Subscribe to our RSS Feed

တက္ကသိုလ်ဝင်တန်းကျောင်းသားများ လျှပ်စစ်မီးရနိုင်ရန် နိုင်ငံပိုင်စက်ရုံ ၁၅ ရုံသို့ လျှပ်စစ်ဓာတ်အား ခေတ္တဖြတ်ထား

From :7day

တက္ကသိုလ်ဝင်တန်း စာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလများအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် နိုင်ငံပိုင်စက်ရုံ ၁၅ ရုံသို့ ပို့လွှတ်နေသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ စလေမြို့ရှိ အမှတ်(၁) ဓာတ်မြေသြဇာစက်ရုံ၊ ကျောက်ဆည်မြို့ရှိ ဆင်မင်း(၁)နှင့် ဆင်မင်း(၂) ဘိလပ်မြေစက်ရုံ၊ ကျောက်ဆည်မြို့ စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဘိလပ်မြေစက်ရုံ(ကျောက်ဆည်)၊ ချောက်မြို့နှင့် ကျောက်ဆည်ဒေသရှိ စက်ရုံငယ်ရှစ်ရုံ၊ ကြံခင်းဘိလပ်မြေစက်ရုံ၊ သရက်ဘိလပ်မြေစက်ရုံ၊ ကျောက်ဆွယ်ကျိုး သံမဏိစက်ရုံတို့ကို လျှပ်စစ်သုံးစွဲမှု ခေတ္တရပ်ဆိုင်းထားမည်ဖြစ်သည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်