Subscribe to our RSS Feed

KIA ကြောင့် အပြစ်မဲ့သေဆုံးသွားသူများအတွက် ဖြေရှင်းပေးစေလို

From : http://www.mgkyautkhae.com/

ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက် ၄ နာရီလောက်က ကာမိုင်းရဲစခန်းကို KIA မှ ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့ အတွက် ရဲတစ်ယောက်သေဆုံးခဲ့ပြီး ဘာမှအပြစ်မရှိတဲ့အရပ်သား ၃ ဦးအပြင်း အထန်ဒဏ်ရာရရာမှ ဒေါ်မေမွှေးစိန်နဲ့ ၎င်း၏သမီး မတင်မေအောင်တို့ နောက်တစ်နေ့မှာသေဆုံးခဲ့ပါတယ်။ မလှစိန်နုကတော့ ကာမိုင်းဆေးရုံမှာအ တွင်းလူနာအဖြစ်ရှိနေပြီး အခုချိန်ထိသေမင်းနဲ့ စစ်ခင်နေရတုန်းပါဘဲ။

ကျွန်မကတော့ ဒုရဲအုပ် တင်အောင်ဦးရဲ့ညီမပါ။ ကျွန်မနဲ့အတူ အမေနဲ့ညီမက စစ်တွေမှာအတူတူ နေထိုင်နေကြဖြစ်ပါတယ်။ အစ်ကိုနဲ့မတွေ့တာကြာလို့ အမေကတွေ့ချင်တယ်ဆိုပြီး ညီမတင်မေအောင်က စစ်တွေဆေးရုံကြီးက အထက်တန်းသူနာပြုဖြစ်တဲ့ အတွက်ဆေးရုံမှ ခွင့်တစ်လယူပြီး ရဲစခန်းမတိုက်ခံရခင် ၁၀ ရက်လောက်မှသွားရောက် ပို့ဆောင်ပေးခဲ့ပါတယ်။ အခုတော့ သားကိုတွေ့ချင်တဲ့ အမေလည်းသေ ညီမလည်းသေ ယောင်းမလဲဆေးရုံမှာ သေမလားရှင်မလားမသိရပါဘူး။ အခုလိုလုံခြုံမှုမရှိတဲ့အတွက် အမေနဲ့ညီမရဲ့ အသုဘကို ဘယ်သူမှာမသွားရဲကြပါဘူး။ အသုဘကိုမိသားစုမရှိဘဲ ပြုလုပ်ခဲ့ရပါတယ်။
KIA ကစစ်တပ်ကိုတိုက်ချင်တိုက်ပါ၊ ရဲနဲ့စစ်တပ်နဲ့ဘာမှမဆိုင်ပါဘူး။ ရဲတွေကလည်း သူတို့ကို ဘာမှသွားမလုပ်ပါဘူး။ ရဲစခန်းမှာရဲကလည်း ၁၇ ယောက်ဘဲရှိတာပါ။ အဲဒါကို သူတို့က အင်အား ၈၀ ကျော် လောက်နဲ့ လက်နက်ကြီးတွေနဲ့သုံးပြီး ပစ်ခတ်ပြီးတိုက်တာဘဲ။ ရဲစခန်းထဲမှာက ရဲမိသားစုတွေအပြင် အခြားမိသားစုဝင်တွေ လည်းနေထိုင်နေကြပါတယ်။ စစ်တပ်တွေကိုမတိုက်ဘဲနဲ့ အပြစ်မရှိတဲ့သူတွေကို ဘာဖြစ်လို့ရက်ရက်စက်စက် သတ်ရတာလဲ။ သူတို့ဘာသာ ကချင်ပြည်နယ်အတွက် လုပ်နေတယ်ဆိုပြီး ဘာဖြစ်လို့ ပြည်သူတွေကို ဒုက္ခပေး ရတာလဲ။ အဲဒီဟာတွေကို တာဝန်ရှိသူတွေက ဒီလိုဘဲကြည့်နေ ကြတော့မှာလား၊ သေဆုံးတဲ့ကျွန်မရဲ့ညီမနဲ့ အမေအတွက်ဘာမှမလုပ်ပေးကြတော့ဘူးလား။
ကေအိုင်အေတွေကို ဒီထက်ဆက်ထားနေမယ်ဆိုရင် ပြည်သူတွေကို ဆက်ပြီးဒုက္ခပေး သတ်ဖြတ် နေအုံးမှာဘဲ။ အဲဒီလိုအကြောင်းမဲ့သတ်ဖြတ်နေမှုတွေကို တာဝန်ရှိတဲ့သူတွေက လက်ပိုက်ကြည့် နေတော့ မှာလား။ မဆုံးမ တော့ဘူးလား။ အဲဒီလိုလုပ်လိုက်တဲ့အတွက် နိုင်ငံတော်မှအထက်တန်းသူနာပြု တစ်ဦးဆုံးရှုံး သွားတာတောင် ဒီအတိုင်းကြည့်နေ ကြတော့မှာလား။ ဘယ်လောက်တောင် ထပ်ပြီးတော့ အပြစ်မဲ့ပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေ ကိုဆုံးရှုံးခံအုံးမှာလဲ။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေအတွက် ဖြေရှင်းပေးစေလိုပါတယ်လို့ မိသားစုဝင်တစ်ဦးအနေနဲ့ပြောပါရစေ။
                                                                                                မိသားစုဝင်တစ်ဦး 

