Subscribe to our RSS Feed

ကာမိုင်းရဲစခန်းကို အကြမ်းဖက် တိုက်ခိုက်သည့် သောင်းကျန်းသူ KIA များနောက်သို့ လိုက်လံ ရှင်းလင်းလျက်ရှိ

From :popular


ယနေ့နံနက် ၀၄၁၅ အချိန်က ကေအိုင်အေသောင်းကျန်းသူ(၈၀)ဦးခန့်သည် ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား အာပီဂျေလက်နက်ကြီးများဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲဖြစ်ပွားသည်နှင့် ကာမိုင်းရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက ရဲစခန်းဝင်းအတွင်းမှ ပြန်လည်ခုခံတိုက်ခိုက် ခဲ့ကြသော်လည်း သောင်းကျန်းသူများက ကျည်အား လူအားဖြင့်ဖိ၍ ရဲစခန်းရုံးအားဝင်ရောက်စီးနင်း ဖျက်ဆီး ပြီး နံနက် ၀၅၃၀ အချိန်တွင် ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

အဆိုပါ ကေအိုင်အေသောင်းကျန်းသူများသည် နံနက် ၀၆၀၀ အချိန်တွင် ၎င်းင်းတို့ဆုတ်ခွာရာလမ်းရှိ ဖားကန့်မြို့မှ ကာမိုင်းမြို့အ၀င် ကာမိုင်းရဲစခန်း၏ မြောက်ဘက် ၁ ဖာလုံခန့်အကွာရှိ အရှည်ပေ ၂၂၀ ရှိ မိုးကောင်းချောင်းကူး သံဘောင်ဘေလီတံတားအား မိုင်း ၂ လုံးဖြင့် ဖောက်ခွဲဖျက်ဆီးသွားခဲ့သဖြင့် တံတား သံဘောင်များပျက်စီးပြီး မော်တော်ယာဉ်များ သွားလာနိုင်ခြင်းမရှိတော့ကြောင်းနှင့် အဆိုပါတံတားတွင် မပေါက်ကွဲသေးသော မိုင်း ၂ လုံး တပ်ဆင်ကျန်ရှိနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်စဉ်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး ဒုရဲအုပ် အောင်တင်ဦးနှင့်ဇနီး မလှစိန်နု၊ မိခင် မမေမွှေးစိန်နှင့် ညီမဖြစ်သူ မတင်မေအောင်တို့ ၃ ဦးမှာ စိုးရိမ်ရသည့်ဒဏ်ရာများရရှိသဖြင့် ကာမိုင်းမြို့နယ်ခွဲ ဆေးရုံသို့ တင်ပို့ကုသမှုခံယူထားရသည်ဟု သိရသည်။

ဆုတ်ခွာသွားသော သောင်းကျန်းသူများနောက်သို့ နယ်မြေခံတပ်မတော်စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။


 www.MyanmarExpress.net
 

8 comments:

ကျဆုံးသွားသောမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ယောက်
ကောင်းရာသုဂတိလားပါစေ ။

KIA ကိုလုံးဝ အမြစ်ပြတ် တိုက်သင့်နေပါပြီ လုံးဝလျော့
ပေးလို့ မရတော့ပါဘူး

ကေအိုင်အေကိုအပြုတ်တိုက်ဟေ့

KIA ကိုဒီအတိုင်းလွှတ်ထားရင်အခြေအနေတွေကပိုဆိုးလာမှာအသေအချာမို့ အမြစ်ဖြတ်ချေမှုံးပေးပါရန် မြန်မာ့တပ်မတော်အားအလေးအနက်တောင်းဆိုပါတယ်။

Burmese's government will nerver win to KIA,but KIA will kill more and more it's arms!

မင်း က ဆောက် ရူး လား
အရူးချီး ပန်း ပြော မနေ ပါ နဲ့ ကွာ
သောင်းကျန်း သူ အ ဆင့် လောက် က
စစ် တပ် ကို နိုင် မယ် တဲ့ လား?
KIA လုပ် သမျှ ကို စစ် တပ် က စတေး ပြီး
အခု ထိုင် ကြညှ်ု နေ တာ တွေ
မင်း တို့ ဘယ် လောက် စစ်တပ် ကို လုပ် နိုင် တယ်
ဆို ပြီး ဝါဒ ဖြန့် နေ တာ ကြည့် လုပ် ဦး နော်
ကိုယှ်ု ရှူး ကိုယ် ပတ် နေ ဦး မယ်
ဒီ တခါ အပြတ် မ တိုက် တောင် နလံ မထူ နိုင်
အောင် လုပ် တော့ မှာ နော်..
ပြီး တော့ မှ ဆောက် ရှက် မရှိ နိုင် ငံ ရေး ဆွေး
နွေး ခြင် ပါ တယ် မလုပ် နဲ့ ဦး

Myanmar government is very straight and getting support from the whole country as well as international community..KIA are terrorists group and killing innocent people since they have formed. MM army can crush anytime to this little terrorist organization KIA..KIA do not get supports all people even in the Kachin state..They are organizing world media of their religious background. I am Kachin christian living in Kachin state and never support these KIA criminals..We do not want to see KIA in our Kachin state...We hate KIA. MM army saved our life and protection to us from other countries..KIA sold out all resources from Kachin state and the leaders are enjoying with their small wives in China..Leaders are very rich and all kachin people are working as slaves under them...F u c k off KIA!

To - Hung Bu
Tatmadaw can, and will, crush and abolish KIA bandits forever within hours, not days or months. It is waiting for the right time.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်