Subscribe to our RSS Feed

CDMA ဖုန်းလိုင်းချထားမှု ရပ်နား၍ GSM ဖုန်းလိုင်းများ ထပ်မံ ချပေးသွားရန်ရှိ

From :mrtv4


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ CDMA 800 MHz နဲ့ 450 အစရှိတဲ့ ဖုန်းလိုင်းတွေ ချထားမှုကို လက်ရှိ ကာလမှာ ရပ်နားထား တယ်လို့ သိရပါတယ်။
အခုလို CDMA ဖုန်းတွေချ ထားမှုကို ရပ်နား လိုက်ပေမယ့် လာမယ့် နှစ်ဆန်းပိုင်းများ GSM မိုဘိုင်းဖုန်း တွေကို ပိုမိုပြီး လိုင်းစွဲ အားကောင်းမွန် စေဖို့နဲ့ ဈေးနှုန်းများ လျော့ချပြီး ရောင်းချ နိုင်အောင် စီစဉ်လျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ ကျေးလက်ဒေသနေ ပြည်သူများ မိုဘိုင်းဖုန်း သုံးစွဲနိုင်ရန် အရစ်ကျ ရောင်းချပေးမှု ကိုလည်း ယခု ဒီဇင်ဘာ လကုန်ပိုင်းထိ ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေး ဥပဒေ ထွက်ရှိပြီးပါက ပြည်ပမှ ရင်းနှီး မြှပ်နှံလိုတဲ့ ကုမ္ပဏီများ  အပြိုင်အဆိုင် ၀င်ရောက် လာပါ ကလည်း ဖုန်းပြောခများ လျော့ချပြီး အသုံးပြု လာနိုင်တဲ့ အထိ ရောက်ရှိ အောင်လည်း ပြုလုပ် သွားဖို့ ရှိတာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုသူ ဦးရေ အနေနဲ့လည်း မိုဘိုင်းဖုန်း အသုံးပြုသူဟာ လူဦးရေ ၁၀ ဦးမှာ တစ်ဦးနှုန်းနဲ့ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုမှု ရှိတာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်