Saturday, December 15, 2012
ME
From : planet
အိမ်ဖြူတော်က ရိုက်သည် ယခုနှစ်ကုန်တွင် ရာထူးမှ အနားယူမည့် ဟီလာရီ
ကလင်တန် နေရာအတွက် ဆက်ခံသူအဖြစ် စဉ်းစားခံနေရခြင်းမှ မိမိသဘောအတိုင်း
နုတ်ထွက်သွားကြောင်း အတည်ပြုခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးရာထူးအတွက် ထည့်သွင်း စဉ်းစားခံရသူများ စာရင်းမှ ကုလသမဂ္ဂဆိုင်ရာ
အမေရိကန် သံအမတ်ကြီး ဆူဆန်ရိုက်စ် နုတ်ထွက်သွားကြောင်း သိရှိရသည်။
အိမ်ဖြူတော်က ရိုက်သည် ယခုနှစ်ကုန်တွင် ရာထူးမှ အနားယူမည့် ဟီလာရီ ကလင်တန်
နေရာအတွက် ဆက်ခံသူအဖြစ် စဉ်းစားခံနေရခြင်းမှ မိမိသဘောအတိုင်း
နုတ်ထွက်သွားကြောင်း အတည်ပြုခဲ့သည်။
အမေရိကန် သမ္မတ ဘာရတ် အိုဘားမားကလည်း ရိုက်စ်၏ သဘောထားကို
လက်ခံပေးခဲ့ပြီး သူမသည် ကုလသမဂ္ဂနှင့်သာ ဆက်လက်၍ လက်တွဲ အလုပ်လုပ်နေမည်ဟု
သိရသည်။ ရိုက်စ်သည် ဟီလာရီ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် အဓိက
နာမည်ကြီးနေခဲ့ပြီးမှ လစ်ဗျားနိုင်ငံ၊ ဘန်ဟာဇီတွင် အမေရိကန် သံအမတ်
သတ်ဖြတ်ခံရခြင်းတွင် သူမ၏ လုပ်ဆောင်မှုများအတွက် မေးခွန်းထုတ်မှုများနှင့်
ရင်ဆိုင်ခဲ့ရသည်။

သမ္မတ အိုဘားမားက သမ္မတ ဒုတိယ သက်တမ်းအတွက် ဆက်လက် ရွေးချယ်ခံရသည့်တိုင်
ဟီလာရီက သူမသည် (၄)နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် အနားယူတော့မည်ဟု
ကြိုတင် ပြောဆိုထားခဲ့သည်။ ရီပတ်ဘလစ်ကန်တို့က ရိုက်စ်သည် အဆိုပါ
ဖြစ်ရပ်တွင် ပြည်သူများကို သတင်းထုတ်ပြန်ရာ၌ နားလည်မှု လွဲမှားအောင်
ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။
"အထင်အမြင်မှားအောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲ တိုက်ခိုက်မှုတွေအတွက်
ရိုက်စ်နဲ့ထပ်တူ ကျွန်တော် စိတ်မကောင်း ဖြစ်ရပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့
ဆုံးဖြတ်ချက်က သူ့ရဲ့ ရဲရင့်ပြတ်သားမှုကို မီးမောင်း ထိုးပြနေတာ ဖြစ်ပါတယ်။
အမေရိကန် ပြည်သူတွေက ရိုက်စ်လို နိုင်ငံရဲ့ အလုပ်အကျွေးပြုသူ တစ်ယောက်အတွက်
ဂုဏ်ယူနေကြမှာ ဖြစ်ပါတယ်"ဟု အိုဘားမားက ပြောဆိုသွားခဲ့သည်။
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်