From : the voice
ဧရာဝတီတိုင်းဟသာင်္တမြို့နယ်ဒူးယားကျေးရွာအနီးတွင်ရပ်ထားသော
ထော်လာဂျီ ကို ချမ်းမြေ့အောင် ဆိုသူမောင်းနှင်လာသော ဆိုင်ကယ် က ၀င်
တိုက်မိသဖြင့် ဆိုင်ကယ်တွင် ပါလာသူ ၄နှစ် အရွယ် ကလေးငယ် တစ်ဦးသေဆုံး
ခဲ့ကြောင်းယင်းကျေးရွာနေ မျက်မြင်များ၏ ပြောကြားချက် အရ သိရသည်။
ဟင်္သာတမြို့နယ် ဒူးယားကျေးရွာ အနီး ဒီဇင်ဘာ ၁၄ ရက်၊ည ၇ ကျေ
www.MyanmarExpress.net
ဧရာဝတီတိုင်းဟသာင်္တမြို့နယ်ဒူးယာ
ဟင်္သာတမြို့နယ် ဒူးယားကျေးရွာ အနီး ဒီဇင်ဘာ ၁၄ ရက်၊ည ၇ ကျေ
ာ်ခန်
့က လှည်းလမ်းတက်ရွာနင့် သပြုပင်ရွာ ကြားမိုင်တိုင် အမှတ် ၅/၇ နှင့် ၆/ဝ
အကြား ဇလွန်ဘက် သို့ ခေါင်းလှည့်၍ ရပ် ထားသောထော်လာဂျီ ဂဌ/၈၄၄၀ ၏
နောက်ပိုင်းကို သံကြိုးတန်းရွာနေ ချမ်းမြေ့အောင် ဆိုသူမောင်းနှင်လာသော
၁၉ယ/၉၅၆၈၇ နံပါတ်ပါ နယူးအန်ဘို ဆိုင်ကယ်က ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း
၎င်းတို့က ဆက်လက် ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ရှေ့ တွင် ထိုင်လိုက်လာသော ၄င်း၏ (၄)နှစ် သမီး မမေဇင်ဦးမှာ ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးရုံ တွင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ မအေးအေးသင်းနှင့် ချမ်းမြေ့ အောင် တို့ မှာ ဒဏ်ရာများ အသီးသီး ရရှိ ခဲ့ကြောင်း ဒူးယား ရဲစခန်းမှ ပြောကြားသည်
ညအမှောင်ထဲတွင် ရပ်ထားသော ထော်လာဂျီသည် လမ်းပေါ်တွင် တက်ရပ်ထားပြီး ရောင်ပြန်တပ် မထားခြင်းကြောင့် ရှေ့မီးအားနည်းသော မည့်သည့် ဆိုင်ကယ်မဆို ဝင်တိုက်နိုင်ဖွယ် ရှိကြောင်း ယင်းဒေသတွင် နေထိုင်သူများက ရှင်းပြသည။်
သေဆုံးသွားသူ (၄)နှစ်သမီးလေး၏ ဖခင်ဆိုင်ကယ် ယာဉ်မောင်း ချမ်းမြေ့အောင် (၂၈) နှစ်ကို ဒူးယားရဲစခန်းက (ပ)၄၄ /၂ဝ၁၂ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အရေးယူထားကြောင်း ၄င်းရဲစခန်းမှ သိရှိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်