From : ခေတ်လူငယ်
မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတိုဆိပ်ရပ်ကွက် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခြင်းသည် ပရဆေးများ၊ ဓာတုဗေဒပစ္စည်းများ၊ ယင်းနှင့် ဆက်စပ်သည့် ပစ္စည်းများကြောင့် ပေါက်ကွဲမှု ပြင်းထန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ဖြစ်ပွားပြီးနောက် စက်မှုဝန်ကြီးဌာနမှ တာဝန်ယူပြုစုရေးသားလျက်ရှိသော ဓာတုဗေဒပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၏ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတ ဥပဒေအကြံပေးအဖွဲ့၏ အကြံပြုချက်ရယူနိုင်ရန် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားကြောင်း သိရသည်။ လတ်တလောအခြေအနေများအရ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ပရဆေးများ သိုလှောင်ရာ ဂိုဒေါင်များမှ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း၊ ရွှေသန့်စင်ရာတွင် အသုံးပြုသော တားမြစ်ထားသည့် ဆိုင်ယာနိုက် ဒြပ်ပေါင်းသုံးစွဲသဖြင့် ပတ်ဝန်းကျင်တွင် အန္တရာယ်ကြီးစွာ ဖြစ်ပေါ်လာနိုင်၍ ထိန်းချုပ်ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းရန် လိုအပ်မှုရှိသည်ဟုဆိုသည်။ သို့ပါ၍ ပြည့်စုံသော ဥပဒေကြမ်းတစ်ရပ် ဖြစ်လာစေရေးအတွက် ဥပဒေပညာရှင်၊ ဓာတုဗေဒပညာရှင်၊ ကျန်းမာရေးပညာရှင်၊ ဆေးဝါးပညာရှင်၊ မူးယစ်ဆေးဝါး ကျွမ်းကျင်ပညာရှင်နှင့် အင်ဂျင်နီယာပညာရှင်စသည်တို့ ပေါင်းစပ်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်း၍ ပြင်ဆင်ဖြည့်စွက်ကာ မူကြမ်းတင်ပြရန် လမ်းညွှန်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်