Subscribe to our RSS Feed

ဘင်္ဂါလီလူမျိုးများအနေဖြင့် ရိုဟင်ဂျာတိုင်းရင်းသားဟု သတ်မှတ်ထားမှုနှင့် နိုင်ငံရေးရည်မှန်းချက်များကိုရပ်တန့်ပြီး ဆွေးနွေးသင့်ကြောင်း ဒေါက်တာအေးမောင်တိုက်တွန်း

From : ..Eleven

ဘင်္ဂါလီလူမျိုးများအနေဖြင့် ရိုဟင်ဂျာတိုင်းရင်းသားဟု သတ်မှတ်ထားမှုနှင့် နိုင်ငံရေးရည်မှန်းချက်များကို ရပ်တန့်ပြီး ဆွေးနွေးသင့်ကြောင်း ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်က ဇူလိုင် ၁ ရက်က ပြောကြားသည်။

"ဘင်္ဂါလီက ဘင်္ဂါလီပါပဲ။ သူတို့က ဗမာပြည်မှာလာနေတယ်။ ဗမာပြည်ရဲ့သစ္စာခံပြီး နေရမှာပေါ့။ တိုင်းရင်းသားဆိုတဲ့ လိမ်ညာထားတဲ့ ရိုဟင်ဂျာဆိုတာကိုဖြတ်၊ နောက်ပြီး သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကိုဖြတ်။ ကျွန်တော်တို့ဆွေးနွေးမယ်။ တည်ငြိမ်တဲ့ပတ်ဝန်းကျင်ဖြစ်အောင် ကျွန်တော်တို့ဖန်တီးမယ်။ ခင်ဗျားတို့ဘ၀အတွက် လက်ဖြန့်တောင်းနေစရာမလိုဘူး။ ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်နိုင်အောင် ကျွန်တော်တို့ဖန်တီးမယ်။ အဓိက,ကတော့ စီးပွားရေးအဆောက်အအုံတွေ အစိုးရအနေနဲ့ ဖန်တီးပေးရမယ်" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

အိုင်အင်န်ဂျီအိုအဖွဲ့အစည်းများအပေါ် ရခိုင်လူမျိုးများ၏ အကြမ်းဖက်မှုပုံစံဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်ရသည့်အကြောင်းအရင်းများတွင် ယင်းအဖွဲ့များအနေဖြင့် တစ်ဖက်သတ်သွားနေသည့် ပုံစံဖြစ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ နှစ်ဖက်ကြည့်ရန်လိုအပ်ကြောင်း၊ အဆိုပါအဖွဲ့များအနေဖြင့် ရခိုင်လူမျိုးများ၏ ယုံကြည်မှုကိုရရှိရန် ဆောင်ရွက်သင့်ကြောင်း ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းမှုများရရှိနိုင်ရန်အတွက် ၀န်ကြီးချုပ်ဖြစ်လာသည့် ဗိုလ်ချုပ်မောင်မောင်အုန်း၊ အခြားအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အစိုးရအဖွဲ့မှ ၁၅ ဘီလျံချထားပေးသည်ဟု ပြောကြားကြောင်း သိရသည်။

"ဒီဆွေးနွေးမှုတွေမှာ ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ ချဉ်းကပ်မှုတွေဟာ ကောင်းမွန်ပါတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေကို ဘယ်လိုအကောင်အထည်ဖော်မယ်။ ဘယ်လိုအရေးယူမယ်ဆိုတာတွေကအစပေါ့။ ကျွန်တော်တို့ဒေသကတော့ လုံခြုံရေးက အဓိကကျပါတယ်။ လူမှုစီးပွားဘ၀ဖွံ့ဖြိုးအောင် ဘယ်လိုဆောင်ရွက်မယ်။ ငြိမ်းချမ်းတဲ့၊ တည်ငြိမ်တဲ့လူမျိုးနွယ်စု ပတ်ဝန်းကျင်ဖြစ်မှ တည်ဆောက်လို့အဆင်ပြေနိုင်မှာလို့ သူကပြောခဲ့ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့တွေ ကန့်ကွက်ခဲ့ပေမယ့် နယ်စပ်အရေးကိစ္စတွေကိုသိနေတဲ့သူ့ကို ကျွန်တော်တို့ လက်တွဲပြီး ဆောင်ရွက်သွားမှာပါ" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဗိုလ်ချုပ်မောင်မောင်အုန်းသည် တပ်မတော်မှလာသည့်အတွက် တပ်အင်အားရှိကြောင်း၊ ရခိုင်လူထုအင်အားနှင့် အစိုးရအင်အားပေါင်းပြီးဆောင်ရွက်ပါက ရခိုင်ပြည်နယ်အနေဖြင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးလာနိုင်ကြောင်း ဆက်လက်ပြောကြားသည်။

ဒေါက်တာအေးမောင်က "ကျွန်တော်အရင်က ရခိုင်နဲ့ပတ်သက်တဲ့အဆိုတင်ဖူးပါတယ်။ အဲဒီတုန်းက ဦးလှဆွေက ကန့်ကွက်ခဲ့ပါတယ်။ ဟိုတုန်းက ကန့်ကွက်ခဲ့တဲ့သူက အခုမှရုတ်တရက်ပြောင်းပြီး ဒီအဆိုကို ဘာကြောင့်တင်ခဲ့တာလဲ။ စဉ်းစားစရာပါ။ လွှတ်တော်မှာတင်တာကတော့ ပြည်သူလူထုသိအောင်လုပ်တာဖြစ်မယ်။ အစိုးရနဲ့ လွှတ်တော်ပူးပေါင်းမှုကို ထုတ်ဖော်ပြတာလို့ထင်တယ်။ ဒီအဆိုက ချိတ်ဆက်မှုတွေရှိတယ်။ ရွေးကောက်ပွဲနီးလေ ဒီလွှတ်တော်ကြီးမှာ မုန်တိုင်းလေးတွေ ထန်လာနိုင်တယ်။ လူမျိုးစုလွှတ်တော်ဖြစ်နေလို့ပါ။ ဒီဟာက နိုင်ငံရေးကစားကွက်၊ နိုင်ငံရေးဗျူဟာတစ်ခုဖြစ်လာမယ်။ နိုင်ငံရေးကစားကွက် အနုတ်အသိမ်းလေးတွေ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုစစ်စစ်အဖြစ် ပုံဖော်ချင်တယ်" ဟု ဆက်လက်ပြောကြားသည်။

ရခိုင်လူမျိုးများ နေရပ်စွန့်ခွာမှုများလာခြင်းမှာ စီးပွားရေးအလုပ်အကိုင်ရှားပါးခြင်းကြောင့်ဖြစ်ကြောင်း၊ တိုင်းရင်းသားများသည် တိုင်းရင်းသားဒေသများတွင်သာ ပျော်ရွှင်စွာနေထိုင်ချင်ကြကြောင်း၊ ရခိုင်ပြည်နယ်သည် ပင်လယ်ထွက်ပေါက်ရှိကြောင်း၊ အဆိုပါအားသာချက်များကို ပြည်ထောင်စုအစိုးရအနေဖြင့် အသုံးမပြုခဲ့သည်မှာ အံ့သြစရာဖြစ်ကြောင်း၊ စီးပွားရေး လွတ်လပ်ခွင့်ချထားပေးရန်လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

ဇွန် ၂၃ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၂ မှ ဦးလှဆွေက ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ နေပျော်လာရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အခြေအနေတစ်ရပ်ရပ်ကို ဖန်တီးဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်းအဆိုအား တင်သွင်းခဲ့ကြောင်း သိရသည်။


.. www.MyanmarExpress.net
 

2 comments:

ဒေါ်စုက ပြည်ပရောက်မြန်မာနိုင်ငံသားများနဲ့ တွေ့ ဆုံပွဲတွေမှာ
သက်ဆိုင်ရာအိမ်ရှင်နိုင်ငံနဲ့  ဥပဒေများကိုလေးစားလိုက်နာကြဖို့ 
အမြဲတိုက်တွန်းပြောကြားခဲ့ ပါသော်လည်း မြန်မာနိုင်ငံဘင်္ဂါလီ ကုလား မွတ်စလင်များကို သွေးထိုးမြှောက့် ပင့် ပေးနေတာ ပြည်ထောင်စုစစ်စစ်ပုံဖေါ်ရေးကို ဖျက်ဆီးရာရောက်နေပါတယ် ။

စိစစ်တာကအကောင်းဆုံးပါ၊ နိုင်ငံသားဖြစ်ခွင့်မရှိသူကို ကန့်သတ်နယ်မြေမှာပဲနေထိုင်ခွင့်ပေးရမယ်၊ နိုင်ငံသားဖြစ်ခွင့်မရှိသူ
နိုင်ငံတိုင်းမှာသန်းနဲ့ချီရှိတယ်။ အမေရိကမှာဆို ဆယ်သန်းမကရှိတယ်၊
ခိုးဝင်လာသူတွေဖြစ်တဲ့အတွက် လူအခွင့်အရေးသမားတွေကလဲ ဖိအားပေးလို့မရဘူး။ လူအခွင့်အရေးဆိုတာ လူဖြူ တွေခေါ်လာတဲ့ လူမည်း ကျွန် တွေ ကြောင်းပေါ် ပေါက် လာတာ။ခိုးဝင်လာသူအတွက် လူအခွင့်အရေး ဆိုတာတရားမဝင်းဘူး။
ဒါကိုကုလားတွေ ကောင်းကောင်းသိတယ်။ ဒါကြောင်း ကုလားတွေက တိုင်းရင်သား
ဖြစ်ချင်ကြတယ်၊ တိုင်းရင်းသားဖြစ်ရင် အလိုအလျောက်နိုင်ငံသားဖြစ်သွားမယ်။ တိုင်းရင်း
ဖြစ်ဖို့အတွက် ရိုဟင်ဂျာလို့ အမည်ခံတာဖြစ်တယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်နှစ်ပေါင်း ၁ဝဝ ကျော်အုပ်ခဲ့တာပဲ။ သူတို့အုပ်ချုပ်တုံး ရိုဟင်ဂျာ လိုမခေါ်ပဲ ဘင်္ဂလီလို့ဘာကြောင်း
ခေါ်ဝေါ်သုံးခဲ့တာလေ။ အင်္ဂလိပ်ဟာ တိကျတဲ့လူမျိုးဆိုတာ တစ်ကမ္ဘာလုံးသိပါတယ်။
မှတ်တမ်းမှတ်ရာမှာအလွန်တိကျတဲ့လူမျိုးပါ။ပြည်ပ မီဒီယာတွေဟာ လိမ်လည်ပြီး သမိုင်းကို ထင်ယောင်ထင်မှား လုပ်နေတာ အလွန်ရှက်ဖို့ကောင်းပါတယ်။
ယောင်ဝါးဝါး လုပ်တတ်တဲ့ မီဒီယာသမားက ရှက်တတ်ရင် အသက်နဲ့ခန္ဓာကို
လှဲသင့်တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်