From :
.. mizzima
၂၀၁၃- ၁၄ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်အတွက် အမျိုးသားစီမံကိန်း ဆောင်ရွက်မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ဦးမြင့်စိုးကထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
၎င်းက ကာကွယ်ရေးဝန်ကြီးဌာနသည် လာမည့် ဘတ်ဂျက်မှစ၍ ကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချသုံးစွဲမည်ဟု သိရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် အရေးပေါ်မှ လက်နက်ဝယ်ကာ စစ်ရေးလေ့ကျင့်၍မရပါကြောင်း၊ တိုးတက်သော၊ ခေတ်မီသော လက်နက်များ ၀ယ်ယူထုတ်လုပ်ရန်၊ ခေတ်နှင့်အညီ စစ်ရေးအတတ်ပညာများ တတ်မြောက်ထားသော တပ်မတော်သားများမွေးထုတ်ရန် လိုအပ်ကြောင်းပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂၀၁၅-၁၆ မှစ၍ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချရန် လွှတ်တော်သို့ တင်ပြထားခြင်းကို ရည်ရွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က “ကျွန်တော်တို့ လျှော့သုံးမယ်လို့ ပြောကြားထားတာတော့ မရှိပါဘူး။ ကျွန်တော်တို့ အနည်းဆုံးပဲ သုံးနေတာပဲလေ။ ကျွန်တော်တို့ဘက်က လွှတ်တော်ကို ဘာမှတင်ပြထားတာ မရှိပါဘူး”ဟု ယမန်နေ့က သတင်းထောက်အချို့၏ မေးမြန်းချက်ကို ဖြေကြားထားသည်။
၎င်းက “အခုကလည်း ဘတ်ဂျက်ကို အချိုးကျသုံးစွဲနေပါတယ”ဟု ဖြည့်စွက် ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီက ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ကန်ဒေါ်လာ ၂ ဒသမ ၃ဘီလီယံကို တောင်းခံခဲ့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံသည် ကန်ဒေါ်လာ ၅ ဒသမ ၃၉ ဘီလီယံနှင့် မလေးရှားနိုင်ငံက ကန်ဒေါ်လာ ၄ ဒသမ၂ ဘီလီယံသုံးစွဲသည်ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားထားသည်။
.. www.MyanmarExpress.net
ကာကွယ်ရေးဝန်ကြီးဌာနသည် မလိုအပ်ဘဲ ကာကွယ်ရေးဘတ်ဂျက်ကို
လျှော့မသုံး သင့်ကြောင်း ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးမြင့်စိုးက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ပြောကြားလိုက်သည်။
၎င်းက “ခေတ်မီသော တပ်မတော်၊ အရည်အချင်းပြည့်ဝသော တပ်မတော်အဖြစ်
ရေရှည်ရပ်တည်နိုင်ရန် ကာကွယ်ရေးအသုံး စရိတ်များကို မလိုအပ်ဘဲ
မလျှော့ချသင့်ကြောင်း တင်ပြဆွေးနွေးပါတယ်” ဟု ပြောသည်။၂၀၁၃- ၁၄ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ်အတွက် အမျိုးသားစီမံကိန်း ဆောင်ရွက်မှုအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ဦးမြင့်စိုးကထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
၎င်းက ကာကွယ်ရေးဝန်ကြီးဌာနသည် လာမည့် ဘတ်ဂျက်မှစ၍ ကာကွယ်ရေး အသုံးစရိတ်ကို လျှော့ချသုံးစွဲမည်ဟု သိရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် အရေးပေါ်မှ လက်နက်ဝယ်ကာ စစ်ရေးလေ့ကျင့်၍မရပါကြောင်း၊ တိုးတက်သော၊ ခေတ်မီသော လက်နက်များ ၀ယ်ယူထုတ်လုပ်ရန်၊ ခေတ်နှင့်အညီ စစ်ရေးအတတ်ပညာများ တတ်မြောက်ထားသော တပ်မတော်သားများမွေးထုတ်ရန် လိုအပ်ကြောင်းပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂၀၁၅-၁၆ မှစ၍ ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချရန် လွှတ်တော်သို့ တင်ပြထားခြင်းကို ရည်ရွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က “ကျွန်တော်တို့ လျှော့သုံးမယ်လို့ ပြောကြားထားတာတော့ မရှိပါဘူး။ ကျွန်တော်တို့ အနည်းဆုံးပဲ သုံးနေတာပဲလေ။ ကျွန်တော်တို့ဘက်က လွှတ်တော်ကို ဘာမှတင်ပြထားတာ မရှိပါဘူး”ဟု ယမန်နေ့က သတင်းထောက်အချို့၏ မေးမြန်းချက်ကို ဖြေကြားထားသည်။
၎င်းက “အခုကလည်း ဘတ်ဂျက်ကို အချိုးကျသုံးစွဲနေပါတယ”ဟု ဖြည့်စွက် ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီက ပြည်ထောင်စုလွှတ်တော်တွင် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ကန်ဒေါ်လာ ၂ ဒသမ ၃ဘီလီယံကို တောင်းခံခဲ့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံသည် ကန်ဒေါ်လာ ၅ ဒသမ ၃၉ ဘီလီယံနှင့် မလေးရှားနိုင်ငံက ကန်ဒေါ်လာ ၄ ဒသမ၂ ဘီလီယံသုံးစွဲသည်ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားထားသည်။
.. www.MyanmarExpress.net
4 comments:
ကာကွယ်ရေးဆိုတာ ခြံစည်းရိုးနှင့်တူသည်။ချမ်းသာသည့် နိုင်ငံ
အတွက် ကာကွယ်ရေးဟာ အရေးကြီးပေမယ့် အိသီးယိုးပီးယား
ထက် ပိုဆင်းရဲသည့် မြန်မာနိုင်ငံမှာ ကာကွယ်ရေးဟာလိုဝမလိုအပ်ပါ အလုပ်လက်မဲ့စစ်သားတွေ
အကျိုးမရှိတဲ့ စစ်ပွဲတွေကို တိုက်နေတဲ့ စစ်သားတွေ တစ်ယောက်မှမရှိရင်ပိုကောင်းတယ်။war world ခေတ်မဟုတ်ဘူး စီးပွားရေးခေတ်ပြန်ဖြစ်သွားပြီ။
ဟေ့ကောင် စဉ်းစဉ်းစားစားလည်းပြောဦး။ စစ်တပ်မရှိတဲ့နိုင်ငံဆိုတာ မင်းကြားဘူးလို့လား။
အထူးသဖြင့် မြန်မာပြည်လို ကမ္ဘာ့သောင်းကျန်းသူ အဖွဲ့အများဆုံးနိုင်ငံ။ ကမ္ဘာ့လူဦးရေအများဆုံး အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြားရောက်နေတဲ့နိုင်ငံ။ ပထဝီဝင် အနေအထားအရ လမ်းဆုံလမ်းခွနေရာမှာရှိပြီး နိုင်ငံရေးရော စီးပွားရေးဈေးကွက်အရပါ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတဲ့နိုင်ငံ။ အနောက်တံခါး အချိန်မရွေးကျိုးပေါက်သွားနိုင်ပြီး
လူမျိုခံနေရတဲ့နိုင်ငံ။ အာရှတိုက်ရဲ့ သယံဇာတ မှောင်ခိုဈေးကွက်ကြီး ဖြစ်နေတဲ့နိုင်ငံ။ လူမျိုးရေးဘာသာရေးစစ်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့နိုင်ငံ။ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ မထီမဲ့မြင်ရန်စခြင်း နယ်မြေအငြင်းပွား(လုယူ) ခြင်း၊ စစ်ရေးအားစမ်းခြင်းကို မကြာခဏခံနေရတဲ့နိုင်ငံ........အေး အဲဒီလိုနိုင်ငံတစ်နိုင်ငံမှာ တောင့်တင်းခိုင်မာတဲ့ စစ်တပ်တစ်ခုသာ မရှိဘူးဆိုရင် ဘာဖြစ်သွားမယ်ဆိုတာ ဦးနှောက်ရှိရင် စဉ်းစားကြည့်ပေါ့ကွာ။ စစ်တပ်ကိုမုန်းဖို့ပဲသိတဲ့ မင်းတို့ဖြုတ်ဦးနှောက်လေးတွေနဲ့ လူပြက်တွေပြောတဲ့စကားလောက်ကို အဟုတ်မှတ်ပြီး သံယောင်လိုက်မနေနဲ့။ ကိုယ်မလုပ်နိုင်ရင် အသာဘေးထိုင်နေ။ နိုင်ငံတော်အေးချမ်းလုံခြုံရေးအတွက် အသက်စွန့်ကာကွယ်နေတဲ့သူတွေကိုတော့ ကျေးဇူးမတင်ချင်နေ မစော်ကားနဲ့ကွ။ မသေမချင်းမှတ်ထား ခြံစည်းရိုးအရင်မခတ်ဘဲ တိုက်ကြီးဆောက်နေလို့ရမလား။
ပထ၀ီ အနေအထားကိုကြည့် နိင်ငံကိုလိုချင်တည့်သူတွေ အရမ်းများသည်။ အမေရိကန်က မြန်မာပြည် ရရင် တရုပ်.အိန္ဒိယနဲ့ သမုဓ္ဒရာကို ထိမ်းချုပ်ဘို့ အရမ်းလိုချင်နေတာ:
We must make our Tat-ma-daw modern and strong.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်