Subscribe to our RSS Feed

စီဒီအမ်အေဖုန်းများ သုံးလအတွင်း ထက်ဝက်ခန့်ဈေးကျလာ

From : ခေတ်လူငယ်

 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်းသုံးစွဲခွင့် ပေးထားခဲ့သည့် စီဒီအမ်အေဖုန်းများကို ထပ်မံရောင်းချရန် အစီအစဉ် မရှိတော့ဘဲ လက်ရှိ အများဆုံး သုံးစွဲလျက်ရှိသည့် ဂျီအက်စ်အမ်ဖုန်းများကိုသာ သရီးဂျီစနစ်သို့ မြှင့်တင်ပေးကာ ထပ်မံရောင်းချ သွားမည်ဖြစ်ကြောင်း သိရှိရပြီး နောက်ပိုင်း လက်ရှိ ဖုန်းဈေးကွက် အတွင်း စီဒီအမ်အေဖုန်းများ ဈေးနှုန်းပြန်လည် ကျဆင်းလာနေကြောင်း သိရှိရသည်။ ''စီဒီအမ်အေ ၈ဝဝ ဖုန်းသမားတွေ လွန်ခဲ့တဲ့ သုံးလလောက်အထိ အရင် ငွေကျပ် ငါးသိန်းတုန်းက ဝယ်ခဲ့တဲ့ ၇၃၁ နဲ့ စတာတွေ ဈေးကွက်မှာ ငွေကျပ် သုံးသိန်းခွဲအထိ အရောင်းအဝယ် ဖြစ်ခဲ့တယ်။ အခုတော့ ထပ်ပြီးချမပေးတော့ဘူး။ သုံးစွဲနေရင်လည်း နောက်ပိုင်းမှာ အဆင်မပြေလောက်တော့ဘူး ထင်ကြလို့ အဝယ်လုံးဝမရှိဘဲ ပြန်ရောင်း ချင်သူတွေလည်း ပိုများ လာပါတယ်။ စီဒီအမ်အေ ၄၅ဝ မဂ္ဂါဟက်ဇ် ဖုန်းတွေလည်း ပိုဆိုးပါတယ်။ သူက ရေဒီယိုလှိုင်းစနစ် ဖြစ်တဲ့အတွက် တောင်ထူထပ်တဲ့ ဒေသတွေကနေ လှမ်းပြီးဝယ်တာမျိုးတော့ ရှိတယ်။ အများစုကတော့ စိတ်မဝင် စားတော့ဘူး'' ဟု တာမွေလမ်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် တစ်ဆိုင်က ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြီးခဲ့သည့် လဆန်းပိုင်းအတွင်း အဆိုပါ စီဒီအမ်အေ ၈ဝဝ မဂ္ဂါဟက်နှင့် ၄၅ဝ မဂ္ဂါဟက်ဖုန်းများအား ထပ်မံချထားပေးခြင်းကို ရပ်ဆိုင်းလိုက်သော်လည်း သရီးဂျီ၊ ဖိုးဂျီ စသည့် ဂျီအက်စ်အမ် စနစ်များအား မြှင့်တင်ပေးမည်ဖြစ်ကာ နောက်ပိုင်းတွင် အယ်လ်တီအီး နည်းပညာများကိုသာ အသုံးပြုသွားတော့မည် ဖြစ်ကြောင်း မီဒီယာများအား ပြောကြားခဲ့သည်။ “ဖုန်းဈေးတွေက နှစ်ဆန်းမှာ ကျလာမယ်လေ။ မြန်မာ့ဆက်သွယ်ရေးက ငွေကျပ် တစ်သိန်းသုံးသောင်း ဝန်းကျင်ဆိုပေမယ့် အပြင်မှာ ကြားနေတာက ငွေကျပ် ရှစ်သောင်းအထိ ကျဆင်းလာတော့မယ်ဆိုပြီး ကြားနေရတော့ လက်ရှိမှာ အရစ်ကျ ဝယ်တဲ့သူတွေတောင် စိတ်ညစ်နေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဈေးက ကျဆင်းမှာဆိုတော့ အဝယ်လုံးဝ မရှိပါဘူး။ လက်ရှိမှာ ဖုန်းပျောက်တာ၊ ဖုန်းပျက်တာလောက်ပဲ လာကြတယ်။ လက်ရှိ ငွေကျပ် နှစ်သိန်းတန် ဖုန်းတွေကိုတောင် အချို့ဆိုင်တွေက ငွေကျပ် တစ်သိန်းနှစ်သောင်းလောက်နဲ့ လက်ကျန်ပြတ်အောင် ချရောင်းနေတာမျိုး ရှိလာတယ်'' ဟု မိုဘိုင်းဖုန်းပြုပြင်သူ တစ်ဦးဖြစ်သူ ကိုမျိုးက ပြောကြားသည်။ လက်ရှိ ဈေးကွက် အတွင်းတွင် ငွေကျပ် နှစ်သိန်းတန် ဂျီအက်စ်အမ် ဖုန်းကတ် (အသစ်၊ အဟောင်း) များအား ငွေကျပ် တစ်သိန်းမှ တစ်သိန်းရှစ်သောင်း အတွင်း အရောင်းအဝယ်ဖြစ်နေပြီး စီဒီအမ်အေ ၈ဝဝ ဖုန်းများအား ငွေကျပ် တစ်သိန်းခွဲခန့်ဖြင့် ရောင်းလိုသူများက ဈေးခေါ်ကြကြောင်း သိရသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်