Subscribe to our RSS Feed

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ၂ပတ်ကြာမြန်မာပြည်တွင်းလာရောက်မည်

From : popular

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)ဥက္ကဌ ရဲဘော်သံခဲနှင့်အဖွဲ့ဝင် ၉ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်မနေ့မှစတင်၍
၂ပတ်ကြာမြန်မာနိုင်ငံ ခရီးစဉ်ကိုစတင် မည်ဟုမကဒတ ကသတင်းထုတ်ပြန်သည်။

၎င်းခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးစီးဖော်ဆောင်နေသည့်ပြုပြင်ပြောင်းလဲမှုများကိုလေ့လာရန်၊မကဒတဒအနာဂတ် နိုင်ငံရေးအခန်းကဏ္ဍအတွက် အမြင်သဘောထားများစုစည်းရန်နှင့် မိသားစုများ၊မကဒတရဲဘော်ဟောင်းများနှင့်တွေ့ဆုံရန် ရည်မှန်းချက် ၃ ရပ်ဖြင့်သွားရောက်ခြင်းဖြစ်သည်ဟု ထိုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မကဒတကိုယ်စားလှယ်များသည်ထိုခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င်ဒီမိုကရေစီအင်အားစုများ၊ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အပါအ၀င်တိုင်းရင်းသားအင်အားစုများ၊ကျောင်းသားလူငယ်အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။


အစိုးရအဖွဲ့ဝင်များနှင့် ယခုနှစ်အတွင်း ၃ကြိမ်တွေ့ဆုံဆွေးနွေး ခဲ့သည့် မကဒတသည်နိုဝင်ဘာ ၉ရက်၌ သမ္မတရုံးဝန်ကြီးဦးအောင်မင်းဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာပြည်သွားရောက်ရန် ၂ ဖက်သဘောတူညီခဲ့ခြင်းဖြစ်သည်။
 
www.MyanmarExpress.net
 

6 comments:

ပွဲလန့်တုံးဖျာခင်းတော့မယ်အကောင်တွေလာတော့မယ် ပြည်သူတွေအားလုံးသတိထားနေကျနော်.......................ကျောင်းသားအချင်းချင်းတောင်ရက်ရက်စက်စက်သတ် ထားတဲ့ခွေးတရိစ္ဆာန်တွေ .......မင်းတို့ကိုကျောင်းသားတွေ ကလက်စားချေပြမယ်။


မင်း တို့ ကောင် တွေ ပြန် လာ မ နေ ပါ
နဲ့ ကွာ ။ မင်း တို့ အား လုံး ချီး ထုပ် တွေ
မင်း တို့ ဝင် ပါ လည်း တိုင်း ပြည် ပျက် ဖို့
က လွဲ ပြီး ဘာ မှဖြစ် လာ မှာ မ ဟုတ် ဘူး
အ စိုး ရ က မ ကောင်း တတ် လို့ လူ လိုသူ
လို ဆက် ဆံ နေ တာ ကို သွေး နား ထင် ရောက်
ပြီး တိုင်း ပြည် ကယ်တင် ရှင် ကြီး တွေ ပုံ စံနဲ့
ဘာ မှ ဆောက် ဖြစ်ရှိ တဲ့ ကောင် တွေ မဟုတ်
ဘူး ဆို တာ လူ တိုင်း သိ နေ ပြီ
ဆန်ကုန်မြေလေး ကောင် တွေ
ဒီမို က ရေ စီ နိုင်ငံ ဖြစ် ဖို့ အ နှောက် ယှက်
ပေး တဲ့ ကောင် တွေ....
ပြန် မ လာ နဲ့.........
ထွက်သွား ကြ...

all r useless,,no shame.. age also old ready,,

ပြည်ဖျက်သူတောင်စားများလက်ခံရန်မလိုပါ။

ဟင်းဟင်း....မြင်ယောင်မိသေးတယ်.... မုဆိုးမအိမ်က ပေါက်နေတဲ့ ဒယ်အိုးကို ရွှံ့စေးနဲ့ဖာပြီး ဟင်းချက်စား
သလိုတော့ ဖြစ်တော့မယ်....

Which university these student leaders went to? Must be alumni or ex-student of a college or a university.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်