Subscribe to our RSS Feed

ယူနတီသတင်းထောက်များ ထောင်ချခြင်း မီဒီယာလွတ်လပ်ခွင့်ထိခိုက်သည်ဟု မမြင်ကြောင်း ဦးရဲထွဋ်ပြော

From : .. 7day


ယူနတီဂျာနယ်အဖွဲ့ကို ထောင်ဒဏ် ဆယ်နှစ်အမိန့်ချခြင်းမှာ လက်နက်စက်ရုံအတွင်းသို့ အယောင်ဆောင်ခိုးဝင်ခြင်းနှင့်  ဓာတ်ပုံရိုက်မှုတို့ကြောင့် အဓိက ဖြစ်ပြီး ယခုဖြစ်ရပ်များကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်သည့်အဖြစ်ဟု မမြင် ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ဒုဝန်ကြီးဦးရဲထွဋ်က ပြော ကြားသည်။

‘‘ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ၊ အင်အားကြီးမားတဲ့ နိုင်ငံကြီးတွေကြားမှာနေရတဲ့ အခြေအနေတွေရှိတဲ့ နိုင်ငံတစ်ခု မှာ အမျိုးသားလုံခြုံရေးက ဘယ် လောက်အရေးကြီးတယ်ဆိုတာ သတင်းထောက်တွေ သိဖို့၊စာနာဖို့ လိုပါတယ်။ ယူနတီအနေနဲ့ တစ် ဆင့်ကြားသတင်းကို အခြေခံပြီး ရေးရုံသက်သက်ဆို ဒီလောက်  မဖြစ်ဘူး။ စက်ရုံထဲအယောင် ဆောင်ဝင်လို့ ဖြစ်တာ။ အမေရိ ကန်လက်နက်စက်ရုံထဲခိုးဝင် ကြည့်ပါလား။ ဘာဖြစ်သွားမလဲ လို့။ လုပ်တဲ့လုပ်ရပ်က ထိရောက် ဟန့်တားတဲ့ ပြစ်ဒဏ်မချရင် ဘယ်လိုလုပ်မလဲဗျာ’’ဟု ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့်ဖြေကြား သည်။

ယူနတီတွင် ဖော်ပြသကဲ့သို့  အမှတ်(၂၄)ကာကွယ်ရေးပစ္စည်း စက်ရုံမှာ ဓာတုလက်နက်စက်ရုံ လုံးဝမဟုတ်ဘဲ ရိုးရိုးလက်နက် ပစ္စည်းထုတ်သည့်စက်ရုံသာဖြစ် ကြောင်း ဦးရဲထွဋ်ကဆက်လက် ပြောကြားသည်။

‘‘Bi မွန်းတည့်နေက ကြား ဖြတ်အစိုးရသတင်းကို ရေးတာ ဆန္ဒပြပွဲပြီးမှ ရေးတဲ့သတင်း မဟုတ်ဘူး။ အခမ်းအနားပြီးမှ ရေးတာက ပွဲလုပ်တဲ့သူမှာပဲ တာ ၀န်ရှိတယ်။ ဆန္ဒပြမယ့်နေ့မတိုင် ခင်ထွက်တဲ့ဂျာနယ်မှာ သတင်းကို ကြိုရေးတာဆိုတော့ ဒါက လှုံ့ ဆော်တဲ့သတင်းပဲဖြစ်မယ်။ ဒါ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နဲ့ ဆိုင်သွားပြီ’’ဟု  ဦးရဲထွဋ်က ပြောသည်။

ဦးရဲထွဋ်က အစိုးရဘက်မှ အမှားမရှိ၊ သတင်းလွတ်လပ်ခွင့် ကို ကန့်သတ်ခြင်းမရှိဘဲဥပဒေ ဘောင်ကို ကျော်လွန်လာ၍ အ ရေးယူခြင်းဟု   ဆိုသည်။ 


.. www.MyanmarExpress.net
 

5 comments:

မီဒီယာသမား​တွေကို ခွင့်​လွှတ်​​နေင်​ ဒီထက်​ဆိုးတဲ့ လှုံ့​ဆော်​မှုသတင်း​တွေ နိုင်​ငံ​တော်​ လှို့ဝှက်​ချက်​​တွေ ​ရေး​နေကြဦးမှာ ထိထိ​ရောက်​​ရောက်​အပြစ်​​ပေးသင့်​ပါသည်

နိုင်​ငံအ​ပေါ်မျိုးချစ်​စိတ်​ရှိရင်​ ဓာတုလက်​နက်​မကလို့အနုမြူဗုံးဘဲထုတ်​ထုတ်​ ခွင့်​ပြုချက်​​ပေးထားရင်​​တောင်​မှ ကိုယ့်​နိုင်​ငံရဲ့ လှို့ဝှက်​ကို ​ရေးမှာမှုတ်​ဖူး ​ရေးတဲ့​ကောင်​​တွေပါမက လွတ်​ဘို့​တောင်းဆို​နေတဲ့ ​ခွေးဖာ​ခေါင်း မီဒီယာသမားအားလုံးကိုပါ ​ထောင်​ချရမှာ ပြည်​ပကကန့်​ကွက်​တဲ့မီဒီယာ​တွေလည်း သူတို့နိုင်​ငံ​တွေမှာ ဒီလိုလက်​နက်​စက်​ရုံထဲ ခိုးဝင်​ရင်​ သတင်းအဖြစ်​မ​ရေး​တောင်​ အ​ရေးမယူဘဲ လွတ်​​ပေးသလား​မေးချင်​ပါတယ်​ ​ထောင်​၁၀နှစ်​​တောင်​နဲ​သေးတယ်​ တစ်​သက်​တစ်​ကျွန်းချပစ်​ရမှာ အ​ရေးကြီးအစိုးရဌာန​တွေနဲ့ လက်​နက်​ကိုင်​အဖွဲ့အစည်း​တွေမှာ အပြင်​လူမ​ပြောနဲ့ ဌာနတွင်းက၀န်​ထမ်း​တောင်​ သူတို့မသိသင့်​တဲ့အ​ရေးကြီး သတင်းအချက်​​တွေကို ​ပေးမသိပါ ဒါနိုင်​ငံတိုင်းမှာရှိပါတယ်

မီဒီယာသမားဆိုတာ စည်းမဲ့ကမ်းမဲ့ကျင့်ဝတ်မရှိတဲ့ခွေးတွေပါ

ရေးချင်​တာ​ရေးတာလွတ်​လပ်​မှု့လား?မြန်​မာပြည်​ကမီဒီယာများလုံးဝအဆင့်​မရှိပါ

စက်ရုံထဲခိုးဝင်တာရာဖဝတ်မှုပဲ ၊ ဥပဒေအတိုင်းလုပ်တာလို့ မြင်ပါတယ် ၊၊ စာပေလွတ်လပ်ခွင့်လေးရတာနဲ့စည်းကမ်းမရှိ ၊အရှက်မရှိ ၊ လူ့ဂုဏ်သိက္ခာမဲ့ရေးတဲ့ အပြာစာအုပ်ရေးသူ ၊ ထုတ်ဝေသူတွေကိုလည်းအရေးယူကြပါ ၊ မလုံ့တလုံ့ပုံတွေ ဖေါ်ပြနေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေနဲ့ အရှက်မရှိသရုပ်ဆောင် သူတွေကိုလည်း WARNING စပေးသင့်ပြီ ၊၊

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်