From :
.. 7day
ယူနတီဂျာနယ်အဖွဲ့ကို ထောင်ဒဏ် ဆယ်နှစ်အမိန့်ချခြင်းမှာ လက်နက်စက်ရုံအတွင်းသို့ အယောင်ဆောင်ခိုးဝင်ခြင်းနှင့် ဓာတ်ပုံရိုက်မှုတို့ကြောင့် အဓိက ဖြစ်ပြီး ယခုဖြစ်ရပ်များကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်သည့်အဖြစ်ဟု မမြင် ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ဒုဝန်ကြီးဦးရဲထွဋ်က ပြော ကြားသည်။
‘‘ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ၊ အင်အားကြီးမားတဲ့ နိုင်ငံကြီးတွေကြားမှာနေရတဲ့ အခြေအနေတွေရှိတဲ့ နိုင်ငံတစ်ခု မှာ အမျိုးသားလုံခြုံရေးက ဘယ် လောက်အရေးကြီးတယ်ဆိုတာ သတင်းထောက်တွေ သိဖို့၊စာနာဖို့ လိုပါတယ်။ ယူနတီအနေနဲ့ တစ် ဆင့်ကြားသတင်းကို အခြေခံပြီး ရေးရုံသက်သက်ဆို ဒီလောက် မဖြစ်ဘူး။ စက်ရုံထဲအယောင် ဆောင်ဝင်လို့ ဖြစ်တာ။ အမေရိ ကန်လက်နက်စက်ရုံထဲခိုးဝင် ကြည့်ပါလား။ ဘာဖြစ်သွားမလဲ လို့။ လုပ်တဲ့လုပ်ရပ်က ထိရောက် ဟန့်တားတဲ့ ပြစ်ဒဏ်မချရင် ဘယ်လိုလုပ်မလဲဗျာ’’ဟု ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့်ဖြေကြား သည်။
ယူနတီတွင် ဖော်ပြသကဲ့သို့ အမှတ်(၂၄)ကာကွယ်ရေးပစ္စည်း စက်ရုံမှာ ဓာတုလက်နက်စက်ရုံ လုံးဝမဟုတ်ဘဲ ရိုးရိုးလက်နက် ပစ္စည်းထုတ်သည့်စက်ရုံသာဖြစ် ကြောင်း ဦးရဲထွဋ်ကဆက်လက် ပြောကြားသည်။
‘‘Bi မွန်းတည့်နေက ကြား ဖြတ်အစိုးရသတင်းကို ရေးတာ ဆန္ဒပြပွဲပြီးမှ ရေးတဲ့သတင်း မဟုတ်ဘူး။ အခမ်းအနားပြီးမှ ရေးတာက ပွဲလုပ်တဲ့သူမှာပဲ တာ ၀န်ရှိတယ်။ ဆန္ဒပြမယ့်နေ့မတိုင် ခင်ထွက်တဲ့ဂျာနယ်မှာ သတင်းကို ကြိုရေးတာဆိုတော့ ဒါက လှုံ့ ဆော်တဲ့သတင်းပဲဖြစ်မယ်။ ဒါ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နဲ့ ဆိုင်သွားပြီ’’ဟု ဦးရဲထွဋ်က ပြောသည်။
ဦးရဲထွဋ်က အစိုးရဘက်မှ အမှားမရှိ၊ သတင်းလွတ်လပ်ခွင့် ကို ကန့်သတ်ခြင်းမရှိဘဲဥပဒေ ဘောင်ကို ကျော်လွန်လာ၍ အ ရေးယူခြင်းဟု ဆိုသည်။
.. www.MyanmarExpress.net

.jpg)

5 comments:
မီဒီယာသမားတွေကို ခွင့်လွှတ်နေင် ဒီထက်ဆိုးတဲ့ လှုံ့ဆော်မှုသတင်းတွေ နိုင်ငံတော် လှို့ဝှက်ချက်တွေ ရေးနေကြဦးမှာ ထိထိရောက်ရောက်အပြစ်ပေးသင့်ပါသည်
နိုင်ငံအပေါ်မျိုးချစ်စိတ်ရှိရင် ဓာတုလက်နက်မကလို့အနုမြူဗုံးဘဲထုတ်ထုတ် ခွင့်ပြုချက်ပေးထားရင်တောင်မှ ကိုယ့်နိုင်ငံရဲ့ လှို့ဝှက်ကို ရေးမှာမှုတ်ဖူး ရေးတဲ့ကောင်တွေပါမက လွတ်ဘို့တောင်းဆိုနေတဲ့ ခွေးဖာခေါင်း မီဒီယာသမားအားလုံးကိုပါ ထောင်ချရမှာ ပြည်ပကကန့်ကွက်တဲ့မီဒီယာတွေလည်း သူတို့နိုင်ငံတွေမှာ ဒီလိုလက်နက်စက်ရုံထဲ ခိုးဝင်ရင် သတင်းအဖြစ်မရေးတောင် အရေးမယူဘဲ လွတ်ပေးသလားမေးချင်ပါတယ် ထောင်၁၀နှစ်တောင်နဲသေးတယ် တစ်သက်တစ်ကျွန်းချပစ်ရမှာ အရေးကြီးအစိုးရဌာနတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အပြင်လူမပြောနဲ့ ဌာနတွင်းက၀န်ထမ်းတောင် သူတို့မသိသင့်တဲ့အရေးကြီး သတင်းအချက်တွေကို ပေးမသိပါ ဒါနိုင်ငံတိုင်းမှာရှိပါတယ်
မီဒီယာသမားဆိုတာ စည်းမဲ့ကမ်းမဲ့ကျင့်ဝတ်မရှိတဲ့ခွေးတွေပါ
ရေးချင်တာရေးတာလွတ်လပ်မှု့လား?မြန်မာပြည်ကမီဒီယာများလုံးဝအဆင့်မရှိပါ
စက်ရုံထဲခိုးဝင်တာရာဖဝတ်မှုပဲ ၊ ဥပဒေအတိုင်းလုပ်တာလို့ မြင်ပါတယ် ၊၊ စာပေလွတ်လပ်ခွင့်လေးရတာနဲ့စည်းကမ်းမရှိ ၊အရှက်မရှိ ၊ လူ့ဂုဏ်သိက္ခာမဲ့ရေးတဲ့ အပြာစာအုပ်ရေးသူ ၊ ထုတ်ဝေသူတွေကိုလည်းအရေးယူကြပါ ၊ မလုံ့တလုံ့ပုံတွေ ဖေါ်ပြနေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေနဲ့ အရှက်မရှိသရုပ်ဆောင် သူတွေကိုလည်း WARNING စပေးသင့်ပြီ ၊၊
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်