 www.MyanmarExpress.net
 

8 comments:

အမည်းေ၇ာင် နယ်မြေလား

ဘာနယ်မြေလည်း

သူတို့ ဘာကို၇ည်၇့ယ်တာလည်း

အညိုရောင် အဆင့်ဖြစ် နယ်မြေသတ်မှတ်ထားပါတယ်။

ဘာကိုနားလည်ရမှာလဲ

ရိုးသားတဲ့ကချင်လူမျိုးကသက်သက်၊အကြမ်းဖက်သောင်းကျန်းသူ KIA ကသက်သက်ပါ။ကချင်ပြည်နယ်မှာ KIA အကြမ်းဖက်သောင်းကျန်းသူတွေရှိနေ
တာဆွမ်းဆန်စိမ်းထဲကြွက်ချေးရောနေသလိုပါပဲ။တိုင်းပြည်ရဲ့အဖျက်
ရန်စွယ်ပြတ်ပြတ်သားသားချေမှုန်းပြစ်ပါ။ပြည်ထောင်စုရဲ့ရန်သူဖြစ်တဲ့KIA/KI/KICကိုအမြန်ဆုံးအရေးယူတိုက်ခိုက် ချေမှုန်းသင့်နေပြီ။သူပုန်ကိုသူပုန်လို့မြင်ထားတာအကောင်းဆုံးပါပဲ။အချိန်သိပ်မဆွဲနဲ့တော့....သူပုန်ကိုဒီနေ့လှစ်လှူရှူလျှင် နောက်နေ့ဒုက္ခပေးပြီ
သာမှတ်ပါ။

ပြည်သူတွေဝန်ထမ်းတွေနိုင်ငံသားကောင်းတွေက ဆိုးသွမ်းတဲ့ မိသားစုဝင်တစ်ဦး ကြောင့် အခြားမိသားစုဝင်တွေ ကစိတ်တွေညစ်ဒုက္ခတွေ
ရောက်သလို အသက်တွေ ဘဝတွေ ပေးနေရပါပြီ။
ငြိမးချမ်းရေးယူဘို့အပစ်ရပ်ဘို့ အစိုးရတဖက်တည်း
မရပါ။

ဟေ့ကောင်ဘာတွေလျှောက်ပြောနေတာလဲ
စောက်ရူး...ဘာအညိုရောင်လဲမင်းကြီးဒေါ်အဝှာလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်