Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် အိန္ဒိယသမ္မတနိုင်ငံ သမ္မတက တည်ခင်းဧည့်ခံသည့် ယဉ်ကျေးမှု ပဒေသာကပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

From : သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၂၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယသမ္မတ နိုင်ငံသမ္မတ Mr. Pranab Mukherjee က ဒီဇင်ဘာ(၂ဝ)ရက် ညပိုင်းတွင် နယူးဒေလီမြို့ရှိ  Rashtrapati Bhawan နန်းတော်၌ တည်ခင်းဧည့်ခံသည့် ယဉ်ကျေးမှု ပဒေသာကပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
       
ည (၇)နာရီ (၁၅)မိနစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် Rashtrapati Bhawan  နန်းတော်သို့ ရောက်ရှိလာရာ အိန္ဒိယသမ္မတနိုင်ငံသမ္မတနှင့် ဒုတိယသမ္မတ မိုဟာမက် ဟာမစ်အန်ဆာရီတို့က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်ကြသည်။
       
ထို့နောက် နိုင်ငံတော်သမ္မတသည် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့်အတူ အိန္ဒိယသမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ အနုပညာရှင်များ ပူးပေါင်း တင်ဆက်သည့် ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲကို ကြည့်ရှုအားပေးသည်။
       
ပဒေသာကပွဲအပြီးတွင် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲ များသည် ဖျော်ဖြေတင်ဆက်ကြသည့် အနုပညာရှင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ သမ္မတက တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်