Subscribe to our RSS Feed

နိုင်ငံကူးလက်မှတ် ၁ဝ ရက်အတွင်း ရပြီ

From : ..popular


မတ်လ ၁၉ ရက်နေ့မှစတင်၍ နိုင်ငံကူးလက်မှတ် စာအုပ် လျှောက်ထားသူမှန်သမျှအား ၁ဝ ရက်အတွင်း ထုတ်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာလိုက်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာနက D-Form၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန က ပုံစံ ၁၇နှင့် ၁၉၊ ပညာရေးဝန် ကြီးဌာနက ပညာရေးကင်းရှင်း ကြောင်း ထောက်ခံချက်များအား မတ်လလယ်အတွင်းမှစ၍ မလို အပ်တော့ကြောင်း ထုတ်ပြန်ပြီး နောက်ပိုင်း ပြည်ထဲရေး ဝန်ကြီး ဌာနကလည်း ၄င်းတို့၏ လုပ်ငန်း စဉ်ကိုထိုသို့ လျှော့ချလိုက်ခြင်းဖြစ် သည်ဟု သိရသည်။လာရောက်လျှောက်ထားသူတို့ အချိန်ကုန်ငွေ ကုန်မှုရှိစေသည့် ရုံး လုပ်ငန်းဆိုင်ရာမလိုသည့် အဆင့် ဆင့်ကို ဖြေလျှော့လိုက်ပြီးရေး သွင်းရမည့် စာရွက်စာတမ်းများ မှာလည်း ငါးရွက်တည်းသာ ရှိ တော့သည်ဟု နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ရဲမှူးကျော်ဇေယျက ဆိုသည်။ ”အရင် ပန်းဆိုးတန်းမှာတုန်း က ၁၄ ရွက်ဖြည့်ရတယ်။ ၂ဝ၁၁ ခုနှစ်က ရန်ကင်းရုံးကိုပြောင်းတော့ ၉ ရွက်ကိုလျှောက်လွှာဝယ်ပြီး ဖြည့်ခဲ့ကြရတယ်”ဟု ရဲမှူး ကျော်ဇေယျက ပြောသည်။ ဖြေလျှော့ပေးမှု တွင် နိုင် ငံ ကူးလက်မှတ် စတင်လျှောက်ထား သူ အပြင်စာအုပ်အဟောင်းမှ အ သစ်သို့ လဲလှယ်သူတို့လည်း ၇ ရက်ကျော်ပါကရရှိမည်ဟု ရဲမှူး က ဆက်ြေ ပာသည်။  လျှောက်ထားသူက ရေးသွင်း ရမည့် ကိုယ်တိုင်ရေး ရာဇဝင်ကို မမှန်မကန် ရေးသွင်းသည်ဆိုပါက ၁ဝ ရက်တည်းနှင့်ရရှိမည် မဟုတ် ဘဲ ပြန်လည်စိစစ်ရမည်ဖြစ်သဖြင့် သတ်မှတ်ရက်ထက် အနည်းငယ် နောက်ကျမှ ရရှိမည်ဟု ရဲမှူး ကျော်ဇေယျက ဆိုသည်။ယခင်က ၂၁ ရက်   ကျော်မှ နိုင်ငံကူးလက်မှတ်ကို လျှောက် ထားသူက ရရှိခဲ့ကြရသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်