From : မြဝတီ
တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် အသက်အရွယ်ကြီးရင့်သူ လူဦးရေများ ပြားလာမှုကြောင့် နောက်ထပ်နှစ်ပေါင်း ၂ဝ ကျော်အတွင်း အလုပ်လုပ်နိုင်သည့် လူဦးရေ တ
Myanmar Express

စ်သန်းခန့်လျော့ကျသွားနိုင် ပါသည်။
ဆိုးလ်မြို့အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်သော စာရင်းများအရအလုပ်လုပ်
နိုင်သော လူဦးရေသည် လက်ရှိအခြေအနေအရ ၇ ဒသမ ၄၆ သန်းရှိခဲ့ရာမှ ၂ဝ၃၂ ခုနှစ်အတွင်း ၆ ဒသမ ၅၆ သန်း အထိ လျော့ကျသွား မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အသက် ၆၅ နှစ်ကျော် ပြည်သူများသည်လည်း ၁ ဒသမ ဝ၃ သန်းမှ ၂ ဒသမ ၆ သန်းအထိ နှစ်ဆကျော် တိုးမြှင့်သွားမည်ဖြစ် သည်။ တောင်ကိုရီးယားနိုင်ငံတွင် မိသားစုစီမံ ကိန်းများ ချမှတ်ဆောင်ရွက် ခဲ့သော်လည်း အသက်အရွယ်ကြီးသူများ တိုးပွားလျက်ရှိရာ ၎င်းတို့အား အငြိမ်း စားလစာပေးချေမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို ထိန်းထားရန် အလုပ်သမား အရေအတွက် နည်းပါးမှု အခက်အခဲများက ခြိမ်းခြောက် လျက်ရှိကြောင်း သိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်