Subscribe to our RSS Feed

သံဃာနှင့် နိုင်ငံရေး


by Padauk Myay

အခုတစ်လော လှုပ်ရှားမှုများမှာ သံဃာတော်တွေ
ပါဝင် ချီတက်တာ၊ ဟောပြောမှုကို နားထောင် တာတွေ လုပ်လာတာကို တွေ့ရပါတယ်။
တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိစ္စများမှာ သံဃာတော်များက ဒကာများကို
ဦးဆောင် လမ်းညွှန် တာမျိုးတွေ ရှိနိုင်တာ မှန်ပေမယ့် ပါတီတစ်ခု အတွက် ၊
ဒကာတစ်ဦး အတွက် မဲဆွယ် လှုပ်ရှားပေးတာ လုပ်သင့်ပါသလာ။ ထေရ၀ါဒ
နှစ်နိုင်ငံဖြစ်တဲ့ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံမှာတော့ အဲဒီလို
မဲဆွယ်မှုတွေမှာ သံဃာတွေ ပါဝင်ခွင့် မရှိဘူးလို့ သိရပါတယ်။ ကျွန်တော်တို့
နိုင်ငံမှာလည်း ၁၉၉၀ ရွေးကောက်ပွဲ နီးတော့ မင်းကွန်း ဆရာတော်ကြီးတို့က
အခုလို ညွှန်ကြားဖူးပါတယ်။

ညွှန်ကြားလွှာ အမှတ်လွှာ အမှတ် (၈၃)

သာသနာ့ ဝန်ထမ်း ရဟန်းသာမဏေများသည် ပါတီ နိုင်ငံရေးများ၌ ပါဝင်
ဆောင်ရွက်ခြင်း မပြုလုပ်ရန် ညွှန်ကြားခြင်း။

(၁၃၊ ၇၊ ၉၁) (ဒု-၂၊ ၄၊ ၅၃)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်းရှိ ထေရဝါဒ ဂိုဏ်းဝင်
သံဃာပေါင်း သုံးသိန်းကျော် နေထိုင် သီတင်း သုံးလျက် ရှိပါသည်။ ယင်းထေရဝါဒ
ဂိုဏ်းဝင် သံဃာ အပေါင်းသည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးမူ အရ
ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်း အဝေးပွဲကြီး ကျင်းပ ပြီးနောက် သံဃာ့
ဂိုဏ်းကြီး ၉ ဂိုဏ်းဖြင့် သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်း၍ သာသနာရေး
တာဝန်များကို ဆောင်ရွက်လျက် ရှိကြပါသည်။

ထေရဝါဒ သံဃာ့ ဂိုဏ်းဝင် သမ္မုတိ သံဃာတို့သည် သာသနာတော် သန့်ရှင်း တည်တံ့
ပြန့်ပွားရေးကို ဦးတည်၍ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့၏ ကိစ္စ ဖြစ်သော
ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးလုံးကို သော်လည်းကောင်း၊ တစ်ပါးပါးကို
သော်လည်းကောင်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ပါတီ နိုင်ငံရေးများ၌ ပါဝင်
ဆောင်ရွက်ခြင်းကို ရှောင်ကြဉ် ကြရမည် ဖြစ်ပါသည်။

အကယ်၍ ရဟန်း သာမဏေများ ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ပါက
နိုင်ငံရေး ပါတီများသည် ရဟန်း သာမဏေများထံ ချဉ်းကပ်၍ ဆရာ
မွေးကြပေလိမ့်မည်။ ထိုအခါ ရဟန်း သာမဏေများသည် မိမိနှစ်သက်ရာ ပါတီ
အနိုင်ရရှိရေးကို ဆောင်ရွက်ကြရ၊ ဟောပြောကြရသဖြင့် ဘုရားရှင်၏
ဓုရနှစ်ဖြာကို အားမထုတ်နိုင်တော့ဘဲ သာသနာတော် သန့်ရှင်း တည်တံ့
ပြန့်ပွားရေး ဦးတည်ချက်ကို ထိခိုက်လာမည့် အပြင် ရဟန်း သာမဏေ အချင်းချင်း
စိတ်ဝမ်းကွဲပြားကာ ခဲခဲယဉ်းယဉ်း တည်ဆောက် ထားရသော ဂိုဏ်းပေါင်းစုံ သံဃာ့
ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်တို့ ဧကန် ပျက်စီး
ကြရပေလိမ့်မည်။

ရှေးယခင် အင်္ဂလိပ် အုပ်စိုးစဉ်အခါက ဝံသာနု၊ ဒိုင်အာခီစသည် ကွဲပြားကြရာ
ရဟန်းတော်များ ပါတီနိုင်ငံရေး၌ ပါဝင် ဆောင်ရွက်ကြသဖြင့် ဝံသာနုဘုန်းကြီး၊
ဒိုင်အာခီ ဘုန်းကြီး စသည်တို့ စိတ်ဝမ်းကွဲကာ ကံကြီးကံငယ် အတူ
မဆောင်နိုင်၊ သံဃာစင် အတူ မတက်နိုင်သည် အထိ အချင်းချင်း
ကွဲပြားခဲ့ဖူးပါသည်။

