုင်းနည်းနဲ့ အဖြေရှာသင့်

From : ခေတ်လူငယ်

လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြပြီးတော့ အဖြေရှာတာထက် ညှိနှိုင်းပြီးတော့ အဖြေရှာတာကသာ ပိုမိုကောင်းမွန်တဲ့ နည်းလမ်ဖြစ်တယ်လို့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေး အပိတ်နေ့ အစည်းအဝေး ခေတ္တနားချိန်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ဆက်စပ်ပြီး အခုလိုပြောတာပါ။ ‘အဲဒီလိုမျိုးဖြစ်ရင် ညှိနှိုင်းပြီးတော့ အဖြေရှာစေချင်တယ်၊ ဆန္ဒပြပြီးတော့ အဖြေရှာတယ်ဆိုတာထက် ညှိနှိုင်းပြီးတော့ အဖြေရှာတာက ပိုကောင်းတယ်၊ အဲဒီလို ဆန္ဒပြပြီးတော့ အဖြေထွက်မယ်ဆိုရင်လဲ အဓိပ္ပာယ်တစ်ခုက ဘာလဲဆိုတော့ ဖိအားပေးမှ ရတယ်ဆိုတဲ့သဘော ဖြစ်နေတာပေါ့၊ အဲဒီလိုမဖြစ်စေချင်ဘူး’ လက်ရှိအချိန်မှာဆို ပြည်တွင်းမှာ ဆန္ဒပြမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာ တွေ့ရတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ‘အရေးကြီးတာကတော့ ဒီနေ့ တရားဥပဒေစိုးမိုးဖို့ လိုပါတယ်၊ တရားနည်းလမ်းမကျဘဲ ဆန္ဒပြမှုတွေက တရားဥပဒေစိုးမိုးမှုကို အနှောင့်အယှက်လဲ ဖြစ်နိုင်ပါတယ်’ လို့ နိုဝင်ဘာ ၂၃ ရက်နေ့က ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး တင်သွင်းတဲ့အဆိုကို ထောက်ပြရင်း ပြောတယ်။ ဆန္ဒပြမှု (demonstration) နဲ့ ညှိနှိုင်းမှု (negotiation) က မတူဘူးလို့ ဆိုတယ်။ မြန်မာနိုင်ငံမှာဆို တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းပြီး အဖြေရှာတဲ့ ယဉ်ကျေးမှုက အရမ်းအားနည်းနေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုတယ်။ ‘ကျွန်မကတော့ ဟိုဘက်ဒီဘက် မျှမျှတတ ကြည့်ချင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်း သူ့အမြင် ကိုယ့်အမြင် ရှိတာပဲ၊ ကျွန်မတို့နိုင်ငံဟာ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းပြီးတော့ အဖြေရှာတဲ့ ယဉ်ကျေးမှုက အရမ်းအားနည်းတာပဲ၊ အဲဒီယဉ်ကျေးမှုတော့ အားပေးရမယ်၊ ဟိုဘက်ဒီဘက် အမြင်ကိုထည့်ပြီး တွက်တာတော့ လုပ်ကိုလုပ်ရမယ်၊ ကျွန်မတို့ ယဉ်ကျေးမှုက သိပ်နည်းတာပဲ၊ တစ်ခါတလေ သုံးသပ်ရမှာက နိုင်တဲ့လူက အရှုံးလဲ ဖြစ်နိုင်တယ်၊ နိုင်ပုံနိုင်နည်းက မဟုတ်ရင် ဒါအရှုံးပဲ၊ အဲဒီတော့ ရှုံးပုံရှုံးနည်းက ဟုတ်နေရင် ဒါအနိုင်ပဲ၊ ဒါကြောင့် နိုင်တတ်ရမယ်၊ ရှုံးတတ်ရမယ်’ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ လက်ရှိဖြစ်နေတဲ့ ကြေးနီစီမံကိန်း၊ မြစ်ဆုံစီမံကိန်းတွေနဲ့ ပတ်သက်လို့က အရင်ခေတ်တုန်းက ချုပ်ခဲ့တဲ့စာချုပ်တွေရဲ့ အကျိုးဆက်တွေကို ပြန်ပြီးတော့ ရှင်းရတယ်ဆိုတော့ နည်းနည်းတော့ ရှုပ်ထွေးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ရေတိုကိုပဲ ကြည့်လို့ မရဘဲ ရေရှည်ကို ကြည့်ရမယ်လို့ ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

1 comments:

အလကားအဘွားကြီးဒင်းပဲဟိုတုန်းကတော့ဆန္ဒပြရင်ထိပ်ဆုံးကအခုတော့ခိုင်းနွားအကြီးစားကြီးဖြစ်သွားင်္ပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်