အခုတလော အင်တာနက်စာမျက်နှာအတော်များများမှာ ဟိုနေရာလည်းရေကြီးလိုက်၊
ဒီနေရာလည်း မြေပြိုလိုက်၊ လမ်းပိတ်လိုက် အမျိုးမျိုးတွေ့နေရတယ်။
ဘေးဒုက္ခဖြစ်တဲ့ နေရာတိုင်းမှာလည်း ဘယ်အချိန်ကြည့်ကြည့် တပ်မတော်သားတွေပဲ
ထိပ်ဆုံးက ကူညီလုပ်ကိုင်ပေးနေတာ တွေ့နေရတယ်။
တစ်ရက် မြို့ထဲက မြောင်းကို ရေစီးရေလာကောင်းအောင် ၀ိုင်းပြီး ဆယ်နေကြတဲ့
တပ်မတော်သား အရာရှိ၊စစ်သည်တွေကိုတွေ့တော့ မေးကြည့်တယ်။
အစ်ကိုတို့ဒီလိုဆယ်နေရတာ ဘယ်သူခိုင်းလို့လဲဆိုတော့ ခိုင်းမှလုပ်စရာလားဗျာ ၊ မြောင်းပိတ်လို့ဒုက္ခရောက်ရင် ကိုယ့်ပြည်သူတွေပဲ သွားရေးလာရေးအဆင်မပြေနဲ့
ဒုက္ခရောက်မှာ ငပွကြီးများလို့ဆိုချင်လည်းဆိုပေါ့ဗျာ၊ အများပြည်သူဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ ဘယ်နေရာ ဘယ်အချိန်မှာမဆို အမြဲရှေ့ဆုံးကရှိနေမှာပါတဲ့။
အမျိုးသားရေးလဲ အမျိုးသားရေးမို့ ..ဒိမိုကရေစီဆိုလဲ ဒီမိုကရေစီရေးမို့ .....
တိုင်းရင်းသားဆိုလည်း တိုင်းရင်းသားရေးမို့ ..
နေရာတကာ တပ်က မပါရင်မပြီးဆိုတာ သတိထားမိတယ်။
အဲဒီတော့ စိတ်ပေါက်ပေါက်နဲ့တွေးမိတာတစ်ခုက
" နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ
ကျရောက်လာလျှင် တပ်မတော်ကကူညီဆောင်ရွက်ရမည်။ "ဆိုတဲ့
ပုဒ်မ ၃၄၁ က တပ်မတော်သားတွေအတွက်တော့ အထူးတလည် လိုက်နာလုပ်ဆောင်စရာမလိုတဲ့ ပုဒ်မဆိုတာ ရှင်းနေတာပဲဗျာ...။
ပုဒ်မ ၃၄၁ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တပ်မတော်ကတော့ ပြည်သူလူထုဘေးဒုက္ခရောက်နေတဲ့အချိန်တိုင်းမှာ
ရှေ့ဆုံးကနေ အသက်ကိုပေးပြီး ကာကွယ်ကူညီပေးနေမယ်ဆိုတာကတော့ အသေအချာပါပဲ..။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်