Subscribe to our RSS Feed

၂၀၁၂တွင် နိုင်ငံခြားသားများ ရွှေတိဂုံသို့လာရောက်ဖူးမြော်မှု

From : hot news




၂၀၁၂ခုနှစ် ဇန်န၀ါရီမှနိုဝင် ဘာအထိ နိုင်ငံခြားသားများ ရွှေ တိဂုံဘုရားသို့လာရောက်ဖူးမြော်  သူလူဦးရေမှာ (၂၀၁၁)ခုနှစ် တစ် နှစ်စာလုံးထက် များပြားကြောင်း သိရှိရသည်။
ရွှေတိဂုံသို့လာရောက်ဖူးမြော်  သော နိုင်ငံခြားသားများမှာ နိုင်ငံ ပေါင်း(၅၇)နိုင်ငံမှဖြစ်ပြီး ၂၀၁၂ခုနှစ်  ဇန်န၀ါရီမှနိုဝင်ဘာအထိ အများ ဆုံးဝင်ရောက်လာသောနိုင်ငံခြား သားများမှာထိုင်း(၆၂၈၉၇)ဦး၊  တရုတ်(၃၄ ၈၂၈၁)ဦး၊ပြင်သစ် (၁၉၀၅၈)ဦးဖြစ်ပြီး၂၀၁၁ခုနှစ် တစ်နှစ်လုံး (၂၂၅၃၈၁)ဦးရေ ထက်များပြားကြောင်းလည်းသိရ သည်။
၂၀၁၂ ဒီဇင်ဘာ(၁)ရက်မှ (၁၆)ရက်အထိ နိုင်ငံခြားသား များ ရွှေတိဂုံဘုရားသို့လာရောက်  သူဦးရေ(၁၈၃၄၃)ဦးရေတိုးလာပြီး   တစ်ဦးလျှင် ဧည့်ဝင်ကြေးအဖြစ် ဒေါ်လာ(သို့) FEC (၅)ယူနစ် ယူ ခဲ့ကြောင်း၊၀င်ကြေးငွေမှာ အမေ ရိကန်ဒေါ်လာ(၈၆၉၇၈)၊FEC  (၄၂၃၇)ရရှိခဲ့ပြီးနိုင်ငံခြားသားများ  လှူဒါန်းသွားသော အလှူတော် ငွေအဖြစ် အမေရိကန်ဒေါ်လာ (၁၁၁၅၅)နှင့်FEC (၁၀)ရရှိခဲ့  ကြောင်းသိရသည်။
၎င်းရွှေတိဂုံဘုရားသို့အများ ဆုံးလာရောက်ဖူးမြော်သော နိုင်ငံ မှာ ထိုင်း၊ ပြင်သစ်၊ ဂျာမနီ၊တရုတ်၊  ဂျပန်တို့ဖြစ်ပြီး အနည်းဆုံးလာ ရောက်ဖူးမြော်သောနိုင်ငံမှာ အီရန်၊တောင်အာဖရိက၊ဟော်လန်၊  အစ္စရေး၊ဖိလစ်ပိုင်တို့ဖြစ်ကြောင်း   လည်း သိရသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်