From :
.. မဇ္ဈိမ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ပြင်ဆင်ထားသည့်အတိုင်း ပြည်သူ့လွှတ်တော်က ဇူလိုင်လ ၈ရက်က အတည်ပြုလိုက်ပြီ ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၇ ၌ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိပြီး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်ဟု ပြဋ္ဌာန်းထားသော်လည်း သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးက ကိုးဦးအား ရွေးချယ်ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် ညှိနှိုင်း၍ အဖွဲ့ဝင်တစ်ဦးကို ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၍ သဘောတူညီချက် ရယူမည်ဟု ၂၀၁၃ နှစ်ဆန်းပိုင်းက ပြင်ဆင်ခဲ့သည်။
အခြေခံဥပဒေဆိုင်ရာ ခုံရုံးကလည်း ဇွန်လ ၁ ရက်စွဲဖြင့် နိုင်ငံပိုင်မီဒီယာများ၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ထုတ်ပြန်ရာတွင် ပုဒ်မ ၆(ခ)တွင် ခုံရုံးဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ရန် ရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌတို့နှင့် နိုင်ငံတော်သမ္မတက သင့်လျော်သည်ဟု ယူဆသည့် နည်းလမ်းအရဖြစ်စေ ရွေးချယ်နိုင်သည်ဟု ပြန်လည်ပြင်ဆင်ရန် ကြိုးစားလာသည်။
ယင်းဥပဒေကြမ်းကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ဇွန်လ ၅ ရက်တွင် အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း ယင်းလ ၂၄ ရက်တွင် အမျိုးသား လွှတ်တော်က ယခင်လွှတ်တော်က ပြင်ဆင်ထားသည့်အတိုင်းအတည်ပြုကာ ပြည်သူ့လွှတ်တော်သို့ ထပ်မံပေးပို့ခဲ့ခြင်းဖြစ်သည်။
.. www.MyanmarExpress.net

.jpg)

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်