Subscribe to our RSS Feed

အမေရိကန် သံအမတ် မြစ်ကြီးနားရှိ စစ်ဘေး ဒုက္ခသည် စခန်းများသို့ သွား

From : eleven

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့က ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ဒဲရစ်မစ်ချယ်သည် ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ယနေ့ (ဒီဇင်ဘာလ ၁၈ရက်နေ့) နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ စစ်ဘေး ဒုက္ခသည် စခန်းများသို့ သွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


ယနေ့ ( ၁၈-၁၂-၂၀၁၂ ) ရက်နေ့ နံနက် ( ၄ ) နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား KIA အင်အား ( ၇၀ ) ခန့် လာရောက်တိုက်ခိုက်ရာ ရဲစခန်းကျဆုံးသွားပြီး ရဲတပ်သား ( ၁ )ဦးကျဆုံးသွားကြောင်းသိရသည်။

KIA မှ ပြန်လည်ထွက်ခွာသွားကြောင်းနှင့် ထိခိုက်ဒါဏ်ရာရသူ များပြားပြီး ကာမိုင်းဆေးရုံတွင် တက်ရောက် ကုသလျက်ရှိသည်ဟု သိရသည်။ ရဲစခန်းအနီး နေထိုင်သူများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲစခန်းအနီး ထီရောင်းချသူတစ်ဦးထံမှ သိရသည်။

ကာမိုင်းအထွက်အင်းတော်ချောင်းတံတားကိုလည်း KIA မှ ဖျက်ဆီးသွားကြောင်း သိရသည်။ ကားလေးများသာ သွားနိုင်တော့ပြီး ကားကြီးများ သွားလာနိုင်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။ ဒီဇင်ဘာလအတွင်းတွင် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေရာမှ ယခုပြန်လည် ဖြစ်ပွားခြင်းဖြစ်သည်






  www.MyanmarExpress.net
 

1 comments:

KIA လုပ်သမျှခေါင်းငုံ့ခံနေတော့မှာလားဗျာ?ပြည်သူတွေ ဝန်ထမ်းတွေ တပ်မတော်သားတွေကိုတကယ်ချစ်တယ်ဆိုရင်(KIA)ကိုအမြစ်ဖြတ်ချေမှုံးပေးပါရန်အလေးအနက်တောင်းဆိုပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်