Subscribe to our RSS Feed

ဦးသုဝေရေးတဲ့ ပါလီမန် ဒီမိုကရေစီ

From : hot news



ဒီမိုကရက်တစ်ပါတီမြန်မာပြည် ဥက္ကဌ ဦးသုဝေ ရေးသားသည့်ပါလီမန်ဒီမိုကရေစီ နှင့် ကျွန်တော်ဆိုသည့် စာအုပ်မိတ်ဆက်ပွဲအား ၂၀၁၂ ခုနှစ် ၁၂ လ ၊ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီတွင် City Star ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ စာအုပ်မိတ်ဆက်ပွဲကို စာပေအသိုင်းအ၀ိုင်း များ နှင့် ၀ါရင့် နိုင်ငံရေးသမားများ စာနယ်ဇင်းများတက်ရောက်ခဲ့ကြပြီး ၎င်းစာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်လာသူ စာရေးဆရာ မြောင်းမြဘဆွေ ဆိုသူက “ကျွန်တော်တို့ခေတ်က မပွင်းလင်းသေးတဲ့အခါမို့ နိုင်ငံေ၇းစာပေတွေရေးရင် ခဏခဏထောင်ကျခဲ့တာတွေရှိတယ်။ အဓိကပြောချင်တာကတော့ ဆရာကြီး ဦးသုဝေရေးတဲ့ ပါလီမန်ဒီမိုကရေစီ နဲ့ ကျွန်တော်နော် ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်ပါ။ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး သမိုင်းအကြောင်းအရာတေါပါတာမို့ လူငယ်တွေ အနေနဲ့ ဖတ်သင့်ပါတယ်´´ဟု ဦးသုဝေ ပါလီမန်ဒီမိုကရေစီ နှင့် ကျွန်တော်စာအုပ် မိတ်ဆက်ပွဲတွင် စာေ၇းဆရာ မြောင်းမြဘဆွေပြောကြားခဲ့သည်။ ပါလီမန်ဒီမိုကရေစီ နှင့် ကျွန်တော် စာအုပ်ကို ရေးသားသူ ဦးသုဝေ ကလည်းစာအုပ်ထဲတွင် ပါဝင်သည့် အကြောင်းရာများကို စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်သူများအား ရှင်းလင်းပြောကြာသွားခဲ့သည်။ ယင်းဦးသုဝေစာအုပ်မိတ်ဆက်ပွဲ နှင့် ပတ်သက်ပြီး တက်ရောက်လာသည့် အမျိုးသားတစ်ဦးက စာပေနှင့် ပတ်သက်ပြီး သူ့ထင်မြင်ယူဆချက်အားပြောဆိုရာတွင်“သမိုင်းပါမောက္ခ ဒေါက်တာသိန်းထွန်းပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ သမိုင်းကို ဘာကြောင့်သင်ရတာလည်းဆိုတော့(မအအောင်) သင်ရတာပါလို့ ပြောဖူးတယ်။ အဲဒီအတိုင်းပဲ နိုင်ငံေ၇းသမိုးကြောင်းဆိုတာ လူငယ်တွေအနေနဲ့ သိသင့်တယ် ၊ ဒါကြောင့် ဦးသုဝေ ရေးသားတဲ့ ပါလီမန် ဒီမိုကရေစီ နဲ့ ကျွန်တော် စာအုပ်ကိုလူငယ်တွေအနေနဲ့ ဖတ်ကြည်သင့်ပါတယ်´´ဟု အသက် ၄၀ ၀န်းကျင်ခန့် အမျိုးသားတစ်ဦးကပြောဆိုသွားခဲ့သည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်