မြန်မာ နိုင်ငံတော်၌ ရှေးအခါက တစ်ကြိမ် တစ်ခါမျှ မရခဲ့ဖူးသော
ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီးကို ရရှိ၍ သံဃာ့ အဖွဲ့အစည်း
အဆင့်ဆင့် ဖွဲ့စည်းကာ ''သံဃာ့ကိစ္စ သံဃာ ဆောင်ရွက်'' ဟူသော မူအရ သာသနာ့
ကိစ္စအဝဝကို သံဃာတော်များ ကိုယ်တိုင် ဆောင်ရွက်ခွင့် ရသဖြင့် သာသနာတော်၌
အဓမ္မဝါဒများကို နှိမ်နင်းနိုင်ခြင်း စသော အကျိုးတရား များစွာ
ဖြစ်ထွန်းခဲ့ပါသည်။ သို့ဖြစ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီး
မပြိုကွဲရန် ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်သည် ရဟန်း သာမဏေတိုင်း၏
တာဝန် ဖြစ်သည်။ ဤတာဝန်ကို ကျေပွန်စွာ မထမ်းဆောင် နိုင်ကြသဖြင့် သံဃာ့
ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်းများ ပျက်စီးသွားပါက နောင်တစ်ဖန်
ဤအခွင့်အရေးမျိုး ရရှိရန် မျှော်မှန်း၍ ရနိုင်တော့မည် မဟုတ်ပါ။

ပါတီနိုင်ငံရေး ဟူသည် လူဝတ်ကြောင်၊ လူပုဂ္ဂိုလ်တို့၏ ကိစ္စ တာဝန်သာ
ဖြစ်ပါသည်။ ရဟန်း သာမဏေများသည်ကား မည်သည့် ပါတီကပင် အစိုးရအဖြစ်
တက်ရောက်လာသည် ဖြစ်စေ ထိုတက်ရောက်လာသော အစိုးရ၏ တရားနှင့်အညီ ပေးအပ်သော
အာဏာစက် အကူအညီ အထောက်အပံ့ကို ရယူ၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးကို
စောင့်ရှောက် ထိန်းသိမ်း သွားရမည်သာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း၌ သီတင်းသုံး
နေထိုင်ကြသော ထေရဝါဒ သံဃာ့ဂိုဏ်းဝင် ရဟန်း သာမဏေတို့သည် ပါတီ
နိုင်ငံရေးများ၌ ကိုယ်တိုင်ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း၊
သူတစ်ပါးအား တိုက်တွန်းခြင်းများမှ ရှောင်ရှားကြရန် ညွှန်ကြား လိုက်ပါသည်။

(ဘဒ္ဒန္တဣန္ဒာစာရ)

ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ၊

အဘိဓဇမဟာရဋ္ဌဂုရု

(အဂ္ဂမဟာပဏ္ဍိတ၊

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
အဘိဓဇမဟာရဋ္ဌဂုရု၊
ဥက္ကဋ္ဌဆရာတော်
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
အကျိုးတော်ဆောင်ချုပ်

Myanmar Express

6 comments:

အာပါတ်နဲ့သေ ငရဲပြည်မသွေရောက်လိမ့်မည်။ အာပါတ်သေတိရစ္ဆာန်ပြည် မသွေရောက်လိမ့်မည်။
ဟို B2(N)ဆိုတဲ့ ဘုန်းကြီးအတု မင်းလူဝတ်လဲလိုက်ပါ။မင်းအာပါတ်သင့်နေပြီ။ ပြန်မပြောနဲ့ တစ်ခါတည်းငရဲပြည်ပို့လိုက်မယ်။
မရဏမင်း

ပို့လိုက်ကွာ ဆီကုန်နေလို့အိုးကင်းပူတိုက်ပြီး ဂျိုးကပ်အောင်လုပ်ပေးလိုက်မယ်

ယနေ့ဗမာပြည်သူများသည်ဒီမိုကရေစီနှင့်မထိုက်တန်ပါ
ဒီမိုကရေစီဆိုတာဘာမှန်းမသိသေးပါ
ပြည်သူတွေလိုသမျှလိုက်လုပ်ပေးနေရင်
တောတွင်းမှလက်နက်ကိုင်အဖွဲ့တွေကလဲ
သီးခြားအုပ်ချုပ်ရေး(သီးခြားနိုင်ငံ)များတောင်းဆိုလာမှာ
သေချာပါသည်

ဒါဟာအနောက်အုပ်စုတွေရဲ့ လက်ချက်တခုပါ
မြန်မာနိုင်ငံကြီးပြိုကွဲမခံနိုင်ပါ

စစ်တပ်မှအာဏာပြန်ယူပြီးပြန်လည်အုပ်ချုပ်သင့်ပါသည်
.

သံဃာ့နာယက ဆရာတော်ကြီးတွေ တစ်ခုခုတော့ ဆုံးဖြတ်သင့်ပါပြီ

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

From : International news for myanmarတကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာထားကြပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွားပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက်ကတော့ အမျိုးသား တို့ ဆေးလိပ်သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှု ကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။   Myanmar Express 23Share on facebookShare on twitterShare on emailShare on print

8 comments:

တောသားကြီ3း December 2012 17:19အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:20အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:21အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။ReplyA 1(M)3 December 2012 22:33ဒီပညာပေးဆောင်းပါးလေးကိုခုအချိန်ကြမှဖတ်ရလို့ဝမ်းအရမ်းနည်းမိတယ်ဗျာ..ကျွန်တော့်ဘဝအတွက်အရာရာဟာနောက်ကျသွားပေါ့...ဒီလိုဗျကျွန်တော်ကခပ်ငယ်ငယ်၃တန်းကျောင်းသားလောက်တည်းကမိဘတွေကလည်းဆိုဆုံးမမှုမရှိတော့မိမဆုံးမဖမဆုံးမသားသမီးတို့ထုံးစံအတိုင်းစိုးချင်တိုင်းစိုး ပေချင်တိုင်းပေ တေချင်တိုင်းတေနေရာကနေဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်ခဲ့မိတော့တာပါပဲ ခလေးအရွယ်ပေမယ့်လည်းမိုက်ရိုင်းလွန်းတဲ့ကျွန်တော်အိမ်ပေါ်မှာပေါ်ပေါ်ထင်ထင်ဆေးလိပ်သောက်တာကိုအဖေအမေကဘာမှမပြောဘဲလျစ်လျူရှုနေကြပါတယ်သူတို့ကလည်းသူတို့ဘာသာနေ့စဉ်လိုအိမ်ပေါ်မှာဖဲဝိုင်းထောင်ပြီးပျော်ပျော်ပါးပါးဖဲရိုက်နေကြတာပါပဲဗျာ...ရပ်ကွက်ထဲကတခြားအိမ်တွေကလူတွေကလည်းကျွန်တော်တို့မိသားစုကိုအပေါင်းအသင်းမလုပ်ကြဘူးဗျ ကျွန်တော်တို့ကိုတော်တော်အထင်သေးကြပြီး ကျွန်တော်တို့ကြောင့်ရပ်ကွက်မသန့်ဘူးလို့ပြောနေကြတာ...အဲ့တော့အပေါင်းအသင်းမရှိတဲ့ကျွန်တော်ဟာဆေးလိပ်ကိုပဲအဖော်ပြုပြီးစွဲစွဲမြဲမြဲသောက်ခဲ့ရာကကျန်းမာရေးကချို့တဲ့ပြီးရှုနာရှိုက်ကုန်းဖြစ်လာတော့တာပါပဲအဆိုးဆုံးကတော့ဗျာယောင်္ကျားအင်္ဂါဇာတ်အလွန်တိုပြီးလူစဉ်မမှီတဲ့ဘဝကိုရောက်သွားတော့တာပါပဲ..အိမ်မှာဖဲလာရိုက်တဲ့လူကြီးတွေက တစ်ချို့ကကျွန်တော့်ကိုဂွေးတိုလို့ခေါ်ပြီး တစ်ချို့ကတော့ တစ်လက္မခွဲလို့ခေါ်ကြတော့တာပါပဲဗျာ သူတို့ပြောတဲ့အတိုင်းတကယ်လည်းတစ်လက္မခွဲနယ်ကုန်ပါပဲ...ခုတော့ဆေးလိပ်သောက်ခြင်းဆိုးကျိုးကြောင့်ငန်းငန်းတက်အိမ်ထောင်ပြုချင်ပေမယ့်လည်းစိတ်သွားတိုင်းကိုယ်မပါ လူစဉ်မမှီတဲ့ဘဝ အားမတန်လို့မာန်လျော့လိုက်ရပြီပေါ့ဗျာ...မွေးရာပါဖွားတော်ဖက်ကသေးပေါက်ဖို့တစ်ခုပဲအသုံးဝင်ပါတော့တယ်ဗျာ...အနာဂတ်လူငယ်များကျွန်တော့်လိုဘဝမျိုးမရောက်ရအောင်ဆေးလိပ်မသောက်ကြပါနဲ့လို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်ဗျာ။ ။ReplyRepliesAnonymous3 December 2012 23:39A 1(M) ခေါ် ဂွေးတို ခေါ် တစ်လက္မခွဲ လေးရေသေးပေါက်ဖို့ပဲအသုံးဝင်တော့လည်းသေးပဲပေါက်တော့ပေါ့ကွယ်...ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားးးးးးးးးးးးးးးး

အပေါ်ကစောက်ရူး၂ကောင် mother fucker

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်