Subscribe to our RSS Feed

နေပြည်တော်ရှိ အမျိုးသား စာကြည့်တိုက်မှာ ၆၉ ရာခိုင်နှုန်း တည်ဆောက် ပြီးစီး

From :mrtv4


နေပြည်တော်မှာ ဆောက်လုပ် လျက်ရှိတဲ့ အမျိုးသား စာကြည့်တိုက်ဟာ တည်ဆောက်မှု အနေနဲ့ ၆၉ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်တယ်လို့ ယဉ်ကျေးမှု ၀န်ကြီး
ဌာန ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အမျိုးသား စာကြည့်တိုက် နေပြည်တော်ဟာ ဇဗ္ဗူသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကုမုဒြာကြာပန်း အ၀ိုင်းအနီးရှိ အမျိုးသား ပြတိုက် နေပြည်တော်ရဲ့ တောင်ဘက်မှာ တည်ဆောက် လျက်ရှိတာ ဖြစ်ပါတယ်။

အခုလို တည်ဆောက် ရာမှာ ပင်မဆောင် အပါအ၀င် အဆောက်အအုံ ၃ ခုကို တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက် လျက်ရှိတဲ့ အမျိုးသား စာကြည့်တိုက် နေပြည်တော်မှာ e-library စနစ်ကိုပါ ထားရှိ ဆောင်ရွက် သွားမှာ ဖြစ်ပြီး နောက်ပိုင်း မှာတော့ Online ၀န်ဆောင်မှု ပေးနိုင်မယ့် Digital Library အဖြစ် တိုးမြှင့် တည်ဆောက် ဖွင့်လှစ်နိုင်ဖို့ အတွက်လည်း စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ တည်ဆောက် လျက်ရှိတဲ့ အမျိုးသား စာကြည့်တိုက် နေပြည်တော်ကို နိုင်ငံတော် အစိုးရရဲ့ ခွင့်ပြုငွေနဲ့ မိုးကြယ်စင် ဆောက်လုပ်ရေး ကုမ္ပဏီက တည်ဆောက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်