Subscribe to our RSS Feed

ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီလီ မြန်မာနိုင်ငံကို ရောက်ရှိ

From : .. rfa

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် အသစ်ခန့်အပ်ခံရတဲ့ မစ္စယန်ဟီလီ (Yanghee Lee ) ဟာသူရဲ့ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့ညက ရောက်ရှိလာခဲ့ပါတယ်။

မစ္စယန်ဟီလီဟာ ဇူလိုင်လ ၁၇ ရက်နေ့ ကနေ ၂၆ ရက်နေ့ အထိ ဆယ်ရက်ကြာ ခရီးစဉ် အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းလေ့လာမှာဖြစ်ပါတယ်။ အထူးသဖြင့် ဘာသာလူမျိုးဆိုင်ရာ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မကြာခင်က အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့နဲ့ စစ်ပြေးဒုက္ခသည်တွေရှိနေတဲ့ ကချင်ပြည်နယ်တွေကို သွားရောက်ပြီး အခြေအနေတွေကိုလေ့လာ၊ သတင်းအချက် အလက်တွေ စုဆောင်းမှာဖြစ်ပါတယ်။

မြန်မာပြည်ရဲ့အခြေအနေတွေကို အမှန်အတိုင်းသိရဖို့ အစိုးရနဲ့ ပြည်သူတွေက ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောပြကြဖို့ အရေးကြီးပါတယ်လို့ မစ္စယန်ဟီလီက ပြောဆိုကြောင်း ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ မစ္စယန်ဟီလီ ဟာ အင်းစိန်အကျဉ်းထောင်ကိုလည်း သွားရောက်ကြည့်ရှုမှာဖြစ်ပြီး၊ နေပြည်တော် မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော်အမတ်တွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါ့ပြင် ရွေးကောက်ပွဲကော်မရှင်နဲ့ လည်း တွေ့ဆုံဖို့ ရှိပါတယ်။

မြန်မာပြည် ဆယ်ရက်ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်သလို၊ သူ့ ရဲ့ လေ့ လာတွေ့  ရှိချက် အစီရင်ခံစာကို ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြရမှာဖြစ်ပါတယ်။ မစ္စယန်ဟီလီဟာ ၂၀၀၃ ခုနှစ်က စပြီး ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၄ ဇွန်လမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ခဲ့ပါတယ်။ ဘက်လိုက်မှုကြောင့် ဗုဒ္ဓဘာသာဝင်မြန်မာလူထုရဲ့ ဆန္ဒပြခံခဲ့ရသူ မစ္စတာ သောမတ်အိုဟေးကင်တားနား ရဲ့နေရာမှာ အစားထိုး ခန့်အပ်ခဲ့တာပါ။ အဲသလို ခန့်အပ်ခံခဲ့ရအပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံကို လာရောက်ဖို့ သမ္မတ ဦးသိန်းစိန်အစိုးရက ဖိတ်ကြား ခဲ့တာဖြစ်ကြောင်း သိရပါတယ်။


.. www.MyanmarExpress.net
 

5 comments:

lar yin kg kg lar 2 bat kyi ho akg lo dot bat ma likk ne. pop

သွားရင် တုတ်နှင့်သွား ဗမာတွေက ပစပ်နဲ့ဆုံးမလိုမရဘူး တုတ်နဲ့ရိုက်မှ ရတာ

မြန်မာနိုင်ငံဆိုင်ရာ ကုလားသမက် ဘီလူးအခွင့်အရေး အထူးကိုယ်စားလှည် မစ္စယန်ဟီလီကို ချာပါတီ၊ ဂျလေဘီ၊ ဆိတ်ခပတ်၊ မုန့်ကုလားမဲတို့နဲ့ ကြိုဆိုဧည့်ခံပါရစေ။ အဆင်ပြေရင် ရခိုင်ငှက်ပျောသီးလေးလည်း သွတ်သွားပါဦးလို့။

မစ္စယန်ဟီလီ (Yanghee Lee ) is a bean from the same basket as Quintina. She is sure to be friendly with kalar-ma-yar Su kyi and her Bengali. She might even be a wife of a black or white American. How can we trust a woman like her who already prejudged that Myanmar are wrong and kalar are right, Military violates human rights. Government oppresses media.

မိမိအနေနဲ့ သုံးသပ်တာက လက်ရှိ ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုရင် နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေးကိုပါ ထိခိုက်လာနိုင်ပါတယ်"လို့ဆိုတယ်။

လူ့အခွင့်အရေး ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဒီလိုပြောတာဟာခြိမ်းခြောက်တာနဲ့ တူနေတယ်။
မကြာခဏ ပဋိပက္ခ ဖြစ်နေတဲ့ အစ္စရေး ပါလာစတိုင်း ကိုကြည့်ပါ၊ သူတို့မှာ ဒီမိုကရေစီ ပျက်သွားတာမရှိဘူး။

့လူ့အခွင့်အရေး ကိုယ်စားလှယ်တိုင်းက ဒီစကားပဲ သုံးနေတာတွေ့နေရတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်