Subscribe to our RSS Feed

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာ ဆိုင်ခန်းများ ဖျက်ဆီးခံရ



ယမန်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရင်ဂါမလီခရိုင်၊ ပန်နာဆိုရီမြို့ရှိ ပန်နာဆိုရီဈေးအတွင်းသို့ ဂျမားအစ္စလာမ်မစ်အဖွဲ့ဟု ယူဆရသော လက်နက်ကိုင် ၁၀ ဦးခန့်ဝင်ရောက်၍ ဗုဒ္ဓဘာသာ လူနည်းစုများပိုင်ဆိုင်သော ဆိုင်ခန်း ၂၆ ခန်းအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကာလတန်ဖိုး စုစုပေါင်း တာတာငွေ သိန်း ၄၀ ကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ မီးရှို့ဖျက်ဆီးမှုနှင့်ပတ်သက်​၍ ဗုဒ္ဓဘာသာ လူနည်းစုများမှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် တန်ဖိုးများအား ပြန်လည်ပေးလျော်ရန်၊ ဆိုင်ခန်းများအား ပြန်လည်ပြုပြင်ပေးရန်နှင့် မွတ်စလင်အစွန်းရောက်များအား အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သဖြင့် ရင်ဂါမတီအုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဖုန်းဖြင့်ဆက်သွယ်၍ ဆောင်ရွက်ပေးရန် အကြောင်းကြားခဲ့ကြောင်းအစိုးရမှလည်း ရင်ဂါမတီခရိုင်၊ ခါဆိုရီခရိုင်၊ ဘန်ဒရာဘန်ခရိုင်တို့တွင် အကြမ်းဖက်နှိမ်နှင်းမှုများ စစ်ဆင်ရေးတစ်ခုအား
ယခုလ ၁၅ ရက်နေ့မှစတင်ကာ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေငြာခဲ့ကြောင်း သတင်းရရှိသည်။

1 comments:

ဒီသတင်းကို စာစောင်တွေထဲမှာ မတွေ့ပါလား။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကမီဒီယာတွေကပဲ လက်ဝါးကြီးအုပ်ပြီး
ပြည်သူကို သူတို့လိုချင်တဲ့ပုံစံခွက်ထဲ ရိုက်သွင်းနေကြတာပဲ။
နိုင်ငံအပေါ်သစ္စာမရှိတဲ့ စည်းကမ်းမဲ့မီဒီယာတွေ ကျဆုံးဖို့အချိန်တန်ပြီ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်