From : မြဝတီ
ပြည်နယ် အုပ်ချုပ်ရေးမှူး အား အစိုးရမှ ရာထူးမှ ဖယ်ရှားရေး သဘော တူညီမှု ရရှိခဲ့ ပြီးနောက် တူနီးရှား အလုပ်သမား သမဂ္ဂသည် ရက်သတ္တပတ် နီးပါး ဆန္ဒပြ တိုက်ခိုက်မှုအား ဒီဇင်ဘာလ ၂ ရက် နေ့
Myanmar Express

တွင် ရပ်ဆိုင်းခဲ့ ပါသည်။
အဆိုပါ ဆန္ဒ ပြမှုသည် တူနီးရှား မြို့တော် ကျူးနစ်၏ အနောက် တောင်ဘက် ၇၅ မိုင် အကွာ Siliana ပြည်နယ်တွင် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူ များအကြား တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ဝဝ ကျော် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရ ပါသည်။ ဒေသဆိုင်ရာ အလုပ်သမား သမဂ္ဂက ဒေသတွင်း စီးပွား ရေး ပြဿနာများ အပေါ် ဆန္ဒပြ မှုများ ဖြစ်ပွားခဲ့ ပါသည်။ အဆိုပါ ဆန္ဒပြမှု များတွင် ရဲတပ်ဖွဲ့ များအား ဆန္ဒပြသူ များမှ ခဲများဖြင့် ပစ်ခတ်ခဲ့ပြီး ရဲတပ်ဖွဲ့မှ မျက်ရည်ယို ဗုံးများ၊ ခဲစေ့များဖြင့် ပြန်လည် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ ပါသည်။ ကုလ သမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ ကော်မရှင်က ရဲတပ်ဖွဲ့၏ တုံ့ပြန်မှုအား ပြစ်တင် ဝေဖန်ခဲ့ပြီး အဆိုပါ ပစ်ခတ်မှု များကြောင့် အရပ်သား ၂ ဦး မျက်စေ့ ကွယ်ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက ဒီဇင်ဘာလ ၁ ရက် နေ့တွင် ထုတ်ပြန် ကြေညာခဲ့ ပါသည်။

2 comments:
စစချင်းတော့တရုတ်ကိုမဲပြီးတိုက်ခိုက်နေတာ
နောက်ဆုံးတရုတ်ကမသကာမြန်မာပြည်မှာရင်းနှီးမှုတွေမလုပ်ရုံဘဲပေါ့
အခုတဖြည်းဖြည်းနဲ့ ဦးသိန်းစိန်အစိုးရဆီမျှားဦးလှည့်လာပြီ
ဒါဟာသူ့အလိုအလျှောက်ဖြစ်တာမဟုတ်ပါဘူး
အနောက်နိုင်ငံတွေနဲ့ အတိုက်အခံတွေရဲ့ နိုင်ငံရေးအစီစဉ်တခုပါ
အမေရိကန်တွေကမျက်နှာမိတ်ကပ်ရိုက်ပြီး၊မျက်နှာချိုသွေးပြီး၊
မြန်မာအတိုက်အခံတွေကိုတော့မျက်နှာအိုးမဲသုတ်ပြီး
ကခိုင်းတဲ့လုပ်ဇတ်ကြီးတခုပါ
ကိုင်း...အခုဘာလုပ်ကြမလဲ?
၂၀၁၅ မတိုင်မှီ တပ်မတော်မှအာဏာပြန်ယူပြီးအုပ်ချုပ်ဖို့သာရှိတော့ပါတယ်
ဒီလိုဒီမိုကရေစီဆိုတာဘာမှန်းမသိသေးတဲ့
ဒီမိုကရေစီနဲ့မထိုက်တန်တဲ့သူတွေကို
သေနတ်နဲ့အုပ်ချုပ်တာလက်တွေ့အကျဆုံးပါ
*မှတ်ချက်* ဒီမိုကရေစီဆိုတာ၊ဘာပြသနာကိုမဆို
တရားဥပဒေဘောင်ထဲကရှင်းလင်းဖို့ပါ၊
ဒီမိုကရေစီနိုင်ငံမှာလွတ်လပ်စွာဆန္ဒပြနိုင်ပေမဲ့
တရားဥပဒေအရခွင့်ပြုချက်ကိုရယူရမှာပါ။
ဒီလိုဆန္ဒပြတဲ့ခွင့်ပြုမိန့်ထဲမှာ နေရာ၊အချိန်အတိအကျပါတယ်
အခုလိုစည်းကမ်းမဲ့၊ဥပဒေကိုမလေးစားဘဲကိုယ်လုပ်ချင်တာ
လုပ်နေတာဒီမိုကရေစီရဲ့ လမ်းကြောင်းနဲ့ပြောင်းပြန်ဖြစ်နေပါတယ်
ဒါကြောင့်လဲသက်ဆိုင်ရာကတရားဥပဒေနဲ့အညီ
အရပ်သား၊ဘုန်းကြီးမခွဲခြားဘဲဖြိုခွဲရှင်းလင်းရတာဟာအမှန်တရားပါ
ပြည်သူ၊ ဘုန်းကြီး၊ ကျောင်းသား တွေရဲ့အထက်မှာ
နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေဟာအမြင့်ဆုံးပါ
ဘာမှဆင်ခြေဆင်လက်ပေးစရာမလိုပါဘူး
အစိုးရဟာအခြေခံဥပဒေနဲ့အညီလုပ်ဆောင်တာကြောင့်
ဘယ်သူ့ကိုမှကြောက်စရာမလိုပါဘူး။
တရားဥပဒေဆိုတာမှန်ကန်တဲ့သူတွေဖက်မှာအမြဲရပ်တည်နေပါတယ်
.

Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်