Subscribe to our RSS Feed

နိုင်ငံတကာ အဆင့်အတန်းမီ တန်ဖိုးမြှင့် ထုတ်ကုန်များ တင်ပို့ရန် နိုင်ငံတကာ ဈေးကွက်သစ်များ ကြိုတင် ရှာဖွေထားရန် အရေးကြီး

From : မြဝတီ

ဒီဇင်ဘာ၂ ရက် နံနက် ၁ဝ နာရီခွဲက သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းသည် ရန်ကုန်တိုင်း ဒေသကြီး ဒေါပုံမြို့နယ်
အဏ္ဏဝါ ဒေဝီ ပင်လယ်ငါးဖမ်း ကုန်ထုတ်နှင့် အထွေထွေ လုပ်ငန်း သမဝါယမ အသင်း လီမိတက်သို့ သွားရောက်၍ လက်ရှိ ဆောင်ရွက်လျက် ရှိသော ငါးပြုပြင် ထုတ်လုပ်ခြင်း လုပ်ငန်းကို ပိုမို အဆင့်မြင့်ပြီး တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပ ပို့ကုန်အဖြစ် တင်ပို့နိုင်ရန် အတွက် နိုင်ငံတကာ အဆင့် အတန်းမီ စက်ရုံအဖြစ် အဆင့် မြှင့်တင်ခြင်းကို မလွဲမသွေ ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စု ဝန်ကြီးက ဆက်လက် ပြောကြားရာတွင် တိုးချဲ့ရင်းနှီး မြှုပ်နှံရန် လိုအပ်သည့် ငွေကြေးနှင့် ရရှိ နိုင်မည့် အကျိုးအမြတ် တို့ကို အသေးစိတ် တွက်ချက်ကာ ပြည်တွင်းမှ အစု ရှယ်ယာရှင်များ ဖိတ်ခေါ်ခြင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း အပြင် သမဝါယမ အသင်း အဆင့်ဆင့်မှ သက်သာသော အတိုးနှုန်း များဖြင့် ရယူခြင်း၊ နိုင်ငံ တကာ၏ အကူ အညီနှင့် အတိုးနှုန်း သက်သာသော ချေးငွေများ ရယူခြင်း တို့ကို ဝန်ကြီး ဌာနက အစွမ်းကုန် ပေါင်းစပ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့် အတန်းမီ ထုတ်လုပ်ထားသည့် တန်ဖိုးမြှင့် ထုတ်ကုန်များ တင်ပို့ရန် အတွက် လက်ရှိ ဈေးကွက်များ အပြင် အခြားသော နိုင်ငံတကာ ဈေးကွက်သစ် များကိုလည်း ကြိုတင်လေ့လာ သုံးသပ် ရှာဖွေ ထားရှိရန် အရေးကြီးကြောင်း မှာကြားသည်။ ဆက်လက်၍ စက်ရုံအတွင်း ကုန်ချောပြုပြင် ထုတ်လုပ်ခန်း၊ ထုပ်ပိုးခန်း၊ သိုလှောင်ခန်း၊ အအေးခန်း များတွင် လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်