From : mrtv4
www.MyanmarExpress.net
ပြည်တွင်းမှာ
စိုက်ပျိုး လျက်ရှိတဲ့ အော်ဂဲနစ် ဆန်များကို ၀ယ်ယူစားသုံးသူ ပိုမို
များပြားလာ တယ်လို့ မြန်မာနိုင်ငံ အော်ဂဲနစ် အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့
ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အော်ဂဲနစ် ဆန်များကို ယခု လက်ရှိမှာ ဧရာဝတီတိုင်း ဒေသကြီး လပ္ပတ္တာ မြို့နယ်မှာ အဓိက ထားပြီး စိုက်ပျိုးနေတာ ဖြစ်ပါတယ်။ အဲ့ဒီ အော်ဂဲနစ် ဆန်စပါးကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က မြေဧက ၇၅ ဧကကိုသာ စမ်းသပ် စိုက်ပျိုး ခဲ့တာဖြစ်ပြီး ၀ယ်ယူ စားသုံးသူ ပိုမိုများပြား လာတဲ့ အတွက် ယခုနှစ် ၂၀၁၂ ခုနှစ်မှာ ဧက ၁၀၀၀ ထိ တိုးချဲ့ စိုက်ပျိုး ထားတာ ဖြစ်ပါတယ်။
အဲ့ဒီ အော်ဂဲနစ် အဖြစ် စိုက်ပျိုးတဲ့ စပါး အမျိုးအစား ကတော့ ပေါ်ဆန်မွှေး အမျိုးအစား ဖြစ်ပြီး ၁ ဧကကို စပါးတင်း ၄၀ နီးပါး ထွက်ရှိတာ ဖြစ်ပါတယ်။ ယခုနှစ် အတွက် အော်ဂဲနစ် ဆန်အဖြစ် စိုက်ပျိုး ထားတဲ့ စပါးများမှာ ဈေးကွက်သို့ ရောက်ရှိ နေပြီ ဖြစ်ပါတယ်။ အဲ့ဒီ အော်ဂဲနစ် ဆန်များကို ပြည်တွင်း ဈေးကွက်မှာ ၁ ပြည်ကို ငွေကျပ် ၃၀၀၀ နီးပါးနဲ့သာ ရောင်းချနေတာ ဖြစ်ပါတယ်။
အဆိုပါ အော်ဂဲနစ် ဆန်များကို ရန်ကုန်မြို့မှာ အဓိကထား ရောင်းချပေး နေတာဖြစ်ပြီး ရန်ကုန်မြို့ရှိ City Mart Super Market နဲ့ တခြား Super Market များမှာလည်း ချိတ်ဆက်ပြီး ရောင်းချပေး နေတာ ဖြစ်ပါတယ်။ အဲ့ဒီ အော်ဂဲနစ် ဆန်များကို စားသုံးခြင်းဖြင့် ဓါတုဗေဒ ဆေးဝါးများကို သုံးစွဲထားခြင်း မရှိတဲ့ အတွက် ကျန်းမာရေး ထိခိုက်မှု ကိုလည်း ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းရှိ စားသုံးသူများ ကျန်းမာရေး ထိခိုက်မှု လျော့နည်းစေရေး အတွက် အော်ဂဲနစ်ဆန် အပြင် အခြား အော်ဂဲနစ် သီးနှံများ ကိုလည်း စိုက်ပျိုး ရောင်းချပေး လျက်ရှိတယ်လို့ သိရပါတယ်။

1 comments:
Very good. All foods in Myanmar must be Organic ( Natural ) foods. Natural foods prevent Cancer and other disease and make people for Long life.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်