Subscribe to our RSS Feed

၂၀၀၈ ဖွဲ့ စည်းပုံကို ထောက်ခံ၍ ပုဒ်မ ၅၉(စ)မပြင်ဆင်ရေး ဇလွန်မြို့၌ ဆန္ဒဖော်ထုတ်

From : .. SMMK



ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်.ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍၂၀၀၈ ဖွဲ့ စည်းပုံ မပြင်ဆင်ရေး နှင့်ပုဒ်မ၅၉(စ)ကို ထောက်ခံအားပေးသည့် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို မေလ(၁၅)ရက်နေ့နံနက်ပိုင်းက လူအင်အား(၃၀၀၀)ကျော် ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
နိုင်ငံရေး ဦးဆောင်ဦးဆောင် အခန်းကဏ္ဍမှာ တိုင်းရင်းသားများဖြစ်ပြီး သားစဉ်မြေးဆက် လက်ဆင့်ကမ်းဆောင်ရွက်နိုင်ရေး အတွက် ပုဒ်မ ၅၉(စ)မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ဇလွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးချိုမြင့်ခိုင်က ပြောသည်။
 အမျိုးမစစ်ရင် အမျိုးမချစ်ဘူး အမျိုးစစ်မှ အမျိုးချစ်မည် အမျိုးဖျက်သူ အလိုမရှိ၊ ပြည်ထောင်စုသားစစ်စစ် ဒီမိုကရေစီ ပုဒ်မ-၅၉ (စ)ကို ထောက်ခံသည်၊အမျိုးဘာသာ သာသနာတိုးတက်စေဖို့ ပုဒ်မ ၅၉(စ)ကို ထောက်ခံစို့၊မြန်မာ့ ဒီမိုကရေစီ တိုးတက်စေဖို့ ယဉ်ကျေးမှု နှင့်အညီဆော်ရွက်စို့ အစရှိသည့် ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ ခွင့်ပြုမိန့်ဖြင့် ဇလွန်မြို့အတွင်း စီတန်း လှည်လည်ဆန္ဒထုတ်ဖော်ခဲ့ ကြခြင်း ဖြစ်သည်။၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ တိုင်းပြည်ကို ထိခိုက်နိုင်တဲ့အချက် ကြီးကြီးမားမားမပါဝင်တာကြောင့် ပြင်ဖို့မလိုကြောင်းကိုလည်းဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က မအူပင်မြို့သို့ရောက်ရှိစဉ် မေလ(၁၀)ရက်နေ့က ပြောကြားထားသည်။
မေလ(၁၅)ရက်နေ့နံနက်ပိုင်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ ၌ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးပုဒ်မ(၄၃၆)၊ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးအတွက် အင်အား(၅၀၀)ခန့်ဖြင့်ဆန္ဒထုတ်ဖော်ခဲ့သေးသည်။


.. www.MyanmarExpress.net
 

1 comments:

Excellent and Right and Good .
အမျိုးမစစ်ရင် အမျိုးမချစ်ဘူး အမျိုးစစ်မှ အမျိုးချစ်မည် အမျိုးဖျက်သူ အလိုမရှိ၊ ပြည်ထောင်စုသားစစ်စစ် ဒီမိုကရေစီ ပုဒ်မ-၅၉ (စ)ကို ထောက်ခံသည်၊အမျိုးဘာသာ သာသနာတိုးတက်စေဖို့ ပုဒ်မ ၅၉(စ)ကို ထောက်ခံစို

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်