Subscribe to our RSS Feed

ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယ တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများကို ရဲတပ်ဖွဲ့မှ ဖြိုခွဲ

From :voa


အိန္ဒိယနိုင်ငံမှာ ၂၃ နှစ်အရွယ် ကျောင်းသူတဦးကို အုပ်စုလိုက် အဓမ္မပြုကျင့်မှုနဲ့ ရိုက်နှက်မှုတွေ အတွက် စွပ်စွဲချက်နဲ့ ဖမ်းဆီးထားသူ ၆ ယောက်ကို မြန်မြန်ဆန်ဆန် အရေးယူပေးဖို့ နယူးဒေလီ မြို့တော်မှာ တောင်းဆိုဆန္ဒပြမှုတွေ တနင်္ဂနွေနေ့က ၂ ရက်မြောက်တဲ့ အချိန်မှာတော့ ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ နှိမ်နင်းခဲ့ပါတယ်။ အာဏာရ ကွန်ဂရက်ပါတီရဲ့ အကြီးအကဲ Sonia Gandhi ကတော့ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံစကားပြောဖို့ နေအိမ်ကနေ စနေနေ့ည သန်းခေါင်ကျော်မှာ ထွက်လာခဲ့သလို တနင်္ဂနွေနေ့မှာ တုန်းကလည်း တချိန်မှာ အိန္ဒိယရဲ့ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ အများက တွက်နေကြတဲ့ သားဖြစ်သူ Rahul နဲ့ ထပ်မံ သွားရောက်ခဲ့တာပါ။

အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်လို့ ဆန္ဒပြသူတွေ အကြီးအကျယ် စုဝေးနေကြတဲ့ နေရာဟာ ဆန္ဒပြခွင့် မရှိတဲ့နေရာ ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သမ္မတအိမ်တော်နဲ့ လွှတ်တော် အနီးအနား တ၀ိုက်ဟာ ဆန္ဒပြခွင့်မရှိတဲ့ တားမြစ်နေရာတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့တာပါ။ စနေနေ့မှာ တုန်းကလည်း တရားမျှတမှု ရရှိရေး ကြွေးကြော်ပြီး နယူးဒေလီမြို့မှာ ချီတက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ရက်အတော်ကြာကြာ ဖြစ်ပွားနေတဲ့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးထားသူ ၆ ယောက်ကို သေဒဏ် စီရင်ဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့တာပါ။ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာ အရင်တပတ် တနင်္ဂနွေနေ့တုန်းက ယောက်ျားလေး အဖော်တဦးနဲ့အတူ နယူးဒေလီ မြို့တော်မှာ ဘတ်စ်ကားစီးသွားရင်း တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတင်ထားရဆဲ ဖြစ်ပေမဲ့ စနေနေ့မှာတော့ ရဲကို တိုင်ချက် ပေးနိုင်ခဲ့ပါတယ်။
 
 
 www.MyanmarExpress.net
 

14 comments:

at least they use water, Myanmar soldiers use bullets

ကိုယ် ပိုင် ပြ ဒါန်း ခွင့် ကိုယ် ပိုင် တပ် မ တော် တောင်း ဆို တာ ဟာ တိုင်း ပြည် ပြို ကွဲ အောင် လုပ် တာ ပါ ကချင် သူ ပုန် ဝ သူ ပုန် ssa သူ ပုန် တွေ ကို အပြုတ် တိုက် ပါ တရုတ် က လဲ သူ ပုန် တွေ ကို အား ပေး အား မြေiှာက် လုပ် နေ ပါ တယ် တရုတ် စီမာန် ကိန်း များ ကို ဖျက် သိမ်း ပစ် ပါ ပြည် သူ ပြည် သား များ တိုင်း ပြည် မပြို ကွဲ အောင် ကာ ကွယ် ကြ ပါစို့

ဖွေးဖွေးကို ပြောနေတဲ့ လူတွေက ကောဘာထူးလို့ လဲ သူတို့ ရည်း စားတွေ နဲ့ တွေ့ရင် နမ်းတာထက် ပိုတောင် ဆိုး သွား အုံး မယ် ကိုယ့် မျက် ချေး ကိုယ်မ မြင် ဘဲ သူ များ မျက် ချေး ကျတော့ မြင် တယ်

ဖွေး ဖွေး ကို မ ထိ နဲ့

ဘ ာ ေ တ ြ လ ဲ က ြ ာ

ဘာ တွေ လဲ ကွာ

ဘာ တွေ လဲ ကွာ

မြန်မာက အိန္ဒိယလောက် ရေမပေါလို့ နေမှာပေါ့

မြန်မာက အိန္ဒိယလောက် ရေမပေါလို့ နေမှာပေါ့

ငါ့ ချစ် သူ ဖွေး ဖွေး မ ပါ ဘူး နော်

ဖွေးဖွေးကအဲ့လိုမဟုတ်ပါဘူးနော်

ဟုတ်ပ ဟုတ်ပ

ပူ ​နေ မှာ ဆိုး လို့ ပါ

မရိုက်​သင့်​ပါဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်