Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံသို့ ရောက်ရှိ

From : သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာရာ ဒေသ စံတော်ချိန် မွန်းလွဲ (၂) နာရီ (၁၅) မိနစ် တွင် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ အိမ်ရှေ့မင်းသား HRH. Prince Mohammad Bolkiah နှင့် စက်မှုနှင့် သဘာဝ အရင်းအမြစ်များ ဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး၊ အဆင့်မြင့် အရာရှိကြီးများ မြန်မာနိုင်ငံတော် ဆိုင်ရာ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ  သံအမတ်ကြီး၊ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံရုံးမှ ဝန်ထမ်းများနှင့် မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် မြန်မာချစ်ကြည်ရေး  ကိုယ်စားလှယ် အဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မော်တော်ယာဉ်တန်းဖြင့် ဆက်လက် ထွက်ခွာကြရာ ခေတ္တ တည်းခိုးမည့်  Empire Hotel & Country Club သို့ ရောက်ရှိကြသည်။



 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်