Subscribe to our RSS Feed

မြန်မာ့ဆေးပညာလောက၏ ဂုဏ်ယူဖွယ် အောင်မြင်မှု

From : ခေတ်လူငယ်

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက် နံနက် ၇ နာရီက မန္တလေးမြို့ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးတွင် အမြွှာညီအကိုနှစ်ဦး ဖြစ်သည့် မောင်အောင်ခန့်ကျော်နျင့် အောင်မြတ်ကျော် တို့နှစ်ဦး၏ တင်ချင်းဆက် အနေအထားမှ တစ်ဦးစီ အနေအထားသို့ရောက်အောင် ခွဲစိတ်ကုသ အောင်မြင်ခဲ့ကြောင်း သိရသည်။ ခွဲစိတ်ခန်း၌ ပါမောက္ခ ဦးအောင်မြ (ပါမောက္ခဌာနမှူး၊ ကလေးခွဲစိတ်ပညာဌာန) နှင့် ပါမောက္ခဦးထူးဟန် (ပါမောက္ခ/ဌာနမှူး၊ ကလေးခွဲစိတ်ပညာဌာန၊ ရန်ကုန်ကလေးဆေးရုံကြီး)တို့ ဦးဆောင်သော ခွဲစိတ်ကုသရေး အဖွဲ့မှ အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်ကြီးများ၊ သူနာပြုအဖွဲ့များမှ တာဝန်ယူ ခွဲစိတ်ခဲ့ကြခြင်း ဖြစ်သည်။ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မြင့်က “အခုလို ယောကျာ်းလေး တင်ချင်းဆက် အမြွှာခွဲစိတ်မှုက မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖြစ်ပါတယ်။ မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှာ ခေတ်မီကျန်းမာရေး ဆေးပညာ၊ ခေတ်မီကိရိယာများနဲ့ ကုသပေးနေပါတယ်။ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းတဲ့ ကလေးငယ်များကို နိုင်ငံတော်က စနစ်တကျ ပြုစုစောင့်ရှောက်ပြီး ခွဲစိတ်ကုသ ပေးနေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးခွဲစိတ် ဆရာဝန်များဟာ ကျွမ်းကျင်မှု ရှိကြပါတယ်။ မညံ့ကြပါဘူး။ ခွဲစိတ်ကုသတာ အောင်မြင်ခဲ့တာတွေ အကြိမ်ကြိမ်ပါပဲ” ဟု ပြောကြားခဲ့ပါသည်။ တင်ချင်းဆက် အမြွှာညီနောင်တို့မှာ ဦးဝင်းတိုး၊ ဒေါ်မြသန္တာတို့မှ မွေးဖွားပါသည်။ ၄င်းတို့သည် စစ်ကိုင်းမြို့နယ် ထုံးဘိုရွာ မင်းကွန်းတိုက်နယ်မှဖြစ်ပြီး ထိုကလေးနှစ်ဦးကို ၂၀၁၁ ခုနှစ် မေ ၁၅ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် မန္တလေး အေးသုခ ဆေးရုံတွင် ဒေါက်တာကောင်းမြတ်ထွန်း၊ ကလေးအထူးကု ဒေါက်တာအေးအေးသင်း တို့က Elective LSCS ဖြင့် မွေးဖွားပြီး ခုတင် ၃၃၀ ဆံ့ ကလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပါသည်။ ယခုအောင်မြင်စွာ သီးခြားခွဲစိတ်ခဲ့သည်မှာ ၄င်းကလေးနှစ်ဦး၏ အသက်တစ်နှစ်ခွဲခန့်တွင် ဖြစ်ပါသည်။ ယခုကဲ့သို့ တင်ချင်းဆက်အမြွှာမှာ ပထမဦးဆုံးအကြိမ် တင်ချင်းဆက်အမြွှာဖြစ်ပြီး အောင်မြင်စွာ ခွဲစိတ်ကုသနိုင်သည်မှာ မြန်မာဆေးပညာ လောက၏ ဂုဏ်ထူးတစ်ရပ်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခြင်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

 Myanmar Express 

2 comments:

ဘာလဲကွတင်ထားတဲ့ဓာတ်ပုံထဲကဆရာဝန်တွေကမုံရွာ
ဆေးရုံကဘုန်းကြီးကုတဲ့ဆရာဝန်တွေပဲ ခလေးခွဲစိတ်ပေး
တဲ့ဆရာဝန်တွေမှမဟုတ်တာ မဆီမဆိုင်တွေမလုပ်ပါနဲ့ကွ